Tuesday, February 19, 2013

(ကောက်ကွေ့ )



Installation Art နှင့်သက်ဆိုင်ရာ ပစ္စည်းများ စရိတ်စက သက်သာနေသောကာလ ဖြစ်သော်လည်း ဖန်တီးသူအနုပညာရှင်တို့ လက်ငါးချောင်းပင် ဆန့်ရန်ခက်ခဲ့သည့်အချိန်။ ယခင့် ယခင် က Installation Art ပေါက်ကွဲမှု သည် ကမ္ဘာ့မျက်နှာပြင်အနံှံ့အပြားသို့ရိုက်ခတ်ခဲ့သည်။

                              Anatomy အား ကိုယ်ထူကိုယ်ထလေ့လာရင်း နှစ်ကာလများ ကို အစမ်းသပ်ခံ သတ္တ၀ါတစ်ကောင်အဖြစ် စူးစမ်းလေ့လာခဲ့သည်။

                              ခရီးသွားကုမ္ပဏီတစ်ခုတွင် ကြွက်တစ်ကောင်အတွက် လစာသည် Jerry အား ကျွေးရန်ဒိန်ခဲဖိုး ၊ ထိုထက်ပင် ပိုရှ်ျလျှံနေလေသေးသည်။ အမျိုးအနွယ် အား ပေးကမ်းစောင့်ရှောက်ခြင်း သည် မင်္ဂလာမည် ၏ ဟု ဆိုသော်လည်း မည်သူ့ ကို စောင့်ရှောက်ရှ်ျ မည်သူ့ကို ပေးကမ်းရမည်နည်း။ ဖြေစရာမလိုသော မေးခွန်းများစွာရှိပါသည်။ ပန်းဆိုးတန်းစာအုပ်မြို့တော်နှင့် ဆူးလေ ခုံးကျော်တံတားတို့တွင် လမ်းလျှောက်ရခြင်း ကို ပိတ်ရက်တို့ နှစ်သက်ခဲ့၏။ ခိုများအား အစာကျွေးရန် တကူးတက မြို့ထဲသို့ လာရန် မလိုတော့။ ခိုစာကျွေးသူနှင့် ခိုများ မရှိတော့သောကြောင့် ခိုးစာရောင်းသူများ နယ်မြေသစ်ရှာရန်ထွက်သွား၏။ နံရံပေါ်ရှိ ခိုရုပ်ပုံအား ဖိနှိပ်ရျှ် တိရိစ္ဆာန်အစားအစာ အရောင်းဆိုင်များ ကို ဆက်သွယ်ကာ မိမိနှစ်သက်ရာအရေအတွက် ပီပီသသရွေးချယ်ကာ မည်သည့် တိရစ္ဆာန်မဆို အစာကျွေးနိုင်သော ကာလ။ ဆောက်လုပ်ရေးလုပ်ငန်းများ သည် ၀န်ဆောင်မှုအနေနှင့် ရှေးခေတ်မှမိမိ တို့ Crazy ဖြစ်သော ပုဂ္ဂိုလ်တို့၏ ရုပ်တုများ  ကို ပင် ထည့်သွင်းပေးလေ့ရှိသည်။ အဆောက်အဦး ဒီဇိုင်း များ ကို ရာသီဥတု အခြေအနေပေါ်မူတည်ရျှ် ဆွဲစရာမလိုတော့။


                             မောင်ချောနွယ်ရုပ်တုအား ကျွန်းသားဖြင့် ထုလုပ်ပေးခဲ့သော ဈေးကြီးပေးလိုက်ရသည့် ပန်းပုပညာရှင်အား မကျေနပ်။ ရေသားဖြင့် ထုလုပ်ပေးစေချင်သည် ဟု ပြောခဲ့သော်လည်း ... ၊ စိုက်ထူပြီးမှ ပြန်ဖျက်ရျှ်လည်းမရ ၊ မဟုတ် ၊ ရသည် ၊ မောင်ချောနွယ်သည်မသေ ၊ ထို့ကြောင့် လေးစားအားနာနေမိသည်။ မောင်ချောနွယ် သည် ရေပေါ်မြို့ မဟုတ်ပါလား။ ဖော်ဝေးငှက်များပျံသန်းသွားသည်ကို လည်းကောင်း ၊ ဂန္တ၀င်မမ ဖြတ်လျှောက်သွားသည်ကို လည်းကောင်း မှုန်ဝါးဝါးတွေ့မြင်လိုက်ရသလိုလို။

