Wednesday, October 31, 2012

ဖော်ပြပါ INDEX အတိုင်း လရောင်သာခိုက်မှာ အမ်စတာဒမ်သို့ ရောက်ရှိ by Moe Kay Khamm on Wednesday, October 31, 2012 at 11:07pm · ဖော်ပြပါ INDEX အတိုင်း လရောင်သာခိုက်မှာ အမ်စတာဒမ်သို့ ရောက်ရှိ(မိုးကေခမ်း)


ကမ္ဘာကြီးရေ… ထလော့ သင့်အိပ်မက်တွေ ဆိုးတယ်  ကိုယ့်ထမင်းကိုယ်စားပြီး  ကြားရတဲ့အသံ ကျီးကန်းအာသံ  ကျွန်တော်တို့ဟာ  ချက်ကြိုးကို ဖြတ်ပြီး ကြယ်မစုံခဲ့ဘူး  ချမ်းသာခြင်းဟာ ခြင်္သေ့တစ်ကောင်လို ဟိန်းဟောက်တယ်  ငါ ငယ်စဉ်က စပိန်ဂစ်တာတစ်လက်ကို ဆံပင်ဖြောင့်ဆိုင်က ထွက်လာတဲ့ ကောင်မလေးနဲ့ ခလုတ်တိုက်မိလို့ ငါတို့၏ ပရိယေသနများ အတည်လိုလို၊အဟုတ်လိုလိုနဲ့  အရိုးခေါင်းတီရှပ်နဲ့ လျှပ်စစ်ကြိုးတွေ ချည်နှောင်ထားတဲ့ သူ့လက်ရေးလက်သားနဲ့ ငါ့ကို မွေးပြီး နှစ်ပေါင်းငါးဆယ်အတွင်း အထပ်ထပ်မြင့်တက်သွားတဲ့ တိုက်ကြီးကြီးတွေကို လှမ်းမျှော်ကြည့်ရင်း ဆုံးဖြတ်ချက်တစ်ခု မှားယွင်းဖို့ရာ  ဇွန်လကို ငါတို့ပိုင်တယ်ထား ဒီနေ့  ဒီမှာ…ဒီမှာ…ဟိုမှာ…ဟိုမှာ  ပြတင်းတံခါးတွေ ဖွင့်လိုက်ပြီးတာနဲ့ မိုးစက်ကလေးပါပဲ… ဒီကဗျာ
ဓာတ်ပုံကဗျာလို့ ပြောရမလား ကဗျာဓာတ်ပုံလို့ ပြောရမလား  တနင်္လာတွေ အင်္ဂါတွေ မပေါ်မီက ရထားတဲ့ ဘဝမှာ ရေဒီယိုကို ဖွင့်လိုက်တိုင်း ခေါင်းတွေပါ ထထလင်းနေတာ ကိုယ့်လူ တနင်္လာတွေ အင်္ဂါတွေ မပေါ်မီကဆိုတော့ မြို့ ကြီးက  မြို့ရိုးပေါ်တက် တနင်္လာတွေ အင်္ဂါတွေ မပေါ်မီကတည်းက အမြဲပြနေတဲ့ ရုပ်ရှင်ကားထဲ လာလာခေါ်တယ်။ ရောက်ရောက်လာတယ်  နှစ် ၂၀ တေး  နှစ် ၂၀ မှ ၃၀ အတွင်း အကြီးကောင်အတွက် ထမင်း မငတ်ဘူး တနင်္လာတွေ အင်္ဂါတွေက မပေါ်သေးဘူး  တနင်္လာလေး အင်္ဂါလေး ဒီစာမေးပွဲအောင်ရင် တူ…တူ…တူ မေးခွန်းတွေ လာနေပြီ မည်းမှောင်ဟောင်စပ်နေတဲ့ ဂူလိုဏ်တွေထဲမှာ ၁၀ နှစ်လုံးလုံးလျှောက်သွားနေတော့တာပဲ တိုက်ရိုက်အဓိပ္ပါယ်ကနေတဆင့် ခင်ဗျားနောက်က ထပ်ချပ်ပါလာတာ  တစ်ခါတစ်ရံမှာ ဘုရားသခင်က ကောင်းချီးပေးတယ်  တစ်ရက်ပြီးတစ်ရက်  တိမ်ပေါ်ဒန်းစီးပြီး  ဒီအရည်တွေကို ထိရောက်တဲ့ ကုထုံးသစ်တွေနဲ့ ဆေးတွေ တွဲစပ်  ဓာတ်ဆီသည် ဖိနပ်ဖြစ်သည် ဒါဟာခေါင်းစဉ်အဖြစ် တပ်ထားတဲ့အတွက် ခေါင်းစဉ်ဖြစ်တယ်ပေါ့ သူ့သမိုင်းက  သဲကွင်းမှတ်တိုင် နေတော့ တံတားအောက် ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးအတွက် နေ့ခင်းကြောင်တောင် အူနေတယ် အူလှိုက်သည်းလှိုက်ကို အူနေတယ် အချိန်တွေ ပိုနေလို့ နှစ်တွေ ကြာလာပြီဆိုတော့ ဝါလာမှာပေါ့ ပါးပျဉ်းရဲရဲ ပလတ်စတစ်မျက်နှာတွေရဲ့အောက်မှာ အကုန်အကျ သက်သာစေပြီး ပုဒ်မတွေ၊ ပုဒ်ထီးတွေနဲ့ ဝါကျကို မတည်ဆောက်လိုလို့ ကဗျာရေးပါတယ် ပိုကောင်းတဲ့ အာရုံစိုက်မှုတစ်ခုဟာ စားပွဲပေါ်တင်ထားတဲ့အတွက်  ပင်လယ်က မြစ်ရင်သားထဲ စိုက်ဝင်  ဖြစ်တည်မှုက ဘာမှမသေချာ ဘာများ ဖြေသိမ့်စရာ ရှိလို့လဲ…တွေဝေမှုမှာ (ဧတဒဂ်) ရသွားတယ် မင်း မနာလိုဖြစ်ရလောက်အောင်   မင်းရဲ့ တံတွေးစက်တွေက အကွေ့အကောက် မများလှပါဘူး မြွေတစ်ကောင် ဝင်လာတယ်  ရန်ကုန်က ညနေ ၄ နာရီမှာထွက်  မိမိအသက်ပေးရလောက်တဲ့ အရာကို လေတံခွန်လွှတ်တမ်း ကစားကြရအောင် အပြာရင့်မှောင် လရောင်ဆီ တောကြီးမျက်မည်းက သဲကြီးမဲကြီးရွာနေဆဲ  သူတို့ ဒီအိမ်မှာ မနေကြတော့ဘူး လူ့အခွင့်အရေးက မဂ္ဂါဟာ့ဇ်တစ်ခုနဲ့ အမှန်တရားကို ဘရိတ်ဖတ်စ်ကျွေးဖို့ အရင်ဦးဆုံး ရေပူစီပေါင်းလေးတွေ မျက်စိထဲ မြင်ယောင်မိတယ်  အခြားသော ယုံကြည်မှုတွေ စုံလုံးကန်းခဲ့ပေမယ့် ဟောဒီမိုးတိမ်တွေကို လက်ဖဝါးနဲ့ ကာကြည့်ရတယ် ရိုးရိုးလေးနဲ့ ယဉ်သတဲ့ ယဉ်သမျှ ရင်ကျိုးခဲ့ရတာတွေ Hey the world…  Wake up, your dreams are bad!

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...