Thursday, November 1, 2012

အအေးခဲ ည (မြ)


ခေါင်းအုန်းမျက်နှာပြင်ဆီ ဆွဲနှစ်လိုက်သော မျက်နှာ
အိပ်ရာခင်းစကို လက်အစုံနဲ့ ဆွဲအဆုပ်
ရင်ညွှန့် တက်ဆောင့်တယ်...အောင့်လုံး
ထွက်ပေါက်ကို အကျယ်ကြီးအော်ခေါ်လိုက်တယ်...............
အသုံးမကျတဲ့ခံစားချက်ချော်ရည် တလိမ့်ချင်း
ဘယ်ဘက်ရင်ဘတ်မှ အူသံက တမ်းတမ်းတတ
(အရမ်းမုန်းတာပဲ)
အနွေးအင်္ကျီမ၀တ်ချင်ဘူး။ ချည်စောင်မခြုံချင်ဘူး။
စိတ်ဟာ ဒူးကွေးကွေးနဲ့ ပိုက်ထားမိတဲ့ ခပ်တင်းတင်းလက်တစ်စုံကြား
စိမ့် ကနဲ့

ဝင်သက်ထွက်သက် ယဲ့ယဲ့လေး လှုပ်နေရုံကလွဲလို့
ပဲ့ရွဲ့နေတဲ့ ခန္ဒာကိုငြိမ်သက်
လေမထန်ခင် ကိုယ့်အရိပ်နဲ့  ကိုယ်ပြန်မိုး
မျက်အိမ်ထဲ စိုက်နေတဲ့မျက်တောင်ကို မနှုတ်တော့ဘူး
ရိုးစင်းလွန်းတဲ့  အခင်းအကျင်းက ဘာပြိးရင်ဘာ
ဒါဏ်ရာဟာ အကြောသေ လူမမာ
ပျော့ညံ့မိပြန်တဲ့ ကျနော် အမှတိမရှိကြယ်ဆွတ်ချင်တုန်း
မျှော်လင့်ချက်မပေးနဲ့ 
ကျေးဇူးပြုပြီး မျှောိလင့်ချက်မပေးပါနဲ့ 
ပျော်စရာဆိုတာ ပျော်လွယ်ပါတယ်
ငွေ့ရည်က သဏ္ဍာန့်မဲ့ ဖွဲ့ တည်သွားတော့
ဆောင်းညဟာ နက်တယ်.............။


မြ(၁၄.၉.၂၀၁၂)

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...