Sunday, November 4, 2012

KIO နှင့်ဆွေးနွေးမှု အပြီး ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေနှင့် တွေ့ဆုံခြင်း

“ဒါမျှော်လင့်ချက်ပေါ့ သိပ်မကြာခင်အချိန်ပိုင်းမှာ လက်နက်ကိုင် တိုက်တာတွေ ရပ်သွားနိုင်မယ် အဲ့ဒါပြီးရင် Political Dialogue လာမယ် Political Dialogue ကဘယ်လောက်ကြာမယ်ဆိုတာတော့ နှစ်ဖက် ဆွေးနွေးတဲ့ Player တွေရဲ့ ဘယ်လောက်စိတ်ရှည်ပြီးတော့ ညှိုနှိုင်းနိုင်မလဲ ဆိုတာပေါ်မူတည်တယ်။”



အောင်တိုဘာလ (၃၁)ရက်နေ့ ရွှေလီမှတွင် မြန်မာ အစိုးရအဖွဲ့ဧ။် ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့နှင့် KIO တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် KIO ဖက်က ဗိုလ်ချုပ်ဂွမ်မော် မတက်ရောက်ခဲ့ခြင်းကြောင့်ငြိမ်းချမ်းရေးဆွေးနွေးမှု အကျိုးသက်မှုများနှင့် KIO ငြိမ်းချမ်းဆွေးနွေးမှု အလားအလာ များ အပေါ် ငြိမ်းချမ်းရေး အကျိုးဆောင်တစ်ဦးဖြစ်သော ဦလှမောင်ရွှေအား The street View ဂျာနယ်မှ တွေ့ဆုံမေးမြန်းထားမှုများအား ဖေါ်ပြလိုက်ပါသည်။

