Tuesday, February 19, 2013

ကိုယ့်ရဲ့သက်တန့်ငယ်(မောင်မြတ်သူ)


မဖြစ်မနေ ခေါ်လာတာခံရတဲ့ ခွေးမလေးဟာ သမင်လည်ပြန်

ခွေးမလေးဟာ ပုသိမ်ကို ညာခေါ်လာတဲ့ ကျုပ်ကို လည်တခါခါ

ခေါင်းတခါခါနဲ့ နားမလည်သလိုလို နားလည်သလိုလို

ကြာမူကြာဟန် အပြည့် ညှို့ဓါတ်အပြည့်နဲ့ ကြည့်

ခွေးမလေးရဲ့ မျက်နှာပေါ်က Revlon ကို ဖြည်းညှင်းစွာ သပ်ချ

ခွေးမလေး ကိုင်ထားတဲ့ ဖိုင်ပေါ်ကို လက်သည်းဆိုးဆေး ပုလင်းလေးတင်

ငွေ အနည်းအကျဉ်းပါလာတဲ့ လက်ကိုင်အိပ်လေးကို စားပွဲထဲထည့်


ခွေးမလေးဟာ အကြောင်းအရာ မသိပဲ တော်သလင်းရောက်သွား

ခွေးမလေး သောက်တဲ့ ဘီယာထဲမှာ ၀ီလေးပတ်စာလောက်ပဲ ထည့်လိုက်တယ်

ခွေးမလေး အိမ်မှာ ကြည့်ဖို့ ကိုရီးယားကားတွေ ၀ယ်ဝယ်ပေး

အချစ်အလွမ်းစွန့်စားခန်းတွေ အကုန်လုံး ခွေးမလေးအတွက်

နှုတ်ခမ်းလေးစူလိုက် ပါးလေးဖေါင်းလိုက်နဲ့ ခွေးမလေးရဲ့ ဓါတ်ပုံလေး ကြေကြေမွှ

အနှင်းခံလိုက်ရတဲ့ နှင်းဆီပွင့်လေးဟာ ခွေးမလေးရဲ့ နိမိတ်ပုံပဲ

ခွေးမလေးရဲ့ တ ထထ တ ကြွကြွ လှတ ပတ ပုံလေးဟာ ရွှန်းရွှန်းလဲ့ စန္ဒာဆိုပြီး ကုန်းရုန်း

အော်နေလိုက်တာများ like like like တဲ့ ငတ်မွတ်ခြင်းနဲ့ အပြိုင် မိုက်ရိုင်းနေလိုက်တာ

နမ်းဖို့တောင် မထိုက်တန်လောက်အောင် သုံးယောက်မြောက်ရည်းစားနဲ့ ကွဲကွာသားတဲ့

ကမ္ဘာ့စီးပွားရေး ပျက်ကပ်နဲ့ ခွေးမလေး ရဲ့ အခြေအနေကို

ဥပမာပေးရရင် အငတ်ငတ်အပြတ်ပြတ် တောခွေးသာသာ

စစ်သားငါးယောက်လောက် အမဲဖြတ်ခံနေရတဲ့ လူ့အခွင့်အရေး ရရှိတဲ့ ဗီယက်နမ်သူလေးပေါ့

ခွေးမလေးရဲ့ တည်နေရာကို ဂူးဂဲလ်မှာ ရည်ညွှန်းချက်အရ

ဧရာဝတီ တိုင်းဒေသကြီး ၊ မြောင်းမြခရိုင် ၊ ကုန်းသာကျေးရွာရဲ့ ၆၈ခုမြောက် အိမ်ထောင်စုရဲ့ အထွေးဆုံးသမီး

ပြောသာ ပြောတယ် ခွေးမလေးက ကြာမူပါပါနဲ့ စက်တပ်ချုပ်တာပါ

ထမင်းငတ်ပေမယ့် ဆင်းရဲလို့ ပုသိမ်ကနေပြီး ကျောက်မြောင်းရောက်သွား

ခွေးမလေးဟာ များပြားလှစွာသော ဘာသာစကားများရဲ့ ညစ်ညမ်းမှုစံချိန်အောက်မှာ

ဖို ၀ါဒီတွေရဲ့ ဆုံးဖြတ်ချက်အရ မိန်းမပျက်ပေါ့ ပြည့်တန်ဆာပေါ့ ပိုင်းလုံးပေါ့

ငါ့အတွက်တော့ ခွေးမလေးဟာ မိုနာလီဇာ မှသည်. ပပ၀တီ .ထိုမှတဆင့်. အင်ဂျလီနာဂျိုလီ

ခွေးမလေးရဲ့ ဘီယာခွက်တွေ ၊စာလုံးပေါင်းမှားနေတဲ့ သတ်ပုံတွေ ၊ အမြဲတမ်းဖွင့်ထားတဲ့ ပန်းချီတွေ

သုံးချောင်းထောက် ဘ၀လေးရယ် ၊ ဆေးပြယ်ခါစ အိပ်ရာနိုးလာပုံ ဓါတ်ပုံလေး

ဒါတွေကို ချစ်ခင်စွာနဲ့ ခွေးမလေးကို သတိမဆွဲနိုင်ခင် လွိုင်ဇာပို့လိုက်တယ်

လင်ကောင်းသားကောင်း ရစေကြောင်းပေါ့။



  • မောင်မြတ်သူ

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...