စကားလုံးတွေ
နွေးနေတယ် ... အသံတွေ ယဉ်ပါးနေတယ် ... သိမ်မွေ့ခြင်းက နားထဲကဖြတ်
မျက်လုံးထဲကန့်လန့်တိုက်ပြီး အလင်းကြားထဲမျောနေတဲ့ပါးနှစ်ဖက်ဟာကျိန်းစပ် --
တိတ်တိတ်လေးမကြားရတဲ့အသံက ဦးနှောက်ကို ဖောက်စားလို့ကောင်းသလိုမျိုး
စိတ်ဟာမနက်ဖြန်တွေထဲတွန်းလို့ဝှေ့လို့ ။
ဆင်ခြင်လာတယ် ... သုံးသပ်လာတယ် စကားလုံးတွေကို တိကျချင်လာတယ် ... မတီထွင်ပဲ ဆန်းနေတဲ့ စကားလုံးတွေက ကီးဘုတ်ပေါ်ထားတဲ့ ယုံကြည်ချက်နဲ့ ကျလာသလိုမျိုး ဖွင့်မထားတဲ့မျက်လုံးတွေက နင်းထားတဲ့မြေကို နာမည်တပ်မနေတော့ပဲ အပြုံးနဲ့ မိနေတဲ့ကာရန်နဲ့ နိုင်ငံကူးနေတယ်။
နာရီတွေ ကြပ်သွားတယ် လက်ပန်းတွေကျသွားတယ် ... အချိန်ကိုက်ရောက်လာတဲ့ စာသားတွေနဲ့ ဘ၀ကို တိမ်ထဲထည့်ထားရသလို မိန့်ခနဲ မြောက်ခနဲ ပြီးတော့ ခေါင်းတစ်ခုလုံး အလျော်ပေးလိုက်ရသလို ရင်ဘတ်ကိုအပြုံးနဲ့ ကိုင်ပေါက် စိတ်ကူးချည်းကြောင့်မနက်တွေ လှနေတာမျိုးမဟုတ် အပျော်ကိုလျှောက်ကူးသလား နေရာပြောင်းကူးသလား နဲ့ အသက်ရှုသံကို အပူချိန်ညှိနေရသလိုမျိုး ။
မနက်ဖြန်တွေကို ကာလာခြယ်မယ် ...ယုံကြည်မှုဟာ စည်းတွေဘောင်တွေကြားက ဘေးမဲ့ဇုန်လို မျိုးသုန်းသတ္တ၀ါတွေနဲ့ချည်း အသက်သွင်းထားသလို အနာဂတ်တစ်ခြမ်းကို အပိုင်းခွဲပြီးကစားနေမိပြီး သုညတွေဖြည့်ထားတဲ့ပူဖေါင်းတွေကို armor တပ်ပေးနေရတာကိုက မူပိုင်အဘိဓာန်ရဲ့ အချိုအချဉ် က လေးလိုက်ပေါ့လိုက်။
အရိပ်မရှိတဲ့ ကိန်းတွေက တန်ဖိုးတက်လာပြီး ... တန်ဖိုးထဲကအရိပ်တွေကိုကွန်ယက်တွေထဲဖောက်ဖွက်ထားနေမိသလိုမျိုး
လမ်းမတွေ့ တဲ့ခြေထောက်တွေက မာပြီးရင်း မာလာတယ်။
မောင်အောင်ပြည့်
17.2.2013

No comments:
Post a Comment