Tuesday, February 19, 2013
ခေတ်ထဲသို့ တင်သွင်းခံရပြီးနောက်( မောင်မိုးမြင့်)
စီးကရတ် ပြာမှုန်တွေလိုပဲ စိတ်နှင်ရာကို အမြဲဝဲနေခဲ့တယ် ဆိုတာက စတာပဲ
အနေအထိုင် မတက်မှု့တွေနဲ့ တစ်ယောက်ထဲ စိတ်အာသာဖြေနေရ
မြို့ရိုးကိုးပေါက်လျှောက် ဖြုတ်လိုက် တပ်လိုက် အဆက်မပြတ်စီးဆင်း
လေသလပ်ခံ အပေါ်ယံ အသားအစိုင် အခဲများ ရောင်စုံလွင့်ဝဲလျှက်
လမ်းဘေးဈေးဝယ်များ နုတ်ခမ်းနီနံ့ ထောင်းထောင်းထလျှက် စုရပ်ကိုယ်စီ
မျက်တောင် တစ်ချက်မခတ်ရ အမြဲတမ်း အသင့်အနေအထားရှိနေပါ
ဘာမဆို ဖြစ်သွားနှိုင်တယ်လေ
ဖြစ်ချင်ရာလဲ ဖြစ်ပစ်လိုက်လို့ရတယ် ခင်ဗျားမှာ နားလည်မှု့ဘယ်လောက်လောက်ပါလဲ
အခြေအနေကို မကြည့်ပဲ ၀င်မလာနဲ့ လစ်သွားမယ် ဂလစ်ပဲ
ဘာသာစကားဟာ အခုတစ်မျိုး တော်ကြာတစ်မျိုး
သိပ်တော့လဲ မစိုးရိမ်ပါနဲ့ လျှောက်နေရင်းပဲ ခေတ်ထဲကို ရောက်သွားပါလိမ့်မယ်
သွားကြားညှပ်တပ်ချင်ရင်လား အသားစားပေးယုံပေါ့
အမှန်တရားဟာ ဈေးကောင်းမရဘူး လမ်းဘေးမှာတော့ ပေါပေါ လောလော ရတယ်
ဆံပင်ပုံစံ ခပ်ဆန်းဆန်းထားရမယ် ၊ ဂျင်းဘောင်ဘီ ကျပ်ကျပ် ၀တ်တက်ရမယ်
မျက်လုံးတွေကတော့ သနားစရာကောင်းလောက်အောင် အနားရမှာ မဟုတ်ဘူး
ဇာတ်နာတဲ့ ဇာတ်လမ်းတွေ နားထောင်ဖို့ရော အဆင်သင့်ဖြစ်ပြီလား
စိတ်ခံစားမှု့ကို နုတ်ခမ်းနဲ့ မျက်လုံးမှာပဲထားပါ နှလုံးသားထဲ ရောက်မသွားစေနဲ့
နောက်တော့လဲ စိတ်ယဉ်သွားမှာပေါ့
မကျေနပ်ရင်လဲ ချက်ခြင်းဖောက်ခွဲပစ်လိုက် ဒီနေ့မှာ နက်ဖြန် မရှိဘူး
အန္တရာယ်ရှိတယ် ဆင်ခြင်တုံတရား နည်းနည်းမှ ယူမလာနဲ့
အပြင်ကသွားတော့ လမ်းရှင်းတယ် မြန်မြန်ရောက်မယ် မြန်မြန်တော့ မလျှောက်နဲ့
လူ့အဖွဲ့အစည်း အပြင်ဘက်မှာ အဖမ်းအဆီး မတရားများတယ်
အတက်မလိုဘူးလေ ခွပ် တက်ဖို့ပဲ မြင်လား
ဘာသာတရားတောင် မရှူမလှ အသတ်ခံနေရတာ ကြည့်ပါလား
အသက်ကြီးကြီး ငယ်ငယ်အားလုံးဟာ လူငယ်ပဲ
ထင်ယောင်ထင်မှား ဖြစ်နေတာ မဟုတ်ဘူး အမှန်ဖြစ်နေတာ
အမှန်တရားလား ဘောင်းဘီ အိပ်ကပ်ထဲမှာလေ ကျန်းမာရေးပေါ့
