ကိုယ့်ဘေးနားမှာ အသံကျယ်ကျယ်နဲ့  တခုခုထမြည်သလို ငါတို့ ဟာတယောက်ကို တယောက် အလန့် တကြား လှမ်းကြည့်ခဲ့ကြတယ် ။
လူ့ ဘ၀မှာ အသက်ရှင်စရာ ဘာလို့ မျှော်လင့်နေတာလဲ ။
ကိုယ်ဟာ အတ္တသက်သက်နဲ့  နောက်ဆက်တွဲနေ့ ရက်တွေကို ဆွဲဆန့် နေတာပဲ ။
စိတ်ထွက်ပေါက်မရှိတာ မဟုတ်ဘူး ။ စိတ်ထွက်ပေါက်ဟာ သေသွားတာ ။
ဒီလိုနဲ့  ငါတို့ တွေ တဆစ်ဆစ်နာကျင်နေခဲ့ရတာပေါ့ ။
တရက်တရက် ငါတို့ ရလိုက်တဲ့ စိတ်ရောဂါတွေ ။ Social Website တွေက တဆင့်ရလာတဲ့ စိတ်ပိုင်းဆိုင်ရာ အညစ်အကြေးတွေ ။
မနက်ဖြန်တွေဟာ နောင်တရဖို့  အသက်ဆက်ရှင်နေထိုင်ခြင်း ။
ကိုယ် ချစ်ခြင်းမေတ္တာကို အရှိတရားထက်ပိုပြီးလိုအပ်တယ် ။
ဆန့် ကျင်ဘက်လိင်ကို စိတ်ရောကိုယ်ပါ မစဉ်းစားခဲ့ဖူးဘူး ။
Nihilist
တွေအပေါဆုံးနိုင်ငံက မြန်မာနိုင်ငံပဲ ။ လူတော်တော်များများဟာ ဘာသာရေး ၊
လူမှုရေး ၊ နိုင်ငံရေး ၊ ပညာရေး ၊ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက် ၊
ချစ်ခြင်းမေတ္တာ ၊ ကျန်းမာရေး ၊ ခန္ဓာကိုယ်ထဲက သွေးတွေ ဖေါက်ထုတ်ပစ်ဖို့ အသင့်အနေအထားနဲ့ ပဲ ။
သိပ်ကြောက်စရာကောင်းတဲ့ ပျက်စီးနေမှုများ ။
စွန့် ခွာခဲ့မှုတွေ ၊ စွန့် ခွာခံရမှုတွေ ။ ဘိန်းတွေထိုးသွင်းထားတာထက် ငြီးငွေ့ ခြင်းတွေထိုးသွင်းခံထားရတာ ပိုကြောက်ဖို့ ကောင်းတယ် ။
စာသားတွေကြားထဲမှာ ကြောက်လန့် တကြားထွက်ပြေးခဲ့ရပါတယ် ။
ကဗျာတွေ ၀တ္တုတွေကို အောစာအုပ်တွေလောက် လူကြိုက်မများခဲ့တဲ့ အချိန်မှာ ကဗျာတွေ စာတွေ ကိုယ် စိတ်ရောကိုယ်ပါ နှစ်ထားပြီး ရေးနေကြတဲ့
လူတွေဟာ သိပ်အံ့သြဖို့ ကောင်းတာပဲ ။
တစုံတခုနဲ့ ကြုံတွေ့ ခဲ့ရင် ချက်ခြင်းမေ့ပစ်လိုက်နိုင်တဲ့ စိတ်အနှစ်သာရ ပျောက်ဆုံးမှုများစွာ ။
ပျော်ရွင်ခြင်း နဲ့  မပျော်ရွင်ခြင်းဟာ စိတ်ပျက်စရာအနေအထားနဲ့ ပြီးဆုံးသွားတယ် ။
ကိုယ်ခန္ဓာဟာ လူတွေနဲ့ ပိုပြီး အနီးကပ်လာလေ စိတ်ဟာ လူတွေနဲ့ ဝေးလာလေ ။
