Tuesday, December 25, 2012

မချိန်းဘဲတွေ့ခဲ့ကြသည် - ၂ ( ကောက်ကွေ့)

ကျူရှင် နှင့်တွေ့ရန် စိတ်လိုက်မာန်ပါ မရှိခဲ့သော ကျွန်တော်သည် စိတ်လိုလက်ရဖြင့် “အချိန်မှန်“  အား “၀“ အောင် ကြည့်၏။ ညနေလေးနာရီခွဲတွင် ကျွန်တော် စိတ်ဝင်စားသော မြန်မာစာ ၊ ကောင်မလေးတစ်ယောက်။ စာသင်ခန်းအတွင်း လေ့ကျင့်ခန်းစာအုပ်ပေါ်တွင် အကြည့်အားဘေးမျဉ်းတားရန်မလို။ အင်္ကျီအရောင် တူသည့်နေ့တွင် ဇီဝဗေဒ ကဲ့သို့ ကျက်စာမျိုး သင်ရမည်ဆိုပါက သင်ခဲ့ရသလောက်စာ တို့ ပြတ်ကျသွားနိုင်ဖွယ်ရှိသည်။ ခုံနံပါတ် အသေမရှိသော လပတ်စာမေးပွဲတို့တွင် တိုက်ဆိုင်မှု အမှတ်စဉ်တို့အား အသေရရ အရှင်ရရ ရှာဖွေနေမိသည်။ ရာသီဥတု သည် သာယာသည့်အချိန်တွင် သာယာရျှ် အုံ့မှိုင်းသည့်အချိန်တွင် အုံ့မှိုင်းနေတတ်သည်မဟုတ်ပါလား။ သင်္ချာအား ကျှ်နည်းဖြင့်တွက်ကိုတွက်ရမည် ဟူသော အစဉ်အလာတို့အား သလပ်သွားသောလေမှာ ကျွန်တော်ဖြစ်သည်… သင်္ချာ သည် စည်သွပ်ဗူးမဟုတ်။ထို့ကြောင့် မိုးရာသီ ကို ကျွန်တော် မုန်းခဲ့ဖူး၏။ ဘောလုံးကန်ချိန်မရခြင်းကြောင့် ဟု ဆိုကာ မယောင်ရာဆီလူးမိလိုက်သည်။ သူကတော့
တံစက်မြိတ်အောက်သို့ ခုန်ချလာသော ရေစက်ရေပေါက်များ ကို ပင် လက်ပေါ်တွင် တင်ကြည့်နေလိုက်သေးသည်။ ပိန်းကြာရွက်ပေါ်တွင် ရေမတင်သည့် ကြော်ငြာမှာ ဒီကိုလ်ဂျင် ဖြစ်သည်။ မနာလိုဝန်တိုမှု များ မဆီမဆိုင် မှ ၀ယ်ယူစားသုံးမိရျှ် ပေါက်ပြဲခဲ့ရသော စာရွက်ဖြူဖြူများ မနည်းမနော။ လူကောင် ခပ်ညှက်ညှက်နှင့် အတ္တတစ်ခွဲသား ၊  ပညာရေး နှင့် နှလုံးသားရေးအား အချိုးအဆ ကျကျ ရောစပ်တတ်ရန် ဘ၀ တွင် လိုအပ်သည်မဟုတ်ပါလား။ ပြောသာပြောရသည်။ ပထမပိုင်း လေးဆယ့်ငါး ထိုနည်းလည်းကောင်း ဒုတိယပိုင်း သည် ဒိုင်လူကြီး ၏ ၀ီစီတွင်သာ ရှိသည်။ ခံစားစရာရှိသည်ကိုခံစားပစ်လိုက်ချင်သည် … ပြီးမှ … ။ မိုးရာသီတွင် သာမက မည်သည့်ရာသီတွင်မဆို သတိထားရမည့် သွေးလွန်တုပ်ကွေးသည် မနာလို/၀န်တို မှု။ ဘုရား ၊ တရား ၊ သံဃာ အား နှုတ်ခမ်းမှ ကြက်တူရွေးတစ်ကောင်ကဲ့သို့ ထုတ်လွှတ်နေသောကာလ။ညှိရျှ်မရသော Equation များ သင်သည့်အချိန်တွင် ကျွန်တော် ၊ သူမ ကြား ဓာတ်ကု ပစ္စည်းလှလှ တစ်ခု ရှည်မျောမျော တြိဂံနှင့်တကွ ရှိပြီးဖြစ်သည်။ အချစ်(သို့)အချစ်ဟုထင်ရသည့် အနေနီးသော သံ(ယောဇဉ်)လိုက်ဆွဲအား။
                          “ကျောင်းဖွင့်တဲ့နေ့ပေးမယ်ပြောတယ်“။
ကျောင်းဖွင့်ချိန်တွင် အင်္ကျီအဖြူလက်ရှည်တစ်ထည်အား ကျွန်တော် ကိုယ့်နည်းကိုယ့်ဟန်နှင့် ပိုင်ဆိုင်ခဲ့၏။
