Wednesday, October 31, 2012

မျက်နှာဖုန်းစွပ်မထားတဲ့ နင်ဂျာတွေ ခေတ်စားတဲ့ ခေတ်(မှူးသစ်)


နှလုံးခုန်သံတွေ အလုပ်မလုပ်တော့ဘူး လက်ဖျန်ရိုးသွေးကြောတွေ ရပ်တန့်
ခြေသန်းလေးတွေက စပြီး မွန်းကျပ်တယ်၊ ဆံပင်တွေ ရောင်ရမ်းပြီး လှုပ်ခတ်ကြည့်တယ်
လေတိုက်နှုန်းကတစ်နာရီ ၆၅ မိုင်..ဆံပင်တွေ ပြန်လည်လှုပ်ခတ်မလာသေးဘူး
ဝင်လေထွက်လေ သတိပြူပါ။ ရှိသမျှ တံခါးတွေ အားလုံးဖွင့်လိုက်ပါ
ဘာမှမကွားခြားနိုင်ဘူး တံခါးတွေ ပိတ်လိုက်လည်း နာရီတွေက ရပ်တန့်မသွားနိုင်ဘူး
နောက်ကြောင်းပြန်မလှည့်ပါဘူးးးးးး  မြစ်တွေလည်း စီးဆင်းဆဲပါ

မွန်းကျပ်မှုဟာ ၂၁ ရာစုမှာ ပြေးလွှားနေတဲ့ ဘစ်ကားအိုကြီးတွေရဲ့ အိုင်ကွန်
လူတစ်ယောက်မှာ သေနတ်တစ်လက် မရှိပေမယ့် လူတစ်ယောက်မှာ သေနတ်တစ်လက်စီရှိကြတယ်
ဒါ.. လူလတ်တန်းစားယဉ်ကျေးမှုအသစ်ပဲ
အံ့ဖွယ်ရာ ယွီယွီကလေး ကလေး အဖြစ်အပျက် မတိုင်မီကတည်းက စတင်သတိထားမိတယ်
တုန်လှုပ်စရာ၊ ပြောဆိုစရာ၊ ကိုယ်ချင်းစာမှု စသည်ဖြင့်...တီးတိုးပြောဆိုခြင်း
သတင်းစာမျက်နာများပေါ်မှာ ခဏတာ ဆုံတွေ့မှု သက်သက်
နှလုံးခုန်သံတွေ အလုပ်မလုပ်တော့ခြင်းကလည်း ယဉ်ကျေးမှုအသစ်တစ်ခု ဖြစ်နေတယ်။
အစုလိုက်အပြုန်လိုက် သတ်ဖြတ်ခြင်းက ဖက်ရှင်ဆန်တယ် ။
မျိုးချစ်စိတ်ကို တိုင်းတာဖို့ ဒေါ်သတရားတော့ အနည်းငယ်ရှိဖို့လိုလိမ့်မယ်။
ဒီဘက်ခေတ်က မျက်နှာဖုန်းစွပ်မထားတဲ့ နင်ဂျာတွေ ခေတ်စားတဲ့ ခေတ်
လူဦးရေဗုံးနဲ့အစွန်းရောက်မှု စနက်တံ ဖြုတ်လိုက်မှု၊
မျက်မှန်ပေါ်မှာ အရောင်တွေ စွဲကပ်ခြင်း၊ ပညာတတ် အစွန်းရောက်ခြင်းတို့နှင့်
ကို့ယ် အဖွဲ့စည်းရဲ့ စရိုက်ကို သေနတ်တွေ တပ်ဆင်ပေးလိုက်ခြားဟာ
ပြောပြဖို့မလိုတဲ့ အရေးအခင်းကို ဖြစ်ပေါ်စေတယ်။ ချစ်ရင်ပြန်လာပါ "အခန်းလေးလဲ ရှင်းလင်းထားတယ်"
မရှင်းလင်းရသေးတဲ့ ပြသာနာတွေမှာ  စိန်ခေါ်မှုတွေရှိနေပါတယ်။
လိုအပ်တာ စိတ်ပိုင်ဆိုင်ရာရှင်းလင်းမှု( **ကိုယ်ချင်းစရာတရားတွေ ပဲ့ပါမသွားတော့ ဖို့တော့ သတိထားရမယ်**)
ဘီယာဆိုင်မှာဖြစ်ဖြစ် ဘစ်ကားပေါ်မှာဖြစ်ဖြစ် လူကြိုက်များတဲ့ show ပွဲတစ်ခုမှာ ဖြစ်ဖြစ်
လူစည်ကားမှုနဲ့ တသီးတစ်သန့်ဆန်မှုတွေဟာ အတူတူပဲ
ဒီမိုကရေစီ က မွန်းကျပ်နေတယ်။ ဘစ်ကားပေါ်ရောက်ရင် ငါ့ဆံပင်တွေ သိမ်းထားမှ(ကောင်းမလေးတစ်ယောက်အတွေး)
ဒီမိုကရေစီက လွတ်လပ်တယ် ပေါင်တန်ဖွေးဖွေးကလေးတွေ ငေးကြည့်နေရတာရင်ခုန်တယ်( ... ဘယ်သူ့အတွေးလဲ)
ဒီမိုကရေစီက မွန်းကျပ်တယ် ခြေသန်းကလေးတွေက စလို့..
ဒီဘက်ခေတ်က  မျက်နှာဖုန်းစွပ်မထားတဲ့ နင်ဂျာတွေ ခေတ်စားတဲ့ ခေတ်.
ဘစ်ကားအိုကြီးမှာပြုတ်ထွက်သွားတဲ့ ကိုယ်ချင်းစာတရားနဲ့ အမှန်တရားကိုပြန် တပ်ဆင်ဖို့
အခြေခံကျဆုံး အလုပ်ရုံကလေးလည်း ပါမစ် ပိတ်ထားခံနေရသလို။


မှူးသစ်

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...