နာရီ လက်တံတွေ ရွှေ့ လျားမှု အသံဟာ တိတ်ဆိတ်ချိန်တွေမှာဆို သိပ်ကြောက်ဖို့ ကောင်းတာ ။
အိပ်ဆေးတွေ ငါ မစားတော့ဘူး ။ ပုံမှန်လည်ပတ်နေမှုကမ္ဘာဟာ ကိုယ်နဲ့ မဆိုင်ခဲ့ပါဘူး ။
ငါတို့ မရှိလည်း သူတို့ ရှိနေလိမ့်မယ် ။ သူတို့ က ဘယ်သူတွေလဲ ဆိုတဲ့ ရူးကြောင်ကြောင်အတွေးတွေ ။
လူတွေ ရယ်မောနေချိန်ဟာ ကိုယ့်အိပ်ချိန် ၊ သိပ်ပင်ပန်းနွယ်နယ်တာပဲ ။
မလိုအပ်တဲ့အစိတ်အပိုင်းတွေကို ဖြတ်ထုတ်ပစ်ချိန်ကို ကိုယ်စောင့်နေခဲ့ရတာ ။
အခုအချိန်သေသွားရင်တောင်မှ ငြီးငွေ့ မှုတွေက ကပ်ပါသွားတော့မှာ ။
သေခြင်းတရားကိုလည်း ကိုယ်အယုံအကြည်မဲ့တယ် ။
ခန္ဓာကိုယ်ဖြစ်တည်မှုအရသာ မဆော့ချင်တဲ့ဂိမ်းတခုကို ဆက်ဆော့နေရသလိုပဲ ။
လူ့ ဘ၀ကို ရခဲ့တာမဟုတ်ဘူး ။ လူ့ ဘ၀ထဲကို တွန်းပို့ ခံရတာ ။
ဘာနဲ့ မှ မပတ်သတ်တဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေကို ကိုယ်တို့  ဘယ်လိုခေါင်းစဉ်တပ်ကြမလဲ ။
အဲ့လိုမေးလိုက်ကြရင် လူတွေရဲ့ မျက်လုံးမှာ ကိုယ့်ကို ကြည့်တဲ့အကြည့် ။
လူတွေရဲ့ မျက်လုံးတွေကို ငါ တကယ်မကြိုက်ခဲ့တာပါ ။
သိလား .. အရမ်းအမှောင်ထဲမှာနေတုန်း အလင်းတန်းတခု ပိတ်ထိုးလိုက်သလိုပဲ ။
ငါက မျက်လုံးမှိတ်ပစ်လိုက်ရတယ် ။
အေးချမ်း
Subscribe to:
Post Comments (Atom)
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...

-
“ဒဏ္ဍာရီတွေ အစက ဒိုင်ယာရီ “ လို့ဆိုရမလား ၊ သမီး ရက်စွဲတွေ “တစ်ထေရာတည်း“ ခဲ့တာ ၊ ဒီစာရွက်လေးက ခေတ်ရဲ့ မြူမှုန်ပိုင်းတစ်ပိုင်း ... အဖေ က တ...
-
မဖြစ်နိုင်မှန်းသိနေလည်း ညီမလေးဖျှော်ပေးမယ့် ကော်ဖီတစ်ခွက်ကိုပဲ ဆာလောင် တောင့်တ... မဆုံနိုင်မှန်းသိနေတာတောင် ညတွေဆို ကော်ဖီတစ်ခွက်က...
-
ယုံကြည်ချက်ကြောင့် လမ်းပေါ်ရောက်သူများကော ယုံကြည်ချက်ကြောင့် လမ်းဘေးရောက်နေသူများပါ လူစုံတက်စုံပါဝင်လာတဲ့ ပြည်သူ ၀က်ဝက်ကွဲ ဆုတောင်းပ...
No comments:
Post a Comment