                             ရှေးဟောင်းပစ္စည်းများ ကို စုဆောင်းလေ့ရှိသူ ပီပီ စူဇူကီးအာပလပ်စ်သည် ခါးနံပါတ် ချောင်နေခြင်းနှင့် စာပေလောက ၁၀၀၀ ကျော်အား နံပါတ်တပ်ခြင်း ၊ မည်သည့်ဂြိုဟ်ပတ်လမ်းနှင့်မျှ ဆက်စပ်မှုမရှိကြောင်း နာဆာသတင်းဌာနမှ ဖော်ပြခဲ့ပြီးဖြစ်သည်။ တစ်ခါတွင် ( သို့ ) တစ်ရံတွင် မိမိကိုယ်ကို ပြန်မေးလေ့မေးထရှိသော မေးခွန်းများအတွက် ဖြေချင်ဖြေ ၊ မဖြေချင်နေ စာမေးပွဲသည် အခက်ဆုံး မဟုတ်ပါလား။ (တစ်ခါ / တစ်ရံ နေရာတွင် အမြဲတစေ အစားထိုးဖတ်ခွင့်ရှိသည်။ ထို့အပြင်ခံတွင်းတွေ့စွာခေါ်ပြောလွယ်သော စကားလုံး (အရေအတွက်အကန့်အသတ်မဲ့ ) စားလဲဖတ်ခွင့်ရှိသည်။ )

                             ကှ်ျနေရာတွင် ယာဉ်မရပ်ရ ။ CCTV ယင်ကောင်များ Safety Is First အား အမှုမဲ့အမှတ်မဲ့ ပျံသန်းနေကြသည်။ လမ်းဘေးဈေးသည်များ မြေနေရာကိုယ်စီနှင့် ကိုယ်ငှစီးပွားရေး အား ခပ်တည်တည်ဖောက်ကားနေကြသည်။ ဆောက်လုပ်ရေးဦးထုပ်တစ်လုံးသည် ပြိုလာမည့်မိုးအား မည်မျှ ဟုတ်သည် မည်မျှ ခံနိုင်ရည်ရှိ သ/မည် နည်း။ “လူတစ်ဦးတွင်အသန်မာဆုံးကြွက်သားမှာ နှလုံးဖြစ်သည်“ ဟူသော သီချင်းအား မည်သူစတင်ရျှ် ဆိုခဲ့သနည်း။

                              ဟစ်တလာနှုတ်ခမ်းမွှေးများ ရောင်းကောင်းနေ၏။ မာသာထရီဇာ ခေါင်းဆောင်းသည် ချေဂွေဗားရား ဦးထုပ်နှင့် ဈေးကွက်အတွင်း အပြိုင်အဆိုင်ဖြစ်နေသော်လည်း ပေါ်လီယာနာ အံကပ် ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခု သည် အကြီးအကျယ် ဒေ၀ါလီခံရမည့်အခြေအနေအတွင်း မောဟိုက်နေ၏။ တိုက်တို့တွင် ပင့်ကူကဲ့သို့တွယ်ကပ်နေသော ထောင့်မှန်စတုဂံများ မှာ ကြော်ငြာသီးသန့် အစုလိုက်အပြုံလိုက်ပြသော ရုပ်အစီအစဉ်များ။ အသံ သည် အသုံးမ၀င်တော့။ ရန်ကုန်သည် တိတ်ဆိတ်စွာလှပနေ၏။ “ကြိုဆိုပါ၏“ ဆိုင်းဘုတ်ရှိသော မြို့များတွင် ယင်းဆိုင်းဘုတ်၏ တစ်မိုင် ပတ်လည်အတွင်း အသင့်ခင်းအိပ်နိုင်သော ယာယီအိမ်များ အခမဲ့ပေးထားသော်လည်း ကြီးကျယ်သူအချို့ က ကားအတွင်းခြင်ဆေးခွေထွန်းအိပ်ကြသည်။ အဘယ်ကြောင့်နည်း။ ဘိုးဘေးများအား သတိရအောက်မေ့တိုင်း လုပ်လေ့လုပ်ထရှိသော “အချိန်မရွေး“ ပွဲတော်။ ထိုသို့ပွဲတော်များစွာ ရှိခဲ့ဖူးသည်။

