Friday, December 21, 2012

လျှောက်လမ်းးးးး(မှူးသစ်)


သစ်ပင်၊မြက်ပင်ကလေးတွေ ရေလောင်းဖြစ်သေးလား
*ညနေခင်းလေး ဘုရားကျောင်း ခေါင်းလောင်ထိုးသံလေးတွေ* နားထောင်ဖြစ်သေးလား
ဂစ်တာတွေ မတီးဖြစ်ဘူးး ညနေညနေဆို စာအုပ်အငှားဆိုင်ကလေးလည်း လူပါးနေရော့မယ်
အဲ့ဒီလို အစာအိမ်ထဲ ဖိသိပ်ထည့်ထားရတဲ့ ညနေခင်းတွေဟာ ခေတ်နဲ့ သဟဇာတ ဖြစ်မှုမရှိ
အချိန်တွေအတွက် ကိုယ့်ကိုယ်ကိုယ် ပြန်လှည့်ပေးနေရလောက်အောင် အရသာပျက်
တစ်ယောက်ကိုတစ်ယောက် ပစ်ပေါက်လိုက်တဲ့ "တောက်"ခေါက်သံတွေလို
ခင်များတို့ကျွန်တော်တို့လက်ရေးတွေဟာ တစ်ပုံစံထည်းဖြစ်နေတဲ့အထိ အသေ

ရေအိုးကလေးရွက်လာရင် အဲ့ဒါ ပန်းချီကားလေး တစ်ချပ်လို့ပဲ ထင်နေလိုက်ရ
ဟွန်းသံမလွတ်တဲ့ လမ်းဘေး လ္ဘက်ရည်ဆိုင်/ ယမကာဆိုင်ထဲမှာ
ညှော်နံထွက်နေတဲ့ စကားလုံးတစ်ချို့ အစွန်းထွက်လာ
မြေကြီးငတ်နေတဲ့ ခြေဖ၀ါးတွေက အရင်ကလောက် ဂိုးသွင်းမကောင်းနိုင်တော့ဘူး
ခရီးတွေ ဘာတစ်ခုမှ အမှတ်မရ    နေ့တစ်နေ့ရဲ့ ဖြစ်ရိုးဖြစ်စဉ် အသက်ဆက်မှုတွေဟာ
အွန်လိုင်းနဲ့ ဘတ်စ်ကားပေါ်မှာတင် အလင်းအမှောင်တို့ ကျိုးကြခဲ့ရတယ်
*ကျောင်းပြေးလို့  အကောင်းဆုံးနေရာဒေသတွေဟာ ကောက်ရိုးပုံနဲ့ စပါးခင်း* လို့ ကျွန်တော်ပြောရင်
ခေတ်ကြီးက အံ့သြနေလိမ့်မယ်(တကယ်တော့ ၀ါသနာပါရင် ခင်များ ဂျွမ်းထိုးနိုင်ပါတယ်)
စိတ်လွတ်ကိုယ်လွတ် လမ်းတွေလျှောက်နေလည်း ဟွန်းသံတွေက မလွတ်ပြန်ဘူး
လူတွေနဲ့ ဝေးးဝေးး လာ ခေတ်ရှေ့ကလွဲရင် တစ်ခြားနေရာတွေကိုသာ ပြေးသွားချင်မိ
ဂျင်းပင် ကြပ်ကြပ် ၀တ်ဆင်ထားတဲ့ ကောင်မလေးတစ်ယောက်ဟာ
နှုတ်ခမ်းနီ ဆိုးမထားလည်း ကမ္ဘာကြီးကို လှပနေစေပါတယ်လို့ ခေတ်ကြီးက ပြောလာတိုင်းး
ကျွန်တော့်မှာ *ခြောက်တန်းကျောင်းသူလေးတစ်ယောက်ရဲ့ ပါးကွက်ကြား ရနံ့လေး*ပဲ ပိုပို လွမ်းဆွတ်နေမိ။


                                                                                                                                                      မှူးသစ်

                                                                                                           အမှတ်တရ အချို့ဖြင့်ရေးသည်။

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...