Thursday, November 1, 2012

ဓမ္မဓိဌာန် ဆန်သော နေ့စွဲများ - မောင်မိုးမြင့်

ဓမ္မဓိဌာန် ဆန်သော နေ့စွဲများ
................................................





ဒါဟာ  အရောင်တောက်နေတဲ့ နို့ဆီခွက် တစ်လုံးလား
ဒါမှမဟုတ်
အနံ့မွှေးနေတဲ့ အရက်သမား အန်ဖတ်များ ဖြစ်နေမလား
ဒါ့ထက်ပို ပြောရရင်
တစ်ခါမှ မမြင်ဖူးလိုက်ရတဲ့
ငါ့မယားရဲ့ ပျက်ကျသွားတဲ့ သန္ဓေသားလား
အရာအားလုံးဟာ စနစ်တကျနဲ့ မှားယွင်းစွာ တပ်ဆင်ထားသော
ခလုပ် ၊ ဓား အပိုင်းအစများ
လမ်းကြို လမ်းကြားထဲမှ အနာဂတ်ရဲ့ ခြေရာသေးသေးလေးတွေ
ပေါ့ပေါ့ ပါးပါး ခေတ်ကိုမျှားပြီး

ရယ်မော နေကြလိမ့်မည်ထင်
မျိုချခဲ့မိသော အိမ်အိုလေး
မငိုပါနဲ့   အမေရယ်
မြို့ကြီး ပြကြီး ရေကြီးတာကလည်း
တိုးတက်မှု့ရဲ့  ပြယုဂ်ပဲ ဆိုပါတော့
တောင်တန်းတွေကြားမှာ ငြိမ်းချမ်းရေးတွေ
ပြာလွင်စွာ ပွင့်ဖူးနေကြတာဟာ
ခြောက်ကပ်စွာနဲ့ တစ္ဆေဆန်လှတယ်
ကြောက်မိပါရဲ့ စိတ်ထဲစွဲ
မြဲနေအောင် အရိုးထဲ အထိဖောက်
အာခေါင်တွေ ခြောက်ကပ်လာပြီး
ဒါဟာ လူမသိ သူမသိ ဖြစ်လာတဲ့ အမှန်တရား
အလွှာပါးလေးကြားက ကွေးထွက်လာတဲ့ သစ္စာစကား
မတရား စွပ်စွဲမှု့တွေနဲ့ ပြည့်နှက်နေတဲ့
ပုဒ်မ ၁၅/ခ ဆန်ဆန် အပြစ်ကျူးလွန်မှု့ သဲလွန်စ
သူ လှလား ၊ သူမ လှလား
အလှတရားဆိုတာ လက်မှတ်မထိုးပဲ ညားနေတဲ့
လူဂုဏ်တန်တစ်ယောက်ရဲ့ ဆံတိုမယားလေးများဖြစ်နေမလား
လူငယ်တွေလား ၊ ပိတောက်ကိုင်းခြောက်တွေလား
အရောင်မွဲမိုးရေစက်တွေလား ၊ ဆေးလေးလေး ကွမ်းယာ တစ်ယာလား
ကိတ်ဝင်းစလတ်စ် လား ၊ မာရီလင် မွန်းရိုးလ် လား
ဆရာပိုင်စိုးဝေရဲ့ မိဝင်းများလေလား
မေးခွန်းတိုင်းကို ဖြေဆိုရန် မလို
မနက်ဖြန် အတွက် အသက်ကို ၀၀ ရှူပါ ။              ။


- မောင်မိုးမြင့်

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...