                              ပြိုလာမည့်မိုးအား နှလုံးခေါ်တွင်းခေါင်းကြွက်သားကခံနိုင်ပါမည်လား။အချို့က စွမ်းအားမြင့် အင်ဂျင်ဝိုင်များ ဆေးဖြစ်ဝါးဖြစ်သောက်သုံးကြသည်။ မတတ်နိုင်သူအချို့သာ ဈေးပေါပေါနှင့်ဝယ်ယူရရှိနိုင်သော နှစ်ချို့ဝိုင် ကို မှီဝဲကြရ၏။ ရင်ခုန်သံများဖြင့် လမ်းများအား မောင်းနှင်နိုင်သည်။ သို့သော် သေရေးရှင်ရေးကိစ္စရှိမှသာ ရင်ခုန်သံအား အကန့်အသတ်ဖြင့် သုံးစွဲကြ၏။ မြန်မာနိုင်ငံ မြေပုံသည် ကလစ်တစ်ချက်အတွင်း ခရီးသွားသူတိုနှင့်ပြည့်နှက်နေ၏။တစ်မြို့နှင့်တစ်မြို့သည် စာကြည့်စားပွဲပေါ်တွင်မြင်နေနိုင်သည် Digilog နာရီတစ်လုံး။

                             တစ်တီတူးသည် ကုန်တိုက်အတွင်း မွှေနောက်နေ၏။ Leather ခြေစွပ် (သို့) Stainless Steel ဦးထုပ်တို့အား ရှားပါးငှက်စောင့်ရှောက်ရေးဌာနမှ အလုံအလောက်ထုတ်ပေးထားသော်လည်း ... ။ ပေါ်လီယာနာ ကိုယ်တိုင် မာကတ်တင်းဆင်းရာ “၀မ်းသာတယ်“ အား လူတို့ အဓိပ္ပာယ်ကောက်လွဲသောကြောင့် ဒေ၀ါလီခံသွားရရှာသည် ဟု ကျွမ်းကျင်ပညာရှင်များက သုံးသပ်ကြသည်။ ယင်းအစည်းအဝေးပွဲခန်းမအတွင်း စက်ဝိုင်း ၊ တြိဂံ ၊ စတုရန်း ၊ ... စသည့်အမြင်အမျိုးမျိုး ပွက်လောရိုက်သံများဆူညံနေလေသည်။

                             ဟေးဒီးစ်အား နိုင်ငံတွင်း ၀င်ခွင့်မပေးခဲ့သောကြောင့် နိုင်ငံအနှံ့အပြားတွင် သစ်ပင်များအဆမတန်ပေါက်ရောက်လာသည် ကို နိုင်ငံသားတိုင်း အလူးအလဲခံကြရရှာသည်။ တစ်တီတူးသည် Ironman ၀တ်စုံအား ဂတ်စ်ဖြည့်ရန် CNG တံဆိပ်ကပ် ယမကာဆိုင်အား လိုက်ရှာနေ၏။ မိုက်မဲမှုသည် သူ့ခေတ်နှင့်သူ့အခါ Hot ခြင်းမှာ မဆန်း။ Megan Fox ဆုံးပါးရှ်ျ လေးနှစ်ပြည့်ဝမ်းနည်းခြင်းအထိမ်းအမှတ်ပွဲကျင်းပရာ ယုတ်မာမှု ၀တ်ဆင်ခဲ့သော ပွဲတက်ဝတ်စုံသည် ယောက်ျား + မိန်းမတို့ကြားခေတ်စားခဲ့၏။ ဆယ်ကျော်သက် ယောက်ျားလေးများ အလှပြင်လွန်မှုအား ထိန်းချုပ်ရန် အုပ်ထိန်းသူမိဘနှင့်ဆရာတို့ကို အစိုးရမှ ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့၏။ ဆယ်ကျော်သက်မိန်းကလေးများ တွင်လည်း မနာလိုဝန်တိုခြင်းသင်တန်းများ တစ်လပြတ်အနေဖြင့် ကွင်းဆင်းလေ့ကျင့်စေခဲ့၏။ ယခင့် ယခင်က အသက် ၁၈ နှစ်ပြည့်လျှင် စစ်တပ်အတွင်းသို့ ၀င်ရောက်တာဝန်ထမ်းဆောင်ရခြင်းနှင့် ခပ်ဆင်ဆင်။