ထို အင်္ကျီတွင် ကော်လာ ၊ ဆံပင်ကုတ်/စကား ၀ဲ ။ Arrow အမှတ်တံဆိပ် အိတ်ကပ်အထက်တွင် ပါသည်ကို ကျွန်တော် သတိလက်လွတ်မေ့လျော့ခဲ့ဟန်ရှိ၏။ ပျော်ရွှင်နေချိန်တွင်“ခဲ“ရန်မေ့နေတတ်သည်မှာ လူ့သဘာဝလား ၊ ရေခဲသဘာဝလား ကျွန်တော် မသိပါ။ ဗလာစာအုပ်မျက်နှာဖုံးများ ရွေးချယ်ခြင်းဖြင့် အလုပ်ရှုပ်နေတတ်သော ကျောပိုးအိတ်အတွင်း အံဝှက်ဇစ်ဆွဲတစ်ခုနေရာလပ်နေသည်။ သူမ အတွက် မဟုတ်ပါ။ ၁၂ နာရီးထိုး ခေါင်းလောင်းသံအား အချိုတတည်းစေမည့် ချောကလက်သကြားလုံးတချို့(အတွက်)။ သူ ပေးလာမည့် တစ်ဦးတည်းသော ဓာတ်ပုံ(အတွက်)။ ကျောင်းဖွင့်မည့်နေ့တွင် မိုးများ ဇိုးဇိုးဇတ်ဇတ် ရွာချလာသည် … လူကြီးများပြောသကဲ့သို့ မိုးရာသီကို ရွှေချထားဖို့ ကောင်းတယ် ဟု ဆိုရမလိုလို။ ဆန္ဒ သည် ချင်စိတ် ဟု ကြားဖူး၏။ ခိုးစားရသော မုန့်တို့သည် အရသာပိုရှိသည်မဟုတ်ပါလား။ ကျွန်တော်နှင့်သူ အကြည့်တစ်ချပ် အား ခဏခဏ မကုန်နိုင် မခမ်းနိုင် ခိုးစာကြသည်။ စာတစ်တန် ပေတစ်တန် သည် လေ့ကျင့်ခန်းစာအုပ် နောက်ကျော အား ခို/တွယ်စီးရျှ် အိမ်ဦးနှင့်ကြမ်းပြင် ၊ မဟုတ် ၊ ခုံတည်းရှည်နှင့်ခုံတန်းရှည် အား လူးလာဖြတ်ကူးနေ၏။ နှစ်ဦးသဘောတူ စားမှသာ အချစ်မုန့်၏ အရသာ အမှန် ကို ရင် က တွေ့မည်မဟုတ်ပါလား။ အချစ်အား အဓိပ္ပာယ်ဖွင့်ဆိုရန် နှလုံးသားတပ်ဆင် လူသားတို့ တိတိပပ မတတ်နိုင်ခဲ့ ၊ ရိပ်ဖမ်းသံဖမ်းဖြင့် ကြိတ်မှိတ်ဖျစ်ညှစ်ရျှ် ဖွင့်ဆိုနေသူများ ကို လည်း အပင်ပန်းခံကာ သွားတိုက်ဆေးဖိုး မကုန်စေလိုတော့။ တတ်ကျမ်းများ ခေတ်မှီလာဟန်ရှိသည်။ ရှားပါးစာအုပ်များအား ပြန်လည်ထုတ်ဝေမည့် တိုက်တစ်ခုသာ ရှိမည် ဆိုလျှင် … ။ အချစ်သည် တစ်ယောက်တစ်ဝက် စား/ရှု/သောက် ရသည့် ခုန်ဆွဆွ မုန့်တစ်ချပ်ဖြစ်သည် ဟု ကျွန်တော် ပေမရှည်လိုတော့။ အချစ်သည် … ခေါင်းရင်းအိမ် မှ မကြာ မကြာ တူးတတ်သော အကူကောင်မလေး ၏ နာမည် … မျက်နှာလွှဲရျှ်မရသော ထိုအိမ်မှအိမ်တော်ထိန်း … ။ ယခင်က အုန်းသီးလုပ်ငန်းအသေးစား လုပ်ကိုင်သူတို့ ရောင်းချပြီး ပြောင်းရွှေ့လာသူတို့ဖြစ်ကြသည်။ အချစ်သည် … …။ ဆေးဆိုးပန်းရိုက်လုပ်ငန်းတစ်ခု၏ ဆိုင်းဘုတ်/လက်ကမ်းကြော်ငြာ မဟုတ်သည်မှာ သေချာသည်။ အချစ်သည် … …။ ကျွန်တော် ပေမရှည်လိုတော့ … ။
                              လေ့ကျင့်ခန်းစာအုပ်နောက်ကျော ၊ နေ့ခင်း (၁၂)နာရီ ၊ မနက် (၉)နာရီ ၊ ညနေ (၃)နာရီ၊ ဖယ်ရီကား ၊ ဘော်ဒါဆောင် ၀ရံတာ ၊ ကွန်ကရစ်လမ်း ၊ အချစ်။ ထိုနေ့က ဘော်ဒါမှ ဖယ်ရီကားလာမကြိုသဖြင့် အဆောင်နေ ကျောင်းသား/သူတို့ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ပြန်ကြရသည်။ ဘော်ဒါ ၊ ကျောင်း ၊ ဘော်ဒါ စက်ဝိုင်းအတွင်းမှ ထိုသူတို့သည် ရပ်ကွက်ထဲမှ လမ်းတို့အား အနံ့ပင်ခံဖူးဟန်မတူ။ စက်ဘီးကယ်ရီယာပေါ်တွင် ၊ ရှေ့ခြင်းထောင်းထဲတွင် ၊ “မောတော့ မောတာပေါ့ ဒါပေမဲ့ မမောဘူး“ အသံသည် စမုတ်တံများ လည်ရာမှ ထွက်လာ၏။ ဆိုက်ကား ၊ ဘတ်စ်ကား ၊လေယာဉ် … စသည် တို့အား သွားမည့်ခရီး အတိုင်းအတာဖြင့် အဖိုးအခပေးချေကြရသည်မဟုတ်ပါလား။
