ဘာကိုမှလိမ့်ပတ်မလည်သေးဘူး ...
ဆံပင်တွေပွလာတယ် ၊ စာရွက်တွေ ပွလာတယ်
နှုတ်ခမ်းတွေ တင်းလိုက် ဆူလိုက်နဲ့ အရည်ဖျော်ဖို့အသားကိုညှစ်နေတာ …
သာမန်ရိုးကျ ဖြတ်လိုက်ဖြုတ်လိုက် ပွလိုက်ကျစ်လိုက် နဲ့ စားချင်စဖွယ်အချိုပွဲလေး
ကီးဘုတ်ပေါ်လက်တင်ပြီးစဉ်းစား မျက်လုံးပုတ် ခေါင်းကုတ်နားနှစ်ဖက်ကိုတင်းတင်းစေ့
ခုထိလိမ့်ပတ်မလည်သေးဘူး။
တစ်ကိုယ်လုံးအကြောအချဉ်တွေဆန့်ထုတ်လိုက် … ဒီအခန်းမှာဘာကြွက်မှမရှိဘူး …
တစ်ခန်းလုံးဟောင်သွားအောင်သမ်းဝေ … ကိုယ့်ရင်ဘတ်ကိုလျှာနဲ့လျက်နေရတာကိုက အရသာ …
ခုထိလိမ့်ပတ်မလည်သေးဘူး ...
ပုံရိပ်ကိုစစ်ထုတ် မြင်ကွင်းတွေေ၀၀ါးလာ အသံရှုသံတွေမွန်းကြပ်လာ
ပန်ကာတစ်လက်၊လိုင်းကားတစ်စီး၏မြည်သံကို စာလုံးပေါင်းကြည့်သလို နံရံဆီရောက်လိုက် မှန်ဆီရောက်လိုက်
ဘာကိုမှ လိမ့်ပတ်မလည်သေးဘူး...
ဆေးလိပ်ငွေ့ တွေထဲ စိတ်အဟောင်းတွေပါသွားတယ် … သွားအနောက်မှာဆေးချိုးတွေ
မျက်စိမှိတ်ထားလည်း စာသားတွေလိုင်းကြပ်နေတုန်း … တစ်ခန်းလုံးဗို့ အပြည့်ရလည်း ခေါင်းထဲမှာမှောင်နေတုန်း
စကားလုံးတွေနဲ့ ဂုံးကျော်တံတားထိုးပြီးဆင်းချလိုက်တယ် လိမ့်ပတ်တော့မလည်သေးဘူး …
ပါးတွေချိုမ့်ဝင်သွားတဲ့အထိ ပြုံးလိုက် ခေါင်းကပြားပြီး မော်နီတာက လုံးလာတယ် …
ရင်ဘတ် နဲ့ ၀မ်းဗိုက်ကြား က အဆက်စပ်လေးက လျှာဖျားပေါ်အရသာ အရှိဆုံးပဲ
ခေါင်းနဲ့ ဖင် နေရာခြင်းပြောင်းလိုက်တယ် … ငါ့ကိုမွေးပြီး သူကစာရေးတယ်။
ဘာမှလိမ့်ပတ်မလည်ဘူး …
စာသားတွေ အသံမငြိမ်သေးဘူး အစိုင်ခဲတစ်ခု ညပ်နေသလို ပိနေသလို
စကားလုံးဟာ ဘရိတ်နဲ့ ခုတုံးလုပ်ခြင်းခံရသလို ဖောင်းလိုက်ပျော့လိုက် …
နောက်က ၁၀ မိနစ်နဲ့ ရှေ့ က ၁၅ မိနစ်ကို အသံချည်းသက်သက်မိတ်ဆက် … ဘာအပြုံးမှ မပါသွားဘူး ..
တပ်ဆင်ဆဲကာလဟာ ကြိုးတပ်ခံထားရသလို ကြိုးဆွဲနေရသလို
ပြီးနောက်
ခေါင်းတစ်ခြမ်းလုံး ရုံးဆင်းနေတယ် စက္ခုကလူပျိုရည်ပျက်လာပြီ…
အစာထုပ်တစ်ထုပ် ၊ သတိပေးချက်တစ်ခု ၊ ခြောက်သွေ့ သောနေရာတွင်ထားပါ
ခြေရင်းကကြောင်ကိုဆွဲပွေ့ လိုက်
အစာခွက်ထဲ ကြောင်စာလေးတွေ ဝေါခနဲ ဝေါခနဲ …
ရင်ဘတ် နဲ့ ၀မ်းဗိုက်ကြား က အဆက်စပ်လေးက လျှာဖျားပေါ်အရသာ အရှိဆုံးပဲ …
"You can't help that. We're all mad here." - The Cheshire Cat from Alice in Wonderland
ခုထိ ဘာကိုမှ လိမ့်ပတ်မလည်သေးဘူး။
"I think I'll come back as a cat." - George Ney
မောင်အောင်ပြည့်
27.1.13
No comments:
Post a Comment