                             ခေတ်နောက်ပြန်ဆွဲသူတို့အား လိုက်လံဖမ်းဆီးသင့်/မသင့်။ လွန်ခဲ့သော တစ်လခန့် က မန္တလေးမြို့တွင် ကွန်ဆာဗေးတစ်မြစ်တစ်စင်းထကြွသောင်းကျန်းမှုကြောင့် မြို့နေလူငယ်အချို့ မလှုပ်ရဲလောက်အောင် ကျီးလန့်စာစားခဲ့ကြသည်။ “ပရင့်မှာ ပါဘူးလား“ မည်၏။ Fashion တော်လှန်ရေးအလွန် နောက်ပိုင်းနှစ်များ ကို ချက်ပေါ်ဓာတ်ပုံများဖြင့် တစ်နိုင်ငံလုံးပလူပျံခဲ့ဖူးသည် မှာ သတိထားစရာဖြစ်သည်။ Reference: Human Machine Being - Machine Human Being။

                             လေထုအတွင်း ယာဉ်ကြောပိတ်ဆို့နေသောကြောင့် ခါးပိုက်နှိုက်များ လမ်းရိုးဟောင်းမှခွဲထွက်ရန် လက်အပိုများတပ်ဆင်အသုံးပြုသည့်ရာဇ၀တ်မှုတို့ကို ကာကွယ်ရန် အများသုံးရထားများတွင် ဆွဲအားပြင်းသံလိုက်များ တပ်ဆင်ထားသောကြောင့် ခေတ်အဆက်ဆက် ခါးပိုက်နှိုက်မှတ်တမ်းအား နှစ်ချို့အဆောက်အအုံစာရင်းတွင် ပါဝင်သည့် MICT Park အတွင်း သိမ်းဆည်းထားရာ လှည်းတန်းတွင် လှည်းမျိုးစုံ အား လှည်းလေ့လာသူနှင့် နိုင်ငံခြားသားများ အုတ်အောသောင်းနင်းစည်ကားနေ၏။

                            ပိတ်ရက်များ သည် ဖွင့်ရက်မဟုတ်သည်မှာ မဆန်းသော်လည်း အထင်ကရနေရာများထဲမှ ကန်တော်ကြီး ၀င်ကြေးသည် တစ်လတစ်ကြိမ်တိုးမြင့်လာသော်လည်း လူသားတို့၏ အဖိုးတန်အပန်းဖြေမှု သည် နေရောင်အောက်တွင် တလက်လက်တောက်ပနေ၏။ ကိုယ်ပိုင်ယာဉ်ရှိသော်လည်း ကိုယ်ပိုင်မိသားစုမရှိသောကြောင့် ပိတ်ရက်များ မှာ ရေခဲသေတ္တာတွင်းမှ ဗီတာမင်အစုံပါဝင်သော ကြက်ဥတစ်လုံးမျှပင် အရသာခံရက်စရာမရှိ။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ကြက်ဥခေါင်းပါးမှုနှင့် စာကလေးခွေပြုန်းတီးလာမှု သည် တစ်ဆက်တည်း ဖြစ်ပွားခဲ့ဖူး၏။ ထို့ကြောင့် နယ်စပ်ဒေသများ ကို သေချာ ကွပ် ရန် လက်မှုပညာရှင်အဖွဲ့ခရီးသွားမှတ်တမ်းအား တိုက်ရိုက်ထုတ်လွှင့်လျက်ရှိသည်။ ဖျာများသည် အနားမှစရှ်ျ စုတ်လာတတ်သည်မဟုတ်ပါလား။  စကားပုံဟောင်းတစ်ခုဖြစ်ကောင်းဖြစ်နိုင်သည်။ ပိတ်ရက်များ လမ်းပေါ်တွင် မတော်တဆကျကွဲခဲ့သော်လည်း ပျော်ရွှင်မှုသည် ကူကောက်ပေးလေ့မရှိ သဖြင့် ရန်ကုန်လမ်းများ ညှော်စော်နံ ယန္တရားဆန်နေပုံမှာ မြို့တွင်းတွင် ကျန်ရစ်ခဲ့သည့် စက်ရုံဟောင်းတစ်ရုံကဲ့သို့။ လူသားဆန်မှုကင်းမဲ့လာခြင်း မှ မသေဆေးတစ်မျိုး ဖော်ထုတ်နိုင်သည် ဟု ဇီဝက မဆိုခဲ့ ၊ နှစ်ပေါင်း ခု ဆယ် ရာ ထောင် ... ။

                           အခန်းတံခါးဝတွင် သော့အတု ချိတ်ခဲ့သလား  မချိတ်ခဲ့သလား မသေချာ။ အစ်ကိုကြီး ဆီမှ ဆက်တောင့်ဆက်ခဲသောဖုန်းတစ်လုံး လက်ခံရရှိခဲ့သည် ၊ သို့သော် ပါလာသော အသံမှာ ၀ူးဝူးဝါးဝါး ။ အင်းလျား တွင် ခေတ်နှောင်းမြက်ရိတ်စက်တစ်လုံးဖြင့် ယုံကြည်မှုအား ရှာဖွေနေသည်ဟုဆို၏။ သူသည် ပိတ်ရက်အများအပြားချမ်းသာသူ ဟု နာမည်ကြီးသော်လည်း မိန်းကလေးမျိုးစုံတို့အား ပိုင်ဆိုင်မှုခွဲဝေပေးခဲ့သည်။ အင်းလျားနှင့်အနီးတစ်ဝိုက်တွင်ဖြစ်၏။ မြက်ရိတ်စက်များ ထည်လဲ ကိုင်လိုခြင်း သည် သူ့ ဘ၀ ရည်မှန်းချက်ဖြစ်ကြောင်း ဆယ်တန်းကျောင်းသားဘ၀ က ကျွန်တော့်အား ပြောပြခဲ့ဖူး၏။

                          အသက် (၂၀) လျော့လျော့ ပြည့်ခဲ့သဖြင့် နိုင်ငံသားစိစစ်ရေး DNA အား မှတ်မှတ်ရရထုတ်ကြည့်ဖြစ်သည်။ အမြုပ်ထနေသော ဂီယာဝိုင်တစ်လုံးအား စိန်ပြေနပြေသောက်ကာ အိပ်ရာဝင်ခဲ့သည့် လူသားတစ်ဦး၏ မွေးနေ့။ မွေးနေ့သည် လူသားတစ်ဦး ၏ မွေးရာပိုင် ကိုယ်ပိုင်ပစ္စည်းတစ်ခုဖြစ်သည်။

                          စက်ရုပ်များအား လိင်အလုပ်သမ များအဖြစ်အစားထိုးခန့်အပ်ရာ အစပိုင်းတွင် အဆင်ပြေသော်လည်း သုံးလခန့်အကြာတွင် အပျော်အပါးလိုက်စားသူ ယောက်ျားတို့ ဓာတ်လိုက်သေဆုံးခြင်းမှာ Runtime Error တက်ခြင်းကြောင့်ဟု ကွန်ပျူတာများ က ကောက်ချက်ချသည်။ လူသားမိန်းမများ ကိုယ်ဝန်ဆောင်နိုင်မှုနည်းပါးလာခြင်း ခေါင်းစဉ်တွင် ချို့ယွင်းချက်များစွာ ရှိရာ ထိန်းချုပ်မှုလွန်ကဲလာခြင်း သည် ထိပ်ဆုံးတွင် ယခုတိုင် ရပ်တည်နေ၏။ ဆိုလိုရင်းမှာ ယောကျာ်းများ တွင် ထိန်းချုပ်မှုလွန်ကဲခြင်းမှာ ဘေးဥပါဒ်ဖြစ်နိုင်ချေ ရာခိုင်နှုန်းနည်းမှု။

