by Saypaing Htut Pathein on Saturday, August 18, 2012 at 2:45pm ·
တစ်ခါသုံး အနုပညာထွက်ကုန်များ ဈေးကွက်ထဲ
အလုံးအရင်း တိုးဝင်လာကြ။
မော်ဒယ်ရှိုးပွဲပြရင် Sexy Dance ကျိန်းသေပါမယ်။
ကမ္ဘာမပျက်ခင်ကတည်းက ကမ္ဘာပျက်နေတဲ့လူတွေ
စိတ်ပျက်စရာ။
ဝေဒနာပစ္စယာ တဏှာ သံသရာလည်စေသောဘီး
လှိမ့်စေဖို့ ချောဆီထည့်ကြသူများ(ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တ၀ါ)
အဆန်းတော့မဟုတ်ပါဘူး။
ငွေပုဂ္ဂိုလ်ကို လူတိုင်း အိမ်ဦးခန်း တင်ထားကိုးကွယ်
ဒီနေ့၊ မနက်ဖြန်၊ သန်ဘက်ခါ၊ တရွေ့ရွေ့၊ ခရီးဆက်
ဆက်သွယ်ရေးများ ကမ္ဘာကြီး ရွာဖြစ်စေခဲ့...
မကောင်းမှုများ ကမ္ဘာကြီး ရွာဖြစ်စေခဲ့...(ခြေရာနင်းတယ်)
လူမှုဆက်ဆံရေး နယ်ပယ်အတွင်း မုသားများ နေရာရလာပုံ
အာကျယ်သီအိုရီထက် လက်တွေ့ဆန်ခြင်းက အလုပ်
မီးနီပြပြီးရင် မီးစိမ်းတစ်ဖန် ခေါင်းထွက်လာမယ်။
သိပ္ပံပညာက စကြာဝဠာမဆန့်အောင် ကိုယ်ဝန်လွယ်တာမျိုး။
ရုပ်ထွက်ကောင်းတဲ့ TVက စိတ်အသံ ခဲလွတ်နေ။
ပင်ရင်းအစေ့မှ ခွဲထွက် ခေတ်ပေါ်ကဗျာလားရားလား?
သစ်ပင်ကြီးမျိုး အမြစ်တွယ်လာခဲ့ (ခိုင်မာ/သန်မာ)
အယူအဆတွေ တစ်ခုနဲ့တစ်ခု စီးချင်းထိုးရင် အန္တရာယ်
ပညာတတ်ပန်းသီးတချို့ ကိုက်လိုက်တိုင်း ပိုးပါတယ်။
မုန်းတိုင်းမကြောက် ပွင့်သောပန်း သက်တော်ရှည်ပါစေ...
ဆုတောင်းနေရုံ။
ဖြစ်စရာရှိ ဖြစ်၊ ပျက်စရာရှိ ပျက် ဓမ္မတာ
ပေါ်ပင်ခေတ်
သူ့ခန္ဓာ အရောင်စုံအောင်တော့...
မြွေဝင်စားလို အကြိမ်ကြိမ် အရေခွံလဲနေရ
ကြည့်ပါ။
စေပိုင်ထွဋ်(ပုသိမ်)
No comments:
Post a Comment