Saturday, March 23, 2013

အမှားပြင်ဆင်ချက်မှာ သူမအား ချစ်သည်ဟု ပြင်ဆင်ဖတ်ရှုပေးပါရန် ။(ရင်ခွင်ရှိန်း)


တစ်စက္ကန့်လေးမှခွဲမသွားပါဘူးလို့  ...။
မျက်တောင်လေးတွေနေမကောင်းဘူး ။ လက်ချောင်းလေးတွေ ခြေချောင်းလေးတွေယောင်ကိုင်းနေတယ်။
ဆူးကိုင်းမှာသွားချိတ်တော့မဲ့ ပူဖောင်းလို အကြည့်လေး။
လိမ်ညာခြင်းကို ချွတ်ပစ်လိုက်တော့မှ မြင်ရတဲ့ ရပ်တည်မှုရင်သား
မောင့်အသိုင်းအ၀ိုင်းက ကျမကို ပြောကြမှာပေါ့ဆိုတာထက် ပိုနားထောင်လို့ကောင်းမဲ့
ကွန်ဒုံးအသစ်လေးအကြောင်း ။
ဒီတစ်ခါ တောင်ကုန်းလေးပေါ်က ခုန်ချရင် လေထီးလေးပွင့်သွားမှာငါသိပ်ကြောက်တယ်။
လူငယ်တစ်ယောက် ပြောမဲ့စကားလုံးတွေကို ဖွင့်လိုက်တဲ့ သော့က
မင်းမျက်ဝန်းနက်နက်ကလေးပဲ။
ဆိုက်ပရပ်စ်နဲ့ ဗင်းနစ် မှာလည်းဒီအိပ်ရာတွေပါပဲ ။
Facebook ပေါ်မှာ ဆို ကိုယ် ခုချိန် ကိုယ်ဝန်ရသွားပြီ ။

လူတွေဟာ အတ္တကို ဘာသာတရားလုပ်ပြီး ကိုးကွယ်ပစ်လိုက်ဖို့အသင့်အနေအထား
ဆာငတ်နေတာ ချစ်မေတ္တာပါ  တရားချင်လည်းတရားမယ်  မတရားချင်ရင်လည်း မတရားပေါ့။
စိတ်သေမှုတွေ သေဆုံးသွားကြပြီ ။
မင်းဟာကွန်ဒုံးဟောင်းတွေကိုသိမ်းထားတတ်တဲ့ လေထီးသူရဲမလေးပါ ။
ဘယ်နှခါများ ချစ်မေတ္တာကိုလီဆယ်ပြီး လိင်ဆက်ဆံမှုချောက်ထဲ
ကိုယ်မင်းကို ခုန်ချခိုင်းခဲ့သလဲဆိုတာ သိချင်ရုံသက်သက်။
ဘ၀ဟာ ဘာများတပ်မက်မောစရာကျန်သေးလဲ။ နက်ဖြန်ခါဟာ ထီလက်မှတ်အဟောင်းတစ်ခု။
ဘာမှဖြစ်သွားစရာအကြောင်းမရှိဘူး ။ သေဆုံးခြင်းကို ငါတို့ပိုင်တယ် ။
မရှိခြင်းတရားတွေက အလာ့ဂျစ်။ မင်းကို ကိုက်ခဲနေဦးမှာပဲ ။
မင်းဟာ ပါလက်စတိုင်းသူ ဖြစ်ကောင်းဖြစ်နေမယ်။ နာကျင်ချင်ရင် အလွယ်လေး ။
မျက်ရည်ဆိုတာ သုံးတဲ့သူအပေါ်မှာမူတည်ပြီး အရောင်ကွဲပြားသွားခြင်းပဲ
တီဗီ ချန်နယ်ခလုတ်တွေကို မင်းရဲ့မတည်ငြိမ်တဲ့စိတ်နဲ့ နှိပ်လိုက်မိသွားဦးမယ်။
ငါမင်းကို ပေးနေတာ စိတ်ခံစားမှု ... ဒီထက် ဘာမှ မပိုနိုင်ဖူး။
လွတ်လပ်မှု ဆိုတာ ခဏခဏ အထိပါးခံရခြင်း ပြယုဂ်ပဲ။ ငါတို့ လွတ်မြောက်သွားကြပြီ ။
အကွာအဝေးက ငါတို့စိတ်အတွင်းသားတွေကို သတ်ပစ်လို့ မရပါဖူး ။
ဆင်ခြင်တုံတရားတွေကို သုံးပြီးသား Pad တွေလို ထားခဲ့လိုက်တော့။
ငွေကြေးစနစ်မတည်ငြိမ်မှုတွေဟာ ငါတို့နဲ့ မိုင်တွေအဝေးမှာ ။
အိပ်ခန်းထဲမှာထားရမဲ့ အရုပ်တွေမလိုတော့ဖူး ။ ကိုယ်တွေနေကြမယ်။
စက္ကူပေါ်က လက်မှတ်တွေ နဲ့ ပြတင်းပေါက်တွေ မလိုတော့ဖူး။
Deconstruct လုပ်ပစ်လိုက်ရမှာက အရာရာ ။
ကိုယ့်မှာ draft တွေသိပ်များလွန်းနေတယ်။ အရာရာကိုပေါ့ပေါ့တန်တန်သဘောထား။
မရယ်ရတဲ့ဟာသတွေကမှ တစ်ကယ်ရယ်လာရတယ်။
ဆေးလိပ်မသောက်နဲ့။ မင်းမှာ ကိုယ်ဝန် ရှိချင်ရှိနေမှာ ။
မင်းစိတ်ရဲ့  ဆာလောင်မှုဟာ တစ်ခုခုဖြစ်ပျက်သွားခြင်းနဲ့ Status quo
ငါ့ ကို ပူးကပ်ပစ်လိုက် ။ အထိအတွေ့ဟာ ငါ့အတွက် လိုအပ်တယ်။
Rolling in the deep သီချင်းသံဟာ ည၀တ်ဂါဝန်ထဲကခုန်ထွက်လာတဲ့ စီးမျောမှု
ဘာမှမသေချာဖူး ။ ဘာမှမသေချာတော့တဲ့နောက်ပိုင်းမှာ ရုတ်တရက် ၀မ်းနည်းပြီးငိုချလိုက်စရာတွေမရှိတော့ဘူး။
ငါ ဒါမှမဟုတ် မင်း က သေခြင်းတရားကို အရင်တွေ့ထိဆော့ကစားကြေး ။
ပြီးတော့ ငါ ဒါမှမဟုတ် မင်း ကပဲ ပျင်းရိငြီးငွေ့ဖွယ်တွေကို တက်တူးထိုးလိုက်ကြရမယ်။



ရင်ခွင်ရှိန်း

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...