                          ကားတန်းရှည်တစ်စင်းဖြတ်မောင်းသွားသဖြင့် ရထားအား ခေတ္တရပ်ဆိုင်းထား၏။ ပိတ်ရက်များတွင် ကျွန်တော် ကိုယ်တိုင် အနှိုးထိုင်းချင်သည်။ အကြိမ် ၂၀ မြောက် ကှ်ျလောကမှ မပျောက်ဆုံးသေးသည် ကို မည်သူ့အား ကျေးဇူးတင်ရမည်နည်း။ အစ်ကိုကြီး ကျောက်စရစ်ခဲအလွဲသုံးစားလုပ်မှုကြောင့် တိမ်းရှောင်နေရသည် ဟု မြက်ရိတ်စက် တစ်လုံး ဖုန်းဆက်လာ၏။ ကျွန်တော့်အတွက် မထူးဆန်းတော့ ။ နှုတ်ခမ်းတစ်စုံထည့်ထားသော အလူမီနီယမ် သေတ္တာအား ဖွင့်မကြည့်ခင် က ယင်းသေတ္တာအတွင်း နှုတ်ခမ်းတစ်စုံပါလာသည် ကို ကျွန်တော်မသိ။ မပီကလာ ပီကလာလက်ရေးဖြင့် လေးထောင့်ဆန်ဆန် အက္ခရာတချို့ ။ မိုးသီးကြွေမှုသည် သာမန်ရာသီဥတု တစ်ခု ဖြစ်သည်။ သို့ရာတွင် ဧည့်ခန်းဦးပိုင်း မှန်သည် လက်ဝါးသာသာ ပေါက်ထွက်သွား၏။ သတင်းစာအား ကြေညက်စွာမ၀ါးဘဲ အမှိုက်ပုံးထဲ ထည့်ခဲ့မိသည် ၊ လက်တွင်ပေကျံနေသော ယင်းသတင်းတစ်စကြောင့် လက်အမြန်ဆေးကြောလိုက်ရသည်။ အိမ်ဟုခေါ်သည့်နေရာ သို့ ပြန်ရောက်သော် ပေါက်နေသောမှန်အား အစ်ကိုကြီးထံမှ ပေးလာသော မွေးနေ့လက်ဆောင် (သို့) နှုတ်ခမ်းတစ်စုံနှင့် ဖာထေးရမည်။ ရမည်ဟုထင်သည်။ ကားတန်းသည် ရှည်လျားလွန်းသောကြောင့်ထင်၏။ အတော်အတန်ကြာ လမ်းခုလတ်တွင် ပိတ်မိနေခဲ့သည်မှာ အချိန်မည်မျှ ကြာခဲ့ပါသနည်း။ ရထားခေါင်းမိုးပေါ်မှ အသံတစ်သံထွက်ကျလာသည် “တံတားဖြူဆင်းမယ့် လူကြီးလူကောင်းများ ရှင့် ... “ (ထိုနည်းတူစွာ အင်္ဂလိပ်ဘာသာစကား အား ကျွန်တော်နားမလည်သဖြင့် ထည့်မပြောတော့ပါ ၊ ကြားလိုက်သည်ကား သေချာ၏။)

                           အင်းလျားရေပြင်တွင် အသည်းနှလုံးများပြည့်ဝစွာမှောက်ကျနေ၏။ မည်သူအလှဆင်ခဲ့သနည်း။ သွေးညှီနံ့ သည် ဗယ်လင်တိုင်း (သူတို့အခေါ်) အား ပိုရျှ်အရောင်တောက်စေ၏။ မည်သည့်အသည်းနှလုံးမှ ပုံပျက်ပန်းပျက်ခြင်း မရှိသည်ကိုပင် ကျေးဇူးတင်ရမလိုလို။ ဘောင်ပေါ်မှ ကယောင်ကတမ်းအော်သံများ သည် သာယာနာပျော်ဖွယ် ငြိကျန်နေဆဲ။ ချောကလက်များ အခွေလိုက်ထွက်ကျနေ၏။ အင်းလျားရေပြင်သည် အနီရောင်အား ခြုံလိုက်ရသည့်အတွက် ချောင်းအနည်းငယ်ဆိုးနေသည့်ကြားမှ သနားစဖွယ်သတ္တ၀ါတစ်ကောင်အဖြစ် နှုတ်ဆက်ချွေးသိပ်လိုက်သည်။ မောနေသည် ကို ရိပ်မိခြင်းကြောင့်ဖြစ်ကောင်းဖြစ်နိုင်သည်။

