Sunday, January 27, 2013
ဘယ်နယ်ပယ်ကို ပျံ့ လွင့်ရမလဲ ရောက်ခဲ့ တဲ့  လမ်းအဆုံး( နေအေဒီ)
သူပြောတယ် မင်းတစ်စစီဖြစ်တဲ့ အချိန်ပြော
ပြန်ဆက်ပေးမယ်တဲ့  လိုရင်းကတော့ မင်းဆေးစားမှားသွားပြီလို့ 
အသက်ကယ်ဆေးရှိပါတယ် အပေါစားတွေသောက်တာလည်းပါတယ်
ကြယ်တွေကြည့်လိုက် မူးပြီးငိုလိုက် ဒီနေ့ တစ်လှိမ့်ချင်းပဲ လိမ့်နေ
ငါနိုင်တယ် ရယ်မယ်စိတ်မကူးခဲ့တာလည်း ရှိတယ်
အဲပုဂံက အရေးပေါ်ဆိုင်ရာ အစမ်းလေ့ကျင့်မှုများ လုပ်နေ အလုပ်လား
အမှောင်ခြမ်းကနေ အလင်းကိုငေးဖို့  တုံ့ ပြန်သ၀ဏ်လွှာပို့ဖို့ 
ဖြစ်နိုင်ခြေတစ်ခုပါ လာကြည့်တဲ့ လူတွေမိန်းမူးသွားအောင် ကြယ်လေးတွေပေးပါ
တကယ်မရှိတဲ့  ကြယ်ကြီးတွေပါလာရင် တိုးတိုးနေနော် ဘယ်လိုလုပ်မယ်
စိတ်ကူးလဲ ငါမသိသောကိစ္စများ ဘယ်လိုခံနိုင်ရည်မျိုးနဲ့များ စဉ်းစား
မဆုံးဖြတ်သေးတာပိုကောင်းမယ် မင်းဦးနှောက်က ငါ့ကိုထားရှိတဲ့ နေရာ
အသည်းလို နှလုံးလို တိတိကျကျထောက်ပြ ဆန္ဒလွန်ကဲ ဒရွတ်တိုက်ဆွဲ
ပုံမှန်ဘ၀ကို ရဲရဲတင်းတင်းငြင်းဆန်လိုက် အငွေ့ပျံလွယ်တဲ့ ဆေးလိပ်တွေသောက်လိုက်
သကြားရည်နဲ့ ပလုတ်ကျင်းပြီး အထောက်အကူပြု ရှုပ်ထွေးအသက်ဆုံးရှုံးမလား
အလွန်အဖြစ်များတဲ့ နာကျင်မှု နဲ့  အညိုရောင်ချောကလက်တွေကို မေ့ပစ်
မပျော်ဝင်နိုင်တဲ့ ပုံဆောင်ခဲတစ်ခု ရုတ်ခြည်းနှလုံးဖောက်သေဆုံးနိုင်ခြေများနဲ့ သွေးဖိအားကျဆင်း မနက်ခင်း ။ ။
နေအေဒီ
Subscribe to:
Post Comments (Atom)
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...
-
“ဒဏ္ဍာရီတွေ အစက ဒိုင်ယာရီ “ လို့ဆိုရမလား ၊ သမီး ရက်စွဲတွေ “တစ်ထေရာတည်း“ ခဲ့တာ ၊ ဒီစာရွက်လေးက ခေတ်ရဲ့ မြူမှုန်ပိုင်းတစ်ပိုင်း ... အဖေ က တ...
-
မဖြစ်နိုင်မှန်းသိနေလည်း ညီမလေးဖျှော်ပေးမယ့် ကော်ဖီတစ်ခွက်ကိုပဲ ဆာလောင် တောင့်တ... မဆုံနိုင်မှန်းသိနေတာတောင် ညတွေဆို ကော်ဖီတစ်ခွက်က...
-
ယုံကြည်ချက်ကြောင့် လမ်းပေါ်ရောက်သူများကော ယုံကြည်ချက်ကြောင့် လမ်းဘေးရောက်နေသူများပါ လူစုံတက်စုံပါဝင်လာတဲ့ ပြည်သူ ၀က်ဝက်ကွဲ ဆုတောင်းပ...
No comments:
Post a Comment