Friday, December 21, 2012

ဆင်းရဲသားဇာတ် တဲ့ ကလိုက်ကြစို့ သူငယ်ချင်း (မောင်မြတ်သူ)


ဘာပဲလုပ်လုပ် ကံကြီးထိုက်တော့မယ် က လာလာ ရက်စက်တယ် ထွက်သွားတဲ့

လင်ငယ် / မယားငယ် ကားက ငါ့ကို ၀င်ဝင်တိုက် ဆွဲဆုတ်ခံလိုက်ရရှာတဲ့

မိသားစု ဓါတ်ပုံလေးမှာ အဖေနဲ့အမေက လက်တွဲကာ ပြုံးပြုံးကြီး

တစ်နေ့ကတင်ပဲ မူးမူးနဲ့ အိမ်ပြန်လာပြီး သတ်ကြသေးတယ်

တစ်နေ့ကတင်ပဲ ဟုမ်းမိတ်တွေကို ပလေးဘွိုင်းမှာကြေညာထည့်မယ် လုပ်ကြသေးတယ်

တစ်နေ့ကတင်ပဲ ကိုယ့်ပေါင်နာတော့ သူ့ပေါင်ထောင်းကြ ထုကြ ဆော်ကြ နှက်ကြ


အသစ်မလုပ်တော့တဲ့ ကဗျာပဲ ဘာကြောင့်ဖြစ်လဲ ရေးသူက အဆစ်ငုတ် အမြစ်ငုတ်ဖြစ်နေတဲ့လူ

မိသားစု ဆိုကတည်းက ချိုချဉ်စပ်ခါး မျှော်လင့်မထားဘူးကျချင်ရာကျ ဒေါင်းချင်ရာဒေါင်း

နှိုက်နှိုက်အမြည်းခံရတဲ့ အခြေအနေကသာ ငါတို့ကို မီးကင်းကြေးခက်ခဲရ ဘဲဥ၀ယ်ဖို ခက်ခဲရ

ခွေးစာစားဖို့ ခက်ခဲရ အိမ်လခ ပေးဖို့ ခက်ခဲရ ကိုသာ ဖြစ်စေတယ် ။ ပြန်မလာတော့ဘူးကွယ်

ဂုစ္ဆာမရယ်။ နင့်ရဲ့ တင်ပါးပြဲပြဲကြီးကို ရင်မခုန်တော့ဘူး ၊ ငါတို့က နန့်လို့ပေါင်းသင်းခဲ့ကြတာ

အခန့်မသင့်ရင် ထိုးကြ ကြိတ်ကြ အော်ကြ ဟစ်ကြ ဆဲကြ ဆိုကြ ပျော်ကြ ပြဲကြ

ကလေးက ကလေးလိုနေ လူကြီးတွေကြားဝင်ဝင်မပါနဲ့ မသာလေးရဲ့ နင့်ပထွေးဘက်က နင်နာပေးစရာမလိုဘူး

မအေပေးလေး မင်းကဘယ်လောက်တတ်လဲ စောက်ခွက်ကို ဖြတ်ရိုက်လိုက်ရ

စောက်ခွက်ကို ဖြတ်ရိုက်မခံရပါပဲနဲ့ ပထွေးဘက်က ခဏခဏ ၀င်ဝင်နာရတဲ့

အောက်တန်းကျလှတဲ့ မူလတန်းကျောင်းသားဟာ ပွင့်လင်းမြင်သာမှုနဲ့ အယုတ်တမာဖြစ်ရ

နောက်ပိုင်းမှာ ဘာသာတရားတွေ ဘာသာစကားတွေကပဲ လူလာလာသတ်

ချစ်စ ခင်စ ကြင်နာစ စတာတွေက နားမလည်နိုင်စရာပဲ။

ခွေးကမွေးတဲ့ ခွေးသား အထီးမှန်းမသိ အမမှန်းမသိ တော်သလင်းခံရတာများတော့ အင်္ဂါ

ဇာတ်က နာနေပြီ ပြီးတော့ ဘူမသိ ကိုးမသိ။ ဘိုင်ဘိုင် တာ့တာ လာခဲ့အုံးလေ သားကြီးရာ

မာရှီတွေ တထပ်ကြီး မင်းဖို့ပဲ သန်းခေါင် မတိုင်ခင် ညဥ့်နက်ချင်သလောက်နက် ပျက်စီးစမ်းပါ အပျော်တမ်းပေါ့

ဘယ်လောက်များ ပျက်မှာလဲ ပျက်အစဉ် ပြင်ခဏပေါ့ ဂုစ္ဆာမက မွေးတဲ့ ဂုစ္ဆာထီးလေးဟာ အဖေရင်းက ပထွေး

ကြိုက်သလောက်ပျက် ကျသလောက်ရှင်း ကြုတ်ကျက်လိ ကြည့်ကျက်လုပ် ကြည့်ကျက်ရွှိုက်

12345.. 12345 ..54321 ..54321 ... action မနာနာအောင် ကတဲ့ဇာတ်မှာ ကိုယ်ဟာ အယ်ဒီတာ။

  • မောင်မြတ်သူ

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...