Tuesday, December 25, 2012
အဲဒီည.....(ရွှေဖယောင်း)
မှောင်မိုက်မှုထဲကညတညရဲ့စူးစူးဝါးဝါးအော်သံတစ်ခု
မျက်နှာကိုတေ့ထားတဲ့လက်သီးကိုထိုးချလိုက်
စူးစူးရှရှမျက်ဝန်းတွေထဲမှာဘာကိုရှာဖွေတွေ့လိုက်မိလဲ
ဆုပ်ထားတဲ့လက်တွေထဲမှာသည်းခံခြင်းတွေကသိပ်သည်းသထက်သိပ်သည်းလာ
ထွက်လုဆဲဆဲစကားတွေကိုသွေးတွေစီးကျလာထဲ့အထိဖိကိုက်လိုက် ရနံ့ဝါ
သက်ဦးဆံပိုင်အတွေးတွေကမထိတထိ ရိတိတိ ဟားတိုက်ရယ်မော
ဝင်သက် ထွက်သက်
နောက်တခေါက်ပြန်စ ၀င်သက် ထွက်သက်
ဒါဏ်ချက်ကြောင့် ဒါဏ်ရာဖြစ်တယ်
အရှိန်ပြင်းပြင်း ပဲ့ထွက်လာတဲ့ ဂြိုလ်အစအနတွေလာလာစိုက်တဲ့အခါ
တဖြည်းဖြည်းကျယ်လာတဲ့ ရင်ဘတ်ကဟောင်းလောင်းပေါက်က
သွေးစိမ်းရှင်ရှင်တွေစီးစီးကျလာတတ်တယ်
ခနော်နီခနော်နဲ့ အသက်ရှုသံတွေနဲ့အသက်ဆက်နေဦးမလား
လေးဘက်လေးတန်ပိတ် ရိုက်ချက်ပြင်းပြင်းကြောင့်
နေ့သစ်တွေတောင်အင်္ဂါမစုံတော့ဘူး ရနံ့ဝါ
မျက်နှာကိုမော့ အသက်တချက်၀၀ရှုပြီး
(၆) ထပ်တိုက်ပေါ်ကခဏခဏခုန်ချကြည့်တယ်
အဲဒီမှာအဆုံးသတ်တစ်ခုများရှိနေမလား
ဦးနှောက်သေးသေးလေးထဲအသိဥာဏ်တွေထည့်ပေးခဲ့တာကို
ဒီတခါတော့ကျေးဇူးမတင်ချင်ဘူး မေမေ
ရှိုက်သံတစ်ချက်မထွက်ပဲ တလှိမ့်ချင်းဆင်းလာတဲ့မျက်ရည်
ဘာလို့နားလည်မှုနဲ့သည်းခံမှုအချိုးတကျရှိမနေရတာလဲ
တစတစအရေထူလာတဲ့အခါဥပက္ခာတရားစတင်တွေ့ရှိလာ
၂၁ မှာမပျက်ခဲ့တောင် ၃၁ မှာငါ့ကမ္ဘာကိုဖျက်ပေးပါ
ညဟာညထဲမှာ….…။ ။
ရွှေဖယောင်း
Subscribe to:
Post Comments (Atom)
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...
-
“ဒဏ္ဍာရီတွေ အစက ဒိုင်ယာရီ “ လို့ဆိုရမလား ၊ သမီး ရက်စွဲတွေ “တစ်ထေရာတည်း“ ခဲ့တာ ၊ ဒီစာရွက်လေးက ခေတ်ရဲ့ မြူမှုန်ပိုင်းတစ်ပိုင်း ... အဖေ က တ...
-
မဖြစ်နိုင်မှန်းသိနေလည်း ညီမလေးဖျှော်ပေးမယ့် ကော်ဖီတစ်ခွက်ကိုပဲ ဆာလောင် တောင့်တ... မဆုံနိုင်မှန်းသိနေတာတောင် ညတွေဆို ကော်ဖီတစ်ခွက်က...
-
ယုံကြည်ချက်ကြောင့် လမ်းပေါ်ရောက်သူများကော ယုံကြည်ချက်ကြောင့် လမ်းဘေးရောက်နေသူများပါ လူစုံတက်စုံပါဝင်လာတဲ့ ပြည်သူ ၀က်ဝက်ကွဲ ဆုတောင်းပ...
No comments:
Post a Comment