ကမ္ဘာကြီးပူနွေးပြီး ငါ့နေရာလေးကွက်အေးနေတာလည်း ရှော့ခ်ပဲ
လူကကြီးကြီးလာပြီး စိတ်ကမကြီးလာတာလည်း ရှော့ခ်ပဲ
ဘယ်တော့မှဆောက်လို့မပြီးတဲ့ ငါ့ရဲ့အိမ်ဟာလည်း ရှော့ခ်ပဲ
ကားတွေကောင်းပြီးလမ်းတွေဆိုးလာတာလည်း ရှော့ခ်ပဲ
လူတွေကြားမှာနေပြီး လူတွေစကားနားမလည်တာလည်း ရှော့ခ်ပဲ
ဂုဏ်သိက္ခာကို ပိုက်ဆံလို့ထင်နေတာလည်း ရှော့ခ်ပဲ
အဆက်အသွယ်မရှိခဲ့တဲ့ သုံးနှစ်စာဟာလည်း ရှော့ခ်ပဲ
နာမည်ကြီးတွေကို ဝေဖန်နိုင်မှာ လူရာဝင်တယ်ထင်နေတာလည်း ရှော့ခ်ပဲ
ခွေးလေးအရောဝင် ပါးလျှက်နားလျှက်လုပ်တာလည်း ရှော့ခ်ပဲ
ရေအိုင်ထဲကဖားလည်းရှော့ခ်ပဲ (ပင်လယ်ထဲကငါးလည်း ရှော့ခ်ပဲ)
ပိုက်ဆံများများရှာဖို့ ပိုက်ဆံများများလိုနေတာလည်း ရှော့ခ်ပဲ (အဲဒီလိုထင်နေတာလည်း ရှော့ခ်ပဲ)
လူကိုလူလို့မမြင်နိုင်တာလည်း ရှော့ခ်ပဲ (ကိုယ့်ကိုသူများတွေလူလို့ မမြင်ကြတော့မှာလည်း ရှော့ခ်ပဲ)
လူမျိုးကြီးဝါဒစွဲနေတာလည်း ရှော့ခ်ပဲ (လက်ခံယုံကြည်ပေးနေတဲ့လူတွေလည်း ရှော့ခ်ပဲ)
အဲဒီကောင်ကို ငါ့ကျေးဇူးတွေရှိတယ်ဆိုတာလည်း ရှော့ခ်ပဲ
နားလည်မှုကိုတောင်းဆိုခြင်းနဲ့ ရချင်နေတာလည်း ရှော့ခ်ပဲ
ယိုသမျှချီး ပုစွန်ဆိတ်ခေါင်းထဲချည်းလို့ ထင်နေတာလည်း ရှော့ခ်ပဲ
အချစ်ဆိုရင် ဟိုတယ်ခန်းတွေပြေးပြေးမြင်နေကြတာလည်း ရှော့ခ်ပဲ
ဘာမှမရှိပဲ တစ်ခုခုရှိနေသလို ဟန်ဆောင်နေပြရတာလည်း ရှော့ခ်ပဲ
လူပဲကွ .. အမှားဘယ်ကင်းပါ့မလဲ ဆိုတာလည်း ရှော့ခ်ပဲ
အစ်မတုန်းက ဘာနဲ့တင်တောင်းသွားတာ။အစ်ကိုတုန်းက ဘယ်လိုတင်တောင်းခဲ့ရတာတွေလာလာပြောတာလည်း ရှော့ခ်ပဲ
မြူးဇစ်နဲ့ မူးယစ်ရှိရင် အဆင်ပြေပါတယ်ဆိုတဲ့ကောင်ကြီး ဟိုထဲမှာဆုံးသွားတယ်လို့ကြားရတာလည်း ရှော့ခ်ပဲ
အိတ်ထောင်ထဲလှမ်းလှမ်းကြည့်ရင်း 'ဆရာ ဆရာ' အခေါ်ခံရတာလည်းရှော့ခ်ပဲ
လည်ပင်းဖက်ထားတဲ့လက်တွေ လည်ပင်းညှစ်တတ်လာကြတာလည်း ရှော့ခ်ပဲ
စာအုပ်တွေအများကြီးဖတ်ပြီး သိမှုမတိုးပဲ စာအုပ်ကြီးဖြစ်သွားတဲ့ကောင်လည်း ရှော့ခ်ပဲ ..
အလိုလိုနေရင်း ဘုရားထူးချင်နေတဲ့စိတ်တွေဟာလည်း ရှော့ခ်ပဲ
ကဗျာဆရာက Facebook ကြီးပျက်သွားရင်ဆိုပြီး တွေးကြောက်နေတာလည်း ရှော့ခ်ပဲ ..
အောက်ကြေးထိုင်ရင်း အောက်ကြေးနှိုက်ရင်း အောက်ကကောင်ဖြစ်သွားတာလည်း ရှော့ခ်ပဲ ..
... ရှော့ခ်မရှိဘူး တစ်ရှော့မှငါးထောင်ပဲ ဆိုတာလည်း ရှော့ခ်ပဲ .. ။
လူကြီး
322013
No comments:
Post a Comment