“ကျေးဇူးပဲ“ ထက် ပိုသော အနမ်းတစ်ကဒ်(နှုတ်ခမ်းတစ်စုံပါရျှ်) အင်္ကျီအိတ်ကပ်ထဲ ထည့်ပေးခဲ့သည်။အေးစက်လက်ဖျား ဖြင့် နဖူးမှဆံစ …။ အဘယ်ကြောင့် ပါးဖောင်းဖောင်းတို့အား မနမ်းခဲ့ … စက်ဘီးလေး က တီးတိုးပြောနေသည်။ မိုးဖွဲဖွဲ တို့ ထိုနေ့တွင် ပိုရျှ် အေးနေသလိုလို ၊ အာရုံခံစားမှု နာဗ့် တို့ လိုသည်ထက်ပိုရျှ် တောင့်တနေသလို။ ဗိုက်ဆာသလို ၊ ရင်ပြည့်သလို ၊ … သလိုနှင့်။ ကျောင်းစိမ်းနှစ်စုံတွင် မမြင်နိုင်သော ဓာတ်ဆွဲအား တို့ စွန်းထင်းခဲ့၏(မူလအဖြူရောင်အတိုင်း)။မိုးစက်များ ရွာသံသည် တဒုတ်ဒုတ်ဖြင့် … ထိုနေ့မှ တဒုန်းဒုန်းဖြင့် …။ စက်ဘီးလေး က အပြစ်တင်ရျှ် မဆုံးတော့ ။ ဘရိတ်ကြိုးသည် လူတို့တွင် လိုအပ်တတ်သည် မဟုတ်ပါလား။
                                ပွင့်လင်းလာသော လူနေမှုစနစ် ၊ မြန်မာ့အစဉ်အလာဓလေ့ထုံးတမ်း ဘာညာဘာညာ ။ မည်သည်က အိနြေ္ဒ ၊ မည်သည် က သူငယ်ချင်း/ချစ်သူ ၊ မည်သည် က မောင်ရင်းနှမ ခွဲခြားရန် ခက်ခဲလွန်းသည် ။ ကျွန်တော့် သက်တမ်းကြောင့်လား ... မသိ? ။ ခုံတန်းရှည်တို့သည် ဇာတ်စင်၊ မင်းသားများ ၊ မင်းသမီးများ ပွဲကြည့်ပရိသတ်ကင်းမဲ့စွာဖြင့်။ အချိတ်အဆက်မိမိ သွားလာနေသော နာရီစင်တွင် စက်သွားတစ်ခု၏ လုပ်ငန်းတာဝန်သည် ယင်းစက်သွား၏ အရွယ်အစားနှင့် မဆိုင်။ ပွဲလန့်တုန်းဖျာခင်း စကားပုံအား ချန်ထားခဲ့သည့် ပညာရှိအား ကျေးဇူးအထူးပင်တင်ရှိပါကြောင်း။ ကျွန်တော့်တွင် လူကောင်ခပ်ညှက်ညှက် တွင် ထိုစဉ် က အရိပ်မရှိ ... အသားခပ်မည်းမည်းနဲ့ အတ္တသာ ပုံပျက်ပန်းပျက် အရိပ်အစားထိုး ထွက်၏။ “နင် ဘယ်ယောက်ျားလေးနဲ့မှ စကားမပြောနဲ့“ အား မင်နီဖြင့် အမိန့်စာဆန်ဆန် တစ်ဖက်ခုံတန်းသို့ ကြော်ငြာခဲ့သည်။ ပုံစံခွက်ဖြင့်ပစ်ပေါက်သူ ကို လွတ်လပ်သူ (၀ါ) လွတ်လပ်ရေးရပြီးသောနိုင်ငံတွင် စား/၀တ်/နေ သည့် မည်သည့် လူသားကခံနိုင်ပါမည်လဲ။ လွတ်လပ်မှု ကို မြတ်နိုးသူ ... လွတ်လပ်မှုတွင် စည်းတားထားသော ကမ်း ရှိပါသလား ။ လွတ်လပ်ရေးရအောင်တိုက်ယူခဲ့သော သူရဲကောင်းမှာ “သီဟတင်စိုး“ ဖြစ်သည်ဟု ဆိုသူတို့အား “လွတ်လပ်မှု“ အကြောင်းမမေးမြန်းလိုတော့။ လွတ်လပ် မှ လွှတ်လပ် ... လွှတ်လပ် မှ လစ်လပ် ။ အပေါ်ယံအကာအမိုးသဖွယ် အသုံးပြုရန် လွတ်လပ်မှု ဖွားတော်မူလာသည်မဟုတ်။ ထိုထက်ပိုပင်ပိုနိုင်သေးသည် မဟုတ်ပါလား။အဆက်အစပ်မဲ့စွာ အတ္တကြီးနေစဉ် ဖျာဝင်ခင်းနေသူအား အမှိုက်ပုံအသက်ဝင်လာသလိုတွေ့ရ၏။ သူ့ဘက်မှကြည့်လျှင် ထိုသူသည် ရေသန့်စက်ရုံပိုင်ရှင်၏သား ရေသည်ယောက်ျားသည် တစ်ကိုယ်လုံး မျက်နှာဖုံးကြီးသည် သိုးလေးသည် သနားစဖွယ်။ မိန်းမသားတို့သည် ယောက်ျားတို့ထက် သနားကြင်နာတတ် ... အဟက်ဟက် ... “သင့်“ စကားလုံးအား သုံးခွင့်ပြုပါ။ ကျွန်တော့်ဘက်မှ ကြည့်လျှင် ထိုသူသည် အလယ်တန်းမှစရျှ် ကျောင်းနေဘက် သူငယ်ချင်း ဘောလုံး ၊ ဂိမ်းခလုတ် ၊ မြေခွေး ၊ ကားမောင်း/လမ်းလျှောက်။ အနားကပ်ခွင့်မရခဲ့။ “ရော်ဘင်ဟု“ အား စနိုက်ဘာဖြင့် လုပ်ကြံခိုင်းမည် သို့သော် ထွက်ကျလာသော နှာခေါင်းသွေးစက်များ။ သံယောဇဉ်ကြိုး တွင် အရိုး ရှိ/မရှိ .ကျွန်တော်မသိပါ ။ သံယောဇဉ်ကြိုးဆိုသည်မှာ အရိုးပွရောဂါဖြစ်နေသော သားရေကွင်း။ စာသင်ချိန် အနားပေးသောအခါ ထမင်းဗူးဖွင့်သူက ဖွင့်သည်။ ထမင်းစားခန်း ၀င်သူက ၀င်သည်။ မိုးသည် အော်ဂလီဆန်ဖွယ် ရွာနေ၏။ စက္ကူလှေတို့အား အကြောင်းပြချက်မရှိ ခေါက်သည် ၊ နာမည် အစ စာလုံး နှစ်ခု + ရျှ် ရေမြောင်းတွင်း သို့ (ထီးမပါဘဲ) ရေကူးစေ၏။ စက္ကူလှေထဲတွင် ဂျက်စပဲရိုး မပါ ၊ ခုန်ချသွားခဲ့ဟန်ရှိသည်။ တလှုပ်လှုပ် ရွေ့သွားသော စက္ကူလှေသည် မြင်ကွင်း မှ နစ်မြုပ်သွားသည်။ ကိုယ်ထည် ခပ်ကြီးကြီး ရေစီးကြောင်း တို့ မရမက ဆွဲခေါ်သွားခဲ့သည် ကို ... ။ ဆင်ခံတွင်းနှင့်နှမ်း  ၊ ပက်သူတို့ကြားမှ ဆက်သွယ်မှု သည် “ကိုယ့်အထွာနှင့်ကိုယ်(သင်္ချာပုံစံဖြင့်ဖော်ပြရန် သင်္ကေတ ရှိ/မရှိ?)“။ “အကြောင်းမဲ့သော တရား သည်မရှိ“ ဟု အရှင် အဿဇိ (ပဉ္စ၀ဂ္ဂီငါးပါးထဲတွင် အငယ်ဆုံးရဟန်း) မှ ဥပတိဿ (ရှင်သာရိပုတ္တရာလောင်း ) အား ဟောခဲ့ဖူးသည်။ ဟုတ်သည် အကျိုး သည် အလွမ်း ဟု ဆိုသော် အကြောင်းသည် ... မသဉ္စာသည် ...
                                                              အကျိုး က အလွမ်းဆို
                                                                   အကြောင်း က နင် ပဲ။
          မတောင်းဘဲပေးသည်ဟူရျှ် ဒီဇင်ဘာ နှင့်တကွ ဖြတ်စာ … ဟု ကင်ပွန်းတပ်ရမည့်စာ။ မည်သူ့ကိုမှ ရေခဲမုန့် မကျွေးဖြစ်ခဲ့ … အိမ်မှထည့်ပေးလိုက်သော ညစာ ဟင်းတို့သည် မူရင်း ထည့်ပေးလိုက်သည့်အတိုင်း နဂိုရည်ပင်မပျက်။ နှုတ်ခမ်းတစ်လက် အပျိုရည်ပျက်ချိန်တွင်ဖြစ်၏။ ချစ်သည် သည် ချစ်ခဲ့သည်ဖြစ်ကြောင်း ။ စွံ့အသွားသော လူ့ဆည်းလည်းတစ်စုံဇာတ် ခေတ်စား နေချိန်။ ဒီဇင်ဘာသည် ကျွန်တော့်နာမည်နှင့် စာတစ်အိတ်အား သယ်ဆောင်လာ၏။ ထင်ထားသည်ထက် ပိုရျှ် ကျစ်လျစ်စွာ ဖွဲ့စည်းထားသော ၀ါကျ ၊ B.y.e အား အသံပင်မထွက်တတ်တော့သော ကျွန်တော် ၊ ၀ါကျတို့သည် စာရွက်အတွင်း (သို့) “မောင်“ မခေါ်တော့သော ပြန်စာအတွင်းမှ ဗျည်း၊သရတို့ဖြင့် ကုတ်ဖဲ့ဖျက်ဆီးနေ၏။ ပူနွေးသော ဒဏ်ရာတို့ဖြင့် သွေးသံရဲရဲ နှလုံးသား စာကြည့်စားပွဲပေါ်သို့ ပျို့အန်ထွက်လာသည် ကို မြင်သော ဒီဇင်ဘာသည် “မင်းနလန်ထမှငါတို့စကားပြောကြတာပေါ့“ ဟု ဆိုကာ ပြတင်းပေါက်မှထွက်သွားသည်။ “ဒီစာ နင်ဖတ်ပြီးရင် နင်နဲ့ငါ တစ်ယောက်ကိုတစ်ယောက်မသိတော့ဘူ“ သည် နောက်ကျော - Idiots သီချင်းစာသား ဖြစ်ဟန်မတူ ။ ဒီဇင်ဘာကျောင်းပိတ်ရက်မတိုင်မီ ဒုတိယနှစ်ဝက် ကျောင်း/ကျူရှင် စာမေးပွဲတို့အား မည်သည့်နေရာမှ “စ“ ကိုင်ရမှန်းမသိ။ ကျောင်းသား/သူ တစ်ယောက် ၏ စာမေးပွဲရဒ်သည် ကျောင်းသူ/သား တစ်ယောက် အပေါ်တွင် မူတည်သည်ဟု ဆိုသော် … ။ စာမေးပွဲမဖြေဖူးသော ဘောပင်အသစ်တစ်ချောင်းသည် ၊ အထစ်ထစ်အငေါ့ငေါ့သည် ၊ ကျွန်တော်သည် … ။
          သစ္စာဆိုသည်မှာ စောင့်ထိန်းခြင်း ဟု ခပ်ရေးရေး နားလည်ခဲ့သော လူငယ်တစ်ယောက် လမ်းဘေးခွေးတို့နှင့် ပေါင်မုန့်ထိုင်စားသည် ကို အမေတစ်ယောက်များ မြင်တွေ့သွားခဲ့သည်ရှိသော် ဂုဏ်ယူစေလိုပါသည်။ ၁၅၀၀ ၊ ၅၂၈ စသည်ဖြင့်တို့အား ကန့်သတ်ပိုင်းခြားခြင်း မပြုလိုတော့။ “မှန်ကန်ခြင်းနှင့်ရဲရင့်ခြင်း“ သည် ကျွန်တော် သောက်သော အန်နာဗွန်စီ ဖြစ်သည်။ သစ္စာဖောက်သည် ဟု ဆိုချင်သည် ၊ သို့သော် သေသပ်ပိရိစွာ လုပ်ကြံခံခဲ့ရသည်မဟုတ်ပါလား။ မီးပုံပွဲအလယ်တွင် တံစို့ထိုး အကင်ခံရသော ၀က်တစ်ကောင် သည် နာကျင်/ပူလောင်ခြင်းအတွက် အသံပြုဟစ်အော်နိုင်စွမ်းမရှိတော့။ အသံဆိုသည် အသက်ရှိသူတို့နှင့်သာ သက်ဆိုင်သည်။ မဟုတ်ပါလား? ။ “နင့်ကိုချစ်တုန်းက သူ့ကို ငါ မချစ်ဘူး ၊ နင့်ကို မချစ်တော့မှ ဖြတ်ပြီးတော့မှ သူ့ကို ငါချစ်တာ … ဘာလဲ… သစ္စာဖောက်တယ်လို့ ပြောချင်လည်းပြောလေ“ သည် ရှင်းပြလိမ့်မည် မဟုတ်သော တနင်္ဂနွေနေ့တွင်ပြီးဆုံးခဲ့ပြီဖြစ်သော ဘောလုံးပွဲတစ်ပွဲ ။ သစ္စာ ဆိုသည်မှာ … ဆောင်းမနက်ခင်းမြူဝါးဝါးကြားတွင် အမှိုက်မီးရှို့လေ့ရှိသော လမ်းထိပ်ဆောက်လက်စ တိုက်ခံအိမ်မှ ရွေဘော်ကိုင်လက်သမား ၏ အောက်ဆိုက်အပိုငွေ ဖန်တီးမှု။
          အစွန်းရောက်သူ၏ အတ္တအတွက် အပြစ်အား မည်သူစီရင်ချက်ချခဲ့သနည်း။ ယင်း အပြစ်အား ဖြိုဖျက်ရန် တူတစ်ချောင်း ကိုင်စွဲသင့်ပါလျက် … သံလျက် ကို မချစတမ်းကိုင်စွဲမိခဲ့သည်။ ယခုတော့ ဘာဆိုဘာမှမလိုတော့ ။ မြို့ရိုးအတွင်း အတ္တအင်္ဂတေအသုံးပြုခဲ့မိရာ … ။ “ငါ တောင်းပန်ပါတယ်“ သည် သူ့အတွက် “ဟာဒယရွှင်ဆေး“ ။ အချစ်သည် မြင့်မားလွန်းသည့် ၀ရံတာဖြစ်သည်။ မပျံနိုင်တော့သော ပြန်စာဖြစ်သည်။ “မုန်းသွားခဲ့ပါပြီတဲ့ မုန်“ ယိုနေသော ဆင်တစ်ကောင်သည် ပေါ့ပါးသွက်လက်စွာဖြင့် တွင်းခေါင်းကြွက်သား အပေါ်တွင် ရင်ခုန်နှုန်းဖြင့် ထပ်တူထပ်မျှ ခုန်ပေါက်နေသည်။ ဓာတ်ပုံ ဓာတ်ပုံ ဘယ်မှာလဲ? ။ နှစ်နားညီတြိဂံ သည် သုံးပွင့်ဆိုင်ဇာတ်လမ်းတစ်ပုဒ်အတွက် လက်ကမ်းကြော်ငြာမဟုတ်။စာမေးပွဲအောင်စာရင်းမထွက်မီအချိန်တွင် မသဉ္စာ အောင်စာရင်းထွက်ခဲ့ပြီးပြီ။ ဖြေဆိုသူ(၂)ဦးတွင် ကျရှုံးသူ(၂)ဦးမရှိနိုင်။ ကျရှုံးသူတိုင်းသည် အရှုံးသမားမဟုတ်။ မဟုတ်ပါလား? ။ အကောင်းဆုံး အရှုံးသမား ၊ ကျွန်တော် ၊ “ကြိုးစားရန်လိုသေးသည်“(မှတ်ချက်)။ သရုပ်ဆောင်မကောင်းခဲ့ရျှ် (၀ါ) သရုပ်မှန်ဝါဒ အား မချွတ်တမ်း ၀တ်ဆင်ခဲ့မိရျှ် အနားသိမ်ကျန်ရစ်ခဲ့သော အပယ်ခံအနား။ ပွဲတော်အတွင်းတွင် ပျော်ရွှင်မှု သည် ဖိနပ်ပြတ်သွားခဲ့ဟန်ရှိ၏။ ခြေဗလာဖြင့် အအေးဓာတ်သည် အပူသည် အား တိုးမပေါက်ရျှ် ရှုံ့မဲ့နေသော ဂျိုကာတစ်ကောင်အလား ခေါင်းကုတ်နေသည်။ ကျွန်တော်မရယ်ဖြစ်ခဲ့။ တံခါးခေါက်သံအား ကြားရုံမျှဖြင့် ဒီဇင်ဘာမှန်း ကျွန်တော် သိသည်။ ကျွန်တော်တို့ စကားပြောဖြစ်ကြသည်။ အကြောင်းအရာ(တို့)မှာ အေးချမ်းခြင်း ၊ ချမ်းအေးခြင်း ၊ အေးတိခြင်း ၊ အေစက်ခြင်းနှင့် … ရေခဲတိုက် စသည်ဖြင့်။

                                                         “အေး မိုးကောင်းတုန်းရွာထားကြ ၊ ငါ့အလှည့်ကျ မိုးကြိုးပါပစ်ချမယ်“။
ဆံပင်ရှည်ရှည်နှင့် ဒီဇင်ဘာသည် ကျွန်တော့် စကားအား ခေါင်းငုံ့ရျှ် တခွိခွိ သဘောကျနေသယောင် (သို့) လှောင်နေသယောင်။ “ခက်တာပဲ မင်းနဲ့တော့“ သည် ကျွန်တော် နားမလည်သော မြန်မာစကားဖြစ်သည်။ ခင်ဗျားသိလျှင် ကျွန်တော့်အား ရှင်းပြပေးစေလိုပါသည်။
                   သူ က သူငယ်ချင်းများ ခိုးကြောင်းခိုးဝှက်သယ်လာပေးသော စာရွက်တိုတိုထဲတွင် ကျွန်တော့်အား “မောင်“ ဟု ခေါ်သည်။ ရုပ်ရှင်များထဲမှအတိုင်းဆို ထိုအခန်းသည် သူ့အသံနှင့် အသက်ဝင်လာမည့် ဇာတ်ဝင်ခန်း။ ယခုတော့ စာရွက်လေးများ စကားမပြောကြတော့။ မျက်စိနာနေဟန်ရှိသည်။ နှစ်နှစ်ခန့်ကြာခဲ့သော အချိန်တွင် အငွေ့အသက်ဟောင်းများ အား အသစ်စက်စက် မှတ်ရျှ် ပြန်ဖတ်မိ၏။ ပိုးဟပ်တစ်ကောင် စာအုပ်စင်ကြားမှ အိပ်ချင်မူးတူးဖြင့်ထွက်လာသည်။ ဘာ ! (မဖြစ်နိုင်တာ) ။ မည့်သည့်အကြောင်းနှင့်မျှ ထိုလေသံ အား တစ်ထပ်တည်း … ။ စာရွက်များထဲမှတစ်ရွက် တွင် “မောင်“ တစ်လုံး ပျောက်ဆုံးနေ၏။ ပိုးဟပ်များ စကားပြောတတ်ကြသည်ဟု မကြားဖူး။ တတွတ်တွတ်ခေါ်နေသည် ။ ဘာ ! ။  “မောင်“ ဟုတ်လား? ။ကျောင်းတွင်း ဘောလုံးကွင်း (ကစားကွင်း)ရှိသည်။ ကျောင်းတွင် ပန်းခြံမရှိ။ ကျောင်းတွင် ကော်ရစ်ဒါရှိသည်။ လှေကား သည် စာသင်ဆောင်အား ဘိုင်အိုနှင့်အီကိုအား အလယ်ခွဲ ခွဲထားသည်။ ကျွန်တော် ၊ သူ A နှင့် Z ကဲ့သို့ အစွန်းနှစ်ဖက်တွင်ရပ်ကာ ဘောလုံးကွင်း ၊ ကော်ရစ်ဒါအား ပန်းခြံလုပ်ချိန်းဆိုခဲ့ကြသည် ၊ မဟုတ် ၊ မချိန်းဘဲတွေ့ခဲ့ကြသည်။ သကြားလုံးများ ရောင်စုံထွန်းထားသော မုန့်ဈေးတန်း ၊ အအေးပုလင်း(အခွံ) တို့ဖြင့် လက်တန်း လုပ်ထားသော မုန့်ဈေးတန်း။ ကျောင်းစိမ်းနှစ်စုံ လက်တွဲလမ်းလျှောက်ခန်းသည် အသံတိတ်ဇာတ်ဝင်ခန်း။ ဒုံးယိမ်းကနေသော ပန်းခင်းထဲမှ လက်ကိုင်ပ၀ါဝှေ့ယမ်းနေသော သက်ရှိပန်းပွင့်သည်၊ သူ။ စက်ဘီးရှေ့ခြင်းတောင်း ၊ နောက်ခုံကယ်ရီယာ ၊ အတ္တတို့အား ဖြုတ်ချနိုင်သလောက် ဖြုတ်ချခဲ့ပြီးပြီ။ သူ့ နာမည်အစ စာလုံး အား Correction Pen ဖြင့် ထွင်းထားသော လက်ကိုင်ပ၀ါတစ်ထည်။ ကျွန်တော့် စက်ဘီး လည်း တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည် မှာ သုံးနှစ်တိတိရှိပြီဖြစ်သည်။ ထို့နောက် “အေးခဲခြင်း“ သည် ဒီဇင်ဘာနှင့် ကြက်တွန်သံတိုင်အောင် ပြောဖြစ်ခဲ့သောအကြောင်းအရာ။
                   သူသည်မည်သည့် ပြဿနာအတွက်မျှ ရှင်းပြလေ့မရှိ။ ရှင်းပြစရာမလို ဟု မှတ်ယူထားသည့်ပုံစံ။ မရှင်းပြခြင်းအတွက် ကျေးဇူးတင်ပါသည်။ မင်္ဂလာဆောင်ဖိတ်စာ တစ်စောင်သည် ရှင်းပြလျှင်လည်း ဘာမှမထူးတော့ ၊ ရှင်းပြမည်လည်းမဟုတ်တော့။ ကျွန်တော် သည်းခံကျင့် ပါရန် ကြိုးစားခဲ့သည်မှာ … ။ ကတိသည် flexible … ။ အချိန်အတိုင်းအတာတစ်ခုအတွင်း ဆုံဖြတ်ရမည့် နှုတ်စကား …။ တည်ပုံတည်နည်းနှင့် တည်နိုင်သော ကတိတို့နှင့်သာ …. ။
                                






ဒီဇင်ဘာနှင့်ကျွန်တော် တွေ့သာတွေ့ဖြစ်ခဲ့ကြသည် ၊ စကားမပြောဖြစ်ကြ ။ ယခု ၂၀၁၂တွင် လည်း ထိုနည်းလည်းကောင်း။ စာဖတ်ဝါသနာ မျိုးစေ့အား စာကြည့်စားပွဲတွင် ၊ ခေါက်ကုတင်တွင် ၊ သိသင့်သည်များ ကို သိခဲ့ပြီး ပိုသိသင့်သည်များ ကို ပိုသိခဲ့ပြီးပြီ။ ခေါင်းစဉ်ပေါင်းစုံတည်ရျှ် ၊ ကော်ဖီတစ်အိုး(ကုန်လျှင်ထပ်ဖြည့်ရန်)တည်ရျှ် ၊ ဆေးပေါ့လိပ်တစ်စည်းတည်ရျှ် ၊ ည လုံးပေါက်တည်ရျှ် စကားဖောင်ဖွဲ့ချင်သေးကြောင်း ၊ တန်ဆောင်တိုင် ၊ သီတင်းကျွတ် ၊ သင်္ကြန် ၊ (၁၂)လရာသီပွဲတော် ၊ လက်ဘက်ရည်ဆိုင် ၊ နေရာမရွေ့သော ခွေးခြေ ။ သွားရောက်လည်ပတ်ရန် နေရာများ ရန်ကုန်နှင့်မြန်မာနိုင်ငံတွင် ဒုနှင့်ဒေး သော်လည်း … ၊ ချစ်သူများနေ့ပါမရှောင် လွယ်အိတ်တစ်လုံး တွဲသွားတွဲလာပြုလျက် ။ ဆယ်ကျော်သက် သံလမ်း အား ဖြတ်ကျော်မောင်းနှင်သွားခဲ့သော ရထား(ကောင်း/ဆိုး)တို့အကြောင်း။ ဘူတာတို့အကြောင်း၊ ဘ၀သံသရာသီချင်းအကြောင်း … အကြောင်း။ အကြောင်း ကင်းသော တရားဟူသည်မရှိ(တဲ့)။ တစ်ယောက်နှင့်တစ်ယောက် မချိန်းဘဲတွေ့ခဲ့ကြသည်။ မဟုတ်ပါလား? ။ မဖြစ်ခဲ့သော် ပျက်စရာမရှိ။ မဟုတ်ပါလား ? ပွဲတော်ရက် ဆိုသည်မှာ ရောင့်ရဲတတ်မှု အား စာအုပ်ပုံကြားတွင် သိုဝှက်ထားသည်ဟု ဆိုသဖြင့် … ။ လူများအသက်ကြီးလာခြင်း ကြောင့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးလာသည်ဟု ဆိုသော် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု  …. ဆိုသော်။ ? ။
