Sunday, November 4, 2012

ဒူးတင် ပေါင်တင် ပါတ်ဝန်းကျင် (မောင်မြတ်သူ)




မနေ့က လမ်းလျှောက်ထွက်ဖြစ်တယ်
မြို့လေးကို ပြန်ရောက်ရောက်ခြင်း ပထမဆုံး လမ်းလျှောက်ထွက်ခြင်း
ကျွန်မ ရဲ့ အိမ်လေးက မြို့လေးရဲ့ အပြင်ဘက်
ကြိုးတံတားကို လမ်းလျှောက်ရင် ငါးမိနစ်လောက်နဲ့
ရောက်တဲ့ နေရာ။

လွန်ခဲ့တဲ့
အသက် ဆယ့်လေးနှစ်မှာ

မြို့လေးကို စ ခွာရတာပဲ
အဖေ လိုက်ပို့ခဲ့တဲ့ နေရာမှာ
တိုက်ကြီးတွေ ရှိတယ် ကားကြီးတွေ ရှိတယ်

လူတွေ အရမ်းများတယ်
ရောက်ရောက်ခြင်း ပိုက်ဆံ ခုနှစ်သောင်း အဖေ့ကို ထုတ်ပေးတယ်
မန်နေတဲ့ ဂျာကြီးဆိုသူ ကြီး

ဒီလိုနဲ့
အစမ်းခန့် ဖြစ်မှန်း မသိ ဖြစ်လာ
အစမ်းခန့် ကာလဆိုတော့

အစမ်း ခံရ
ဟိုလို အစမ်းခံ ဒီလိုအစမ်း ခံနဲ့


လိုတာတွေ ထွက်လာ
ပိုတာတွေ ထွက်လာ

ကျွမ်းကျင်လာပြီဆိုမှ အမြဲတမ်း ၀န် ကို ထမ်းခဲ့ရ
လခကတော့ တစ်လ ကို တစ်သောင်းခွဲ
သူတို့က ထမင်းကျွေး ကိုယ်ကတော့ နင်းပေး

လုပ်အားမှ သီးပွင့်တဲ့ အကျိုးအမြတ်ဆိုလားက
တစ်နာရီကို ၃၅၀၀

ခွဲခြမ်းမှုအရ လူရင်းခ
အလုပ်ချိန်နဲ့အညီရတာက တစ်နာ ရီ ကို ၇၀၀

ဒါကတော့ လုပ်ငန်း သဘောအရပေးတာ
အဖမ်းခံ ထိရင် တစ်သောင်းခွဲ အဲ့ဒီ ၇၀၀ ထဲက နှုတ်
နေမကောင်းလည်း ၇၀၀ ထဲက နှုတ်
၇၀၀ဟာ စမူဆာ တစ်ခု နဲ့ ပေါ့စိမ့်တစ်ခွက် ဆေးလိပ်တစ်ပွဲရဲ့ ကုန်ကျစရိတ်
၇၀၀ဟာ ကော်ရည်ခေါက်ဆွဲတစ်ပွဲကို အီကြာကွေး ညှပ်ထည့်တဲ့ ကုန်ကျစရိတ်

၇၀၀ဟာ အကာအကွယ် မရှိ
၇၀၀မှာ ဘာကြေးညာကြေးပါလာ
၇၀၀ဟာ တစ်မိသားစုလုံးကို လိုက်ဖြည့်ပေးနေရတဲ့ ဆီပုံးထဲက နှမ်းတစေ့ ဖြစ်ခဲ့

ဒီလိုနဲ့ တစ်နာရီကို ၇၀၀ ရှိခဲ့တယ်
ခင်ရာမှာ ဆွေမျိုးတွေ ရှိတယ်
မြိန်ရာမှာ ဟင်းကောင်းခဲ့ရ အခါခါ
ပျိုမြစ်ခြင်း ကို အိပ်ရာပေါ်မှာ ကုန်ဆုံးခဲ့ရတယ်
သူသူ ငါငါ အားလုံးကို ပျူပျူငှာငှာ နဲ့

လူတောမတိုးရတဲ့ ရလဒ်အဖြစ် ၇၀၀ ကျပ်ကို လူပေးပြီးယူခဲ့
သမီးကညာ အခါလင့်တဲ့အခါ
ကျန်းမာရေး စရိတ်များအတွက် မကျန်းမာတဲ့အခါ
အခါ အားလျော်စွာ စစ်ဆေး ခံရသောအခါ
လူမိသောအခါ လူသိသောအခါ
သိသာသိစေ မမြင်စေနဲ့ ကြာလာတဲ့အခါ
ကျား ကြောက်ရ ရှင်ကြီး ခိုးတာခံရတဲ့
လူ့အဖွဲ့အစည်းရဲ့  ယဉ်ကျေးမှုမှာ
မြို့လေးကို အရွယ်တော် တစိတ်မက ဟိုင်းချိန်ပြန်ရောက်လာခဲ့
ဘယ်သူမှ ခေါ်ဟယ်မေးဟယ် မရှိလည်း
မနေ့က လမ်းလျှောက်ထွက်ခဲ့။


  • မောင်မြတ်သူ

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...