အဲ့ဒီလက်မှတ်တွေကို လူမမြင်ခင် ပြန်သိမ်းထားလိုက် အဆင်မပြေဘူး
အခေါ်အပြောဟာ အတန်းပညာထက် အလုပ်ဖြစ်နေပြီ ဆရာ
အဆင်လေးကတော့ တကယ့်ကို ဆန်းတယ်
အသံမထွက်စေနဲ့ မျက်လုံးနဲ့ပဲပြော အားလုံးဟာ အောက်ရှိပဲ
ကိုယ့်အ၀ိုင်းမှာ ကိုယ်က ဂျော်ကာပဲ ကြိုက်တာနဲ့ ကပ်လိုက်
လမ်းဘေးဖုန်း မပြောရ
ဘယ်သူ့မှ ဂရုမစိုက်တဲ့ဟန်ကို ရအောင်သေချာလေ့ကျင့်ထား
နေ့နဲ့ညကြားက ကွာဟမှု့မျဉ်းဟာ ရေးရေးပဲ ကျန်တော့တယ်
မျက်လုံးတွေကို နေကာမျက်မှန်တပ်ပြီး ဖွင့်လိုက်
ခေတ်ပေါ် သယံဇာတတွေ အဖွေးသား လမ်းပေါ်ကျလာလိမ့်မယ်
တယ်လီဖုန်း မြည်သံ ၊ ကားဟွန်းသံ ၊ သဘောင်္ဥသြဆွဲသံ
သိမှု့နယ်ပယ်ကို လိုအပ်သလို ချုံ့လိုက် ချဲ့လိုက် ကြားရလား
စက်ပစ်ကွင်းထဲမှာ ဆိုပေမဲ့ သူတို့က ကျည်အစစ်တွေနဲ့ ပစ်တော့မှာ
အပေါ်ယံ အရေခွံမာဟာ နုညံ့တယ် ဒဏ်ခံတယ်
အထင်ပေါ်ဆုံးနေရာက လုံခြုံမှု့အရှိဆုံးပဲ ၀ပ်မနေနဲ့ ဈေးမဆစ်နဲ့
ကြောက်ဖို့ကောင်းလာပြီ
အဖြစ်အပျက်တွေ မြန်ဆန်လာပြီ
ယုတ္တိဗေဒကနေ ကင်းလွတ်သွားပြီ
အမျိုး အမည် ခေါ်မရတဲ့ အနံ့တွေရလာပြီ
သေချာပြီ ဒါဟာပြီးမြောက်သွားတဲ့ ရောက်ရှိခြင်းပဲ
ခေတ်က နွေးထွေးစွာ ကြိုဆိုနေပါလိမ့်မယ် ။ ။
- မောင်မိုးမြင့်
၉ ၁ ၂ ၀ ၁ ၃
Subscribe to:
Post Comments (Atom)
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...
-
“ဒဏ္ဍာရီတွေ အစက ဒိုင်ယာရီ “ လို့ဆိုရမလား ၊ သမီး ရက်စွဲတွေ “တစ်ထေရာတည်း“ ခဲ့တာ ၊ ဒီစာရွက်လေးက ခေတ်ရဲ့ မြူမှုန်ပိုင်းတစ်ပိုင်း ... အဖေ က တ...
-
မဖြစ်နိုင်မှန်းသိနေလည်း ညီမလေးဖျှော်ပေးမယ့် ကော်ဖီတစ်ခွက်ကိုပဲ ဆာလောင် တောင့်တ... မဆုံနိုင်မှန်းသိနေတာတောင် ညတွေဆို ကော်ဖီတစ်ခွက်က...
-
ယုံကြည်ချက်ကြောင့် လမ်းပေါ်ရောက်သူများကော ယုံကြည်ချက်ကြောင့် လမ်းဘေးရောက်နေသူများပါ လူစုံတက်စုံပါဝင်လာတဲ့ ပြည်သူ ၀က်ဝက်ကွဲ ဆုတောင်းပ...
No comments:
Post a Comment