                   ဒီဇင်ဘာသည် ဆန္ဒပြပွဲအတွင်း လမ်းလျှောက်ရျှ် လိုက်ပါသွား၏။ သွားစရာရှိသည်ကိုသွားနေကြသည့် ကား၊လူ၊ငှက်၊စက်မတပ်ယာဉ် … ။ သေမင်း အား “သေမှအားမည်လား“ ဟု မမေးလိုတော့။ ထိုမေးခွန်းသည် မအားမလပ်ရှိသူတို့အတွက် မဟုတ်ပါလား ? ။ ပဉ္စရူပနှင့်တွေ့ခဲ့ပြီးပြီ  ဆရာသစ္စာနီနှင့်မတွေ့ဖူးသေး။ “သင်သေသွားသော်“ ကို ကျက်ရန် ပျင်းခဲ့သူသည် ဆရာဇော်ဂျီနှင့်တွေ့ချင်သည်ဟု ဆို၏။ ယနေ့သည် သောကြာနေ့ဖြစ်သည်။ နိုင်ငံတော်သီချင်းအား ငြိမ်သက်စွာ သီဆိုသူတို့အတွက် ဂုဏ်ယူမိပါသည်။ လမ်းထိပ်တွင် ရှိသော လမ်းညွှန်ဆိုင်းဘုတ် ၊ ထိုဆိုင်းဘုတ် အနောက်သို့ ယခုအချိန် မျှော်ကြည့်လျှင် လက်တွန်းလှည်းတစ်စင်းတရွေ့ရွေ့နှင့် လမ်းလေးအား ကမ်းကပ်လာမည်။ တွန်းလာသော လက်နှစ်စုံ တို့ သည် လူ့သက်တမ်းတစ်ခုတွင် အကြောပင်ပေါ်နေသည်။ တစ်အိမ်ဝင် တစ်အိမ်ထွက်ဖြင့် ရောင်းရျှ်ရသော တိုလီနှင့်မိုလီ မောင်နှမအား လှည်းပေါ်တင်ရျှ် ခေါ်ဆောင်သွားမည်။ ဒါန အချဉ်ပေါက်သူတို့ က သဒ္ဓါသရွေ့ ပေးကမ်းကောင်းပေးကမ်းကြမည်။ သားသမီး ရှိ/မရှိ ဓာတ်တိုင်များပင်မသိ ၊ ထို့ကြောင့် ကျွန်တော်လည်း မသိပါ။ ဇရာလက် နှင့် တတိယအရွယ်လက် တို့သည် တစ်ယောက် ကို တစ်ယောက် ဖေးကူရင်း လမ်းလေးကို ကျော်လွန်သွားသည်။ လက်တွန်းလှည်းပေါ်တွင် စွမ်းအင်အရင်းအမြစ်တစ်ခု တည်နေသည်ဟု ဆိုလျှင် ကျွန်တော့် အား ရယ်သွမ်းမသွေးကြပါနှင့်။ အဘိုးနှင့် အဘွား မချိန်းဘဲတွေ့ခဲ့ကြရာ ၊ ပထမဦးဆုံးအကြိမ် ဆုပ်ကိုင်ခဲ့သော လက်တို့ ၏ ရင်တွင်းခံစားချက် သည် ယခုလက်တွန်း ပေါ်မှ လက်တို့၏ ခံစားချက်အတိုင်း။ ယနေ့ သည် ကျွန်တော် ဂရုစိုက် စောင့်ကြည့်လေ့ရှိသော သောကြာနေ့ဖြစ်သည်။ ယနေ့သည် ငေးကြည့်အားကျရသော သောကြာနေ့ဖြစ်သည်။ ချစ်စထုံးနှောင် အင်္ကျီအား မချွတ်တမ်း ဆင်တူဝတ်ဆင်ခဲ့ကြသည်မဟုတ်ပါလား ။ မချိန်းဘဲတွေ့ခဲ့ကြသည် ။ ကျွန်တော် “အားကျရုံ“ အတွက် “ပီတိ ကေ“ ညှပ်လိုသည်။ တန်းဆွမ်းကြွလာသော သံဃာတို့အား လက်အုပ်ချီဦးတိုက်ရျှ် မထနိုင်သေးသော အဘွား အား အဘိုး က … ။ လက်တွန်းလှည်းလေး သာ ကျွန်တော် ဖြစ်လျှင် ။ ကျွန်တော့်တွင် ချစ်စထုံးနှောင် အင်္ကျီမရှိပါ ၊ ကျွန်တော့်တွင် ဆင်တူဝတ်ဆင်ဖော်ဝတ်ဆင်ဖက် မရှိပါ ။ ကျွန်တော့်တွင် လွယ်အိတ်တစ်စီး နှင့် စက်ဘီးတစ်လုံး ၊ … မှလွဲရျှ် … မရှိပါ။
                                         အော် … သူတို့ သုံးယောက်သည် မချိန်းဘဲတွေ့ခဲ့ကြသည်ပင်။ ဇာတ်ပေါင်းခန်းမပါမှန်းသိရက်နဲ့ ဒီဇာတ်လမ်းထဲ ကျွန်တော် ၀င်ထိုင်မိပါတယ်။ ဒီဇင်ဘာ ကျွန်တော့် ကို ဘယ်တော့များမှ Off မှာ ။  ? ။
 




 ကောက်ကွေ့





   

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...