Monday, November 5, 2012
စက်ဝိုင်းတပြတ် (လူလူလက်ျာ)
သံချက်ဟောင်းတွေအပြည့်နဲ့ နံရံတခုရဲ့  ရင်မှာ
ပတ်တီးစတွေလိုက်ထားလိုက်ပုံများ
ဘ၀နဲ့ လောကကို အမောဖောက်ရုံနဲ့  ခွဲခြားနိုင်တယ်
ဆန့် တငံ့ငံ့ ဆန့် တငင်ငင်
သည်ရင်အုံအကြိုအကြား ပွားများစရာ သိပ် မရှိ
နှိပ်ကြယ်သီးတလုံးရဲ့ တပ်မက်မှုက သည်လို
' ထောက် ' ဆိုတဲ့အသံလေးနဲ့ 
ဘ၀တခုကို စလိုက်ချိန်မှာ ဘ၀က ကိုယ့်ကို အပြီးသတ်သွားခြင်းဘဲ
ဒါကိုပြောတာ
လေလွင့်ချိန် သိပ် မရလိုက်
နင့်နင့်နဲနဲ ရှိတယ်
သိပ်သိပ်သည်းသည်း ရှိတယ်
နောက်မြီးပါးဖိနပ်ကို ကုပ်ကပ်တွယ်တက်စီးနေရတဲ့ဘ၀လို
ဘ၀ကို ဘယ်လို ခံစားရသလဲ
အာရုံသိ နိမိတ်ပုံထဲမှာ ' ကားစင် 'က မွေးရာပါအမှတ်အသား
နောက်မြီးပါးခြင်းအတူတူ တရံပြီး တရံ
ဖလင်တကွက်ချင်း ဖြတ်ခနဲ ဖြတ်ခနဲ ပြောင်းစီးရတဲ့အရသာ
လောက က မကောင်းဆိုးဝါးတကောင်လို ချိုစိမ့်နေမှတော့
ဘ၀ကူးကို အဲဒီလိုပြောင်းချင်တယ်
မဟောင်းသေးတဲ့ လှည်းလမ်းကြောင်း
လက်စမသတ်နိုင်တဲ့ မြစ်တစင်း
exit မဲ့ မိုးကောင်းကင်
အတောမသတ် ကိုယ့်ကိုယ်ကိုယ်ဆက်ဖောက်နေရတဲ့ စိမ်ရည်
ကျိန်စာအတိုက်ခံထားရတဲ့ ကျိန်စာ
မြို့ ရိုးပျက်ကို ငုံထားရဆဲ ကျုံး
မသောက်ဘဲ မူးနေရတဲ့ ၀ိုင်ပုလင်းဘူးဆို့ 
ချောင်ထဲပိတ်မိနေတဲ့ ထောင့်
ကန်ရေပြင်မှာ သူရှိကြောင်း ထ ထ ပွက်ပြနေရတဲ့ ငါး
သံယောဇဉ်စကားတွေ မဆိုချင်တော့ဘူး
သံချက်ဟောင်းတွေ အပြည့်နဲ့ နံရံတခုရဲ့  ရင်မှာ ....။..............။
လူလူလက်ျာ
8:44 pm
2.11.2012
Subscribe to:
Post Comments (Atom)
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...
-
“ဒဏ္ဍာရီတွေ အစက ဒိုင်ယာရီ “ လို့ဆိုရမလား ၊ သမီး ရက်စွဲတွေ “တစ်ထေရာတည်း“ ခဲ့တာ ၊ ဒီစာရွက်လေးက ခေတ်ရဲ့ မြူမှုန်ပိုင်းတစ်ပိုင်း ... အဖေ က တ...
-
မဖြစ်နိုင်မှန်းသိနေလည်း ညီမလေးဖျှော်ပေးမယ့် ကော်ဖီတစ်ခွက်ကိုပဲ ဆာလောင် တောင့်တ... မဆုံနိုင်မှန်းသိနေတာတောင် ညတွေဆို ကော်ဖီတစ်ခွက်က...
-
ယုံကြည်ချက်ကြောင့် လမ်းပေါ်ရောက်သူများကော ယုံကြည်ချက်ကြောင့် လမ်းဘေးရောက်နေသူများပါ လူစုံတက်စုံပါဝင်လာတဲ့ ပြည်သူ ၀က်ဝက်ကွဲ ဆုတောင်းပ...
No comments:
Post a Comment