                           “လူလေး ဒီတစ်နှစ်ပဲ ငါ့ကိုလွှမ်းပါ“

                         လူသားဆန်မှု သည် ဥပဒေအား ကျောပေးရှ်ျ သေသပ်ပိရိစွာလှပနေ၏။ အင်းလျား ကို နောက်ခံပြုကာ။ နာမည်ကြီး စက်ရုပ်ရှေ့နေနှင့် နာမည်သေး လူသားရှေ့နေ မည်သူ့ကိုမျှ မငှားလိုတော့။ ကျွန်တော်နှင့် အစ်ကိုကြား အသက်ကွာခြားမှု သည် အထီးကျန်မှုအား ပြန့်ကားစေသလား။ အစ်ကို သည် အစ်မ မဟုတ်သောကြောင့် ဆန့်ကျင်ဘက်လိင်များနှင့်ဆက်ဆံရန်ကို ကြောက်ရွံ့ခဲ့လေသလား။ အထီးကျန်မှုအပေါ်တွင် ကြောက်ရွံ့မှုစိတ္တဇထပ်လောင်းကာ တစ်ခုခု အား ကိုယ်တိုင် ဖန်တီးတပ်ဆင်ခဲ့လေသလား။ အင်းလျား သို့ ကျွန်တော် အဘယ်ကြောင့် လာခဲ့သည် ကို ကျွန်တော် မသိ။ တွဲလက်များ သည် သွေးအိုင်အတွင်း မြဲမြံနေ၏။ အချို့ က ပန်းရောင် ၊ အချို့ က နီညိုရောင် ၊ အချို့ က မဟော်ဂနီ ၊ အချို့ က အနီရင့်ရင့် ၊ ... ၊ အဆုံးသတ်တွင် ထွက်လာသည့် မြင်ကွင်း (၀ါ) Product အတွက် စိတ်ကျေနပ်မှု ။ မိနစ်ပိုင်းအတွင်း တွေ့ခဲ့ရသော လက်အများစုမှာ ရုတ်ချည်းခြောက်သွေ့ကာ အနည်းအကျဉ်းမျှသာ စေးကပ်စိုပြေနေ၏။

                          စိတ်ခံစားချက်တစ်ခုသည် ပြင်းအားမြင့်လာသည့်အခါ ...
၁၉၈၈ ဇွန်လ နှင့်အနီးတစ်ဝိုက် ကှ်ျနေရာတွင် ဦးတည်ချက်တစ်ခုသို့ ခံယူချက်မောင်းနှင်အားကောင်းကောင်း နှင့် ပြင်းပြင်းထန်ထန် ပေါက်ကွဲရာ တံတားနီအရေးအခင်း။ တံတားဖြူသည် ထိုစဉ်က တံတားနီ။ အတိတ်နှင့် သွေးစွန်းနေသော လမ်းမသည် မြင်ကွင်းအတွင်း တစိမ့်စိမ့်တိုးဝင်ကာ တခိုက်ခိုက် မောပန်းလာ၏။



ဦးတည်ချက်အတွက် ခံယူချက်လား

ခံယူချက်အတွက် ဦးတည်ချက်လား


                          မြက်ခင်းအတုများ သည် သွေးအစစ်များဖြင့် ရွှဲရွှဲစိုနေ၏။ သစ်ပင်များလက်ဆင့်ကမ်းသယ်ဆောင်လာသော တီးတိုးသံများ သည် လက်ခုပ်သံအတိုင်းသား အတောမသတ်အားပေးနေသလို။ အင်းလျားသည် အတိတ်ပေါင်းများစွာ ချိတ်ဆွဲထားသော ပြတိုက် တစ်ခုဖြစ်သည် ဟူရှ်ျ အော်ဟစ်လိုက်မိလေသလား။ သွေးဆေးကန်ကြားမည်ထင်ပါသည်။

                            “လူလေး ဒီတစ်နှစ်ပဲ ငါ့ကိုလွှမ်းပါ“



ဟုတ်သည် ၊ ဒီတစ်နှစ်သာ လွှမ်းနိုင်ပါတော့မည်။ သို့တည်းမဟုတ် ... ။ ။


ကောက်ကွေ့

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...