Tuesday, February 19, 2013

Confirm(ကူနို.)


ပျောက်သွားတဲ့ အတွေးထဲမှာ အနက်ရောင် တစ်စွန်းတစ်စတောင် မပါဘူး
ဖျောက်ချင်နေတဲ့ အတွေးထဲမှာသာ အနက်ရောင်တွေ လင်းလို့
နေပေးပါ အခန်းအိုထဲမှာ ညဆို ကိုယ်ရောင်တွေခြောက်တယ်
မျှော်ကြည့်မိတော့ မောတယ် မော်ကြည့်ရုံကလည်း မတတ်သာဘူး
ထပ် ထပ် ထပ် ကာပါ ကာဗာကွယ်နေတဲ့ book အုပ်ကြီးနဲ့

အသက်ရှူက ခုထိကျပ်နေတုန်း
ရာသီဥတုကလည်း ခုထိ မတ်နေတုန်း
မညှာမတာ ပါးစပ်က သက်ပြင်းနဲ့ ခပ်ပြင်းပြင်းရှူ/ထုတ်နေရတယ်
ခွင့်လွတ်ပါ ကော်ဖီကြမ်းရေ ဓမ္မတာဆိုပြီး နင့်ကိုပဲ အပြစ်ဖို့မယ်
သီချင်းသံမလာခင်သာ အိပ်မက်တွေ ကြိုမရောက်စေနဲ့
ကြိုနှင့်မယ်ဆိုပြီး သွေးဖြူဥတွေ နရံမှာပြေးကပ်ပြီ
ကိုယ့်ကိုကိုယ် ပြန်ရင်းနှီးမြုပ်နှံ ရောဂါဟာ အတွင်းနဲ့အပြင်မှာ မျှတစွာပေါက်ဖွား
အခုကစလို့ တစ်ကြိမ်မြောက် နှစ်ကြိမ်မြောက် စသည်ဖြင့် အကြိမ်ပေါင်းများစွာ
သေသပ်ကြည့်မယ် စနစ်တကျပဲ ပုံသွင်းခံမလား
သေသပ်ကြည့်မယ် စနစ်တကျပဲ ပုံသွင်းကြမလား
ရှေ့ မှာ သီအိုရီအသစ်နဲ့ အာပတ်မိခြင်းတွေ
ရှေ့ မှာ ဒီမိုကရေစီအသစ်နဲ့ ကိုယ့်အမြီးကိုယ်ပြန်မျိုမိခြင်းတွေ
ရှေ့ မှာ ရှေ့ကို ပြေးခြင်းနှင့် နောက်ကျခြင်းတွေနဲ့ပဲ ငါ့ကိုအဆုံးသတ်ပစ်ပါ
လှိုင်းလုံးတွေ ကြားမှာ လက်သည်းဝှက်တတ်တော့ရော
"ငါမသေဘူး ရေကူးတတ်တယ်"ပြောခွင့်ရပါ့မလား
ပြောခွင့်ရချင်ကြပါ့မလား ပြောခွင့်ရခဲ့ကြသလား
အမေးအဖြေတွေဟာ ကောင်းကင်ပေါ်က ပြုတ်ကျလာ
အရင်းအနှီး တွေက မြေစိုင်မြေခဲကနေ ထွက်ပေါ်လာ
ဆုတောင်းချင်သူတွေက ရူးနှမ်းသူတွေ၊ သည်အစား တောင်းတဲ့ဆုတွေသာ မရူးစေဖို့
ကျေးဇူးပြု၍ အခန်းမီး ခလုတ်နှိပ်ပေးပါ
အစအဆုံး ငြိမ်းချမ်းအောင် ကိုယ်စိတ်ကိုယ်ဖမ်း
ဒါမှမဟုတ် ကိုယ့်စိတ်ကိုယ် Confirm ကြရအောင်။

                                                                       ကူနို.
                                                                      (15/2/13) 1:48 AM

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...