မင်းသူ  တွေ့ဆုံမေးမြန်းသည်။

မေး
  လက်ရှိ KIO နဲ့ ဆွေးနွေးသွားခဲ့တာ ဘယ်လို ရလဒ်တွေ ထွက်လာတယ် ဆိုတာ အရင်ဆုံးပြောပြပေးပါဦး အဲ့ဒါနဲ့ အတူငြိမ်ချမ်းရေး ဖေါ်ဆောင်မှုအလားအလာရောပေါ့
ဖြေ
 ကျန်တော်နေနဲ့တော့ ၀န်ကြီးဦးအောင်မင်းနဲ့ အခု သွားတဲ့ တစ်နှစ်နဲ့ တစ်လတာ ကာလအတွင်းမှာ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဆွေးနွေးတာကို အကျိုးဆောင်အနေနဲ့လုပ်ရင်းချီးကျူးမိတာတွေ ရှိတယ် နှစ်ပေါင်းများစွာဖြစ်ခဲ့တော့ ဒီအပေါ်မှာ ချက်ခြင်းကြီး သံသယတွေ ပြေပျောက်ဖို့တော့ တော်တော်ခက်တယ် ဒါတွေကို ပြေပျောက်အောင်လုပ်ရင်းနဲ့ ယုံကြည်မှုတည်ဆောက်ပြီးတော့ တဆင့်ခြင်း သွားရမယ့် သဘောရှိတယ်။ဒါပေမယ့် ဒီအထဲမှာတော့ သူတို့ဖြတ်သန်းတဲ့ အနေအထားပေါ်မူတည်ပြီးတော့ တုံပြန်မှုကက တူမယ်မထင်နိုင်ဘူးအထူးသဖြင့်တော့ KNU ခေါင်းဆောင်အနေနဲ့လာဆွေးနွေးတဲ့ ဒေးဗစ်ထောတို့ လူမျိုးအနေနဲ့ Information  များများ ရပြီးတော့ ယုံကြည်မြန်မြန် ပိုရပြီးတော့ Reality ပိုမြင်သွားပြီး လုပ်သွားတဲ့အခါကျတော့  ခင်များတို့ ကျွန်တော်တို့ မြင်နေရတဲ့ အတိုင်းက ဖြစ်လာတာပေါ့။ ကချင်ခေါင်းဆောင်တွေ နဲ့ ပြန်ကြည့်လိုက်တော့
ဒီလိုဟာမျိုးက ဒီဘက်မှာ သိပ်ပြီးတော့ ဆွေးနွေးပွဲတွေက ။ပြည်မကြီးဘက်ကိုလည်းလာပြီးတော့ပေါ့ ကရင်ခေါင်းဆောင်တွေလို ပြည်မကြီးဆွေးနွေးပွဲတွေကို လာပြီးတော့ မလုပ်ဖြစ်သေးတာကိုသတိထားမိတယ်။ နောင်ဆွေးနွေးပွဲတွေမှာတော့   ပြည်မကြီးဘက်မှာလာပြီးတော့ ပြည်တွင်းမှာ လုပ်မယ်ဆိုရင် ပိုပြီးတော့ သတင်းအချက်လက်တွေ ပိုပြီးနားလည်လာနိုင်မယ်  ပိုပြီးတော့ ရလာမယ်ဆိုရင်တော့ ဒီဖြစ်စဉ်က ပိုပြီးတော့ မြန်လာမယ်လို့ ထင်တယ်။ ဒီတစ်ပတ်မှာ  ဘာလေးတွေပြောလဲ ဆိုတော့ ၀န်ကြီးဦးအောင်မင်းရှင်းပြတာက ဒီ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၀ရက်နေ့မှာ ၀န်ကြီးဦးအောင်မင်းအနေနဲ့ ဒီဆွေးနွေးပွဲတွေကို ဆက်ပြီးဆောင်ရွက်ဖို့ နောက်တစ်ကြိမ် ထက်ပြီး ကမ်းလှမ်းတယ်။အဲ့ကမ်းလှမ်းတဲ့ နေရာမှာ သူအနေနဲ့ official letter လည်းထုတ်ပေးလိုက်တယ်။ပြီးရင် အလွတ်သဘောအရလည်း ပြည်ထောင်စုအစိုးရအဖွဲ့အနေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို တစ်ချို့နေရာတွေကနေ ရုတ်သိမ်းပေးပါမယ့် ဆိုတဲ့ သဘောတရားနဲ့ ကမ်းလှမ်းတာမှာ ပါတယ်။ အဲ့တော့ ကျွန်တော်ဆိုလိုချင်တဲ့ အဓိပယ်က ဦးအောင်မင်းဘက်က ဒါကို တော်တော်ကိုပြင်ဆင်ပြီးတော့မှ သွားတယ်လို့ မြင်တယ်။ ပြီးတော့ ဒါကို ဆုတ်ပေးမယ်လို့လည်း ပြောပြီးသား ဒါကြောင့်မို့လည်း ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးကိုလည်းခေါ်သွားပြီးတော့မှ ရှင်းပြဖို့ဆိုတာလည်း ပါပြီးသာလို့  ကျန်တော်နားလည်တယ်။ တစ်ဖက်ကလည်း ဒါကို သဘောတူတယ်လို့ပဲ ကျန်တော့်အနေနဲ့ ထင်တယ်။ဒါပေမယ့် လက်တွေ့မှာ ၁၀ ရက်နေ့မှာ ကျန်တော်တို့ ဖိတ်စာပို့တယ် ၁၁ ရက်နေ့မှာ ဖိတ်စာကိုလက်ခံရရှိကြောင်းအကြောင်းပြန်တယ်။ ၂၁ ရက်နေ့ မှာသူတို့အနေနဲ့  ရွှေလီမှာတွေ့ဆုံမယ် ဆိုတာကိုအကြောင်းပြန်တယ်။ ၂၆ ရက်နေ့မှာဝန်ကြီးဦးအောင်မင်းက သူရဲ့လူစာရင်းတွေကို တစ်ဖက်ကအဖွဲ့တွေရှိကိုပို့လိုက်တယ်လို့ ကျွန်တော်တို့ကို ပြောတယ်။တစ်ဖက်က အဖွဲ့စည်းဘက်က လူစာရင်းတွေကို ၂၉ ရက်နေ့ည ညနေခြောက်နာရီမှာပေးတယ်။အဲ့ဒီချိန်မှာ ၀န်ကြီးဦးအောင်မင်းတို့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးတို့က မူဆယ်မှာ စောင့်နေပြီ။တစ်ခါ ၂၉ ရက်နေ့ ညနေမှာပဲ အလွတ်သဘောဆွေးနွေးမှုကိုလည်း ACC ကဆင့် ကမ်းလှမ်းခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် ဆွေးနွေးမှုတွေက ဖြစ်မလာခဲ့ဘူး ၃၀ ရက်နေ့မနက်မှာ ဆွေးနွေးတယ် ကြိုပြီးတော့ သွားစောင့်တယ် ဒါပေမယ့် တစ်ဖက်အဖွဲ့အစည်းတွေက အခက်အခဲရှိတယ်ထင်ပါတယ် အကြောင်းကြောင်းကြောင့် နောက်ကျနေခဲ့တယ်။အဲ့ဒီမှာလည်း ဆွေးနွေးပွဲမစခင်မှာအလွတ်သဘော ဆွေးနွေးမှုတွေလုပ်တယ်။ အလွတ်သဘောဆိုတာ မီဒီယာတွေ မပါဘူး။ ဘာဖြစ်သွားလဲဆိုတော့ သုံးသပ်ချက်အနေနဲ့ ဒီဘက်က လေးကြိမ်လုံးလုံး ၀န်ကြီးဦးအောင်မင်းအနေနဲ့ ပြည်ထောင်စုအစိုးရအနေနဲ့ပေါ့ သဘောထားကြီးကြီးနဲ့ KIO တွေ ချိန်းတဲ့ နေရာတွေကြီးပဲ သွားခဲ့ပြီးတော့ တပ်တွေ ဆုတ်ပေးပါ့မယ်ဆိုတာကိုလည်း နုတ်ကတိပေးပြီး စားပွဲဝိုင်းမှာ ဆွေးနွေးကြမယ်ဆိုတာကို ကြိုပြောပြီး ဒါပေမယ့် တကယ့် ဆွေးနွေးပွဲမှာတော့ တစ်ဖက်က သူတွေက တပ်ကိစ္စကို လုံးဝမဆွေးနွေးဘူး ဒီဘက်ကလည်း ဗိုလ်ချုပ်ဂွမ်မော်ကို ကြွခဲ့ဖို့ ထပ်ဖိတ်တယ်။ ကျန်တဲ့သူတွေအနေနဲ့လည်း ဒီတပ်ကိစ္စကို ပြန်လည်ရုတ်သိမ်းပေးဖို့ကိစ္စကို လုံးဝမဆွေးနွေးပဲနဲ့ Political Dialogue ဆွေးနွေးခဲ့ဖို့ကိုပဲ ပြောတယ် ကျန်တော်နားလည်တာကတော့ သမ္မတကြီး ဦးသိန်းစိန်ရော ၀န်ကြီးဦးအောင်မင်းရော အကြိမ်ကြိမ် နိုင်ငံရေးဆွေးနွေးမှုကို လူတိုင်းနဲ့ ဆွေးနွေးမယ်ဆိုတာ ပြောပြီးသား။ ကျန်တော်တို့ အကျိုးဆောင်တစ်ယောက်ရဲ့ အတွေ့အကြုံအနေနဲ့ပြောရင် ၂၀၁၂ ခုနှစ်ဖေဖေါ်ဝါရီလတွင်းမှာ မွန်ပြည်သစ်ပါတီနဲ့ ၀န်ကြီးဦးအောင်မင်းနဲ့ အပစ်အခတ်ရပ်စဲဖို့ ညှိုနှိုင်းတဲ့နရာမှာ မွန်ပြည်သစ်ပါတီက သုံးလအတွင်း Political Dialogue လုပ်မှ လက်မှတ်ထိုးမယ်လို့ တောင်းဆိုခဲ့တယ် ဒီဟာကို ၀န်ကြီးဥိးအောင်မင်းက ညှိုနှိုင်းပြီးတော့ ဒီဟာကို တစ်ခြားအဖွဲ့တွေလည်း ရှိသေးတဲ့အတွက် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမကုန်ခင်မှာ စပြီးတော့ ဆွေးနွေးပါ့မယ်ဆိုတဲ့ သဘောတူညီချက်ယူပြီးတော့ လက်မှတ်ထိုးခဲ့တာလဲ ကျွန်တော်တွေ့ခဲ့တယ် အဲ့လိုပဲ KNPP နဲ့က ၂၀၁၂ မတ်လမှာ Political Dialogue လုပ်ပါ့မယ်ဆိုတာ လက်မှတ်ထိုးပေးမှာ ဖြစ်တဲ့အတွက် ကချင်မှာ အခုမှာရမယ့် Political Dialogue လုပ်ပါ့မယ်ဆိုတာ ကျန်တော်အကျိုးဆောင်တစ်ဦးအနေနဲ့ အရမ်းကြီးတော့ ပိုပြီးတော့ထူးခြားတယ်လို့ မထင်ဘူး ဒါပေမယ့် နှစ်ဖက် က ဆက်ဆွေးဖို့တော့ သဘောတူတာကိုတော့ ၀မ်းသာတယ်။ကျန်တော့်ဘက်က ဖြည့်ပြီးပြောချင်တာက ဒီတစ်ခေါက်က ဒီဘက်ကကိုက ပြည်ထောင်စုအစိုးရဘက် KIO ကတောင်းဆိုတဲ့ နေရာတွေကိုချည်းလိုက်တွေလည်း လိုက်တွေ့လည်း တပ်တွေ ပြန်ရုတ်ပေးမယ်ဆိုတာကို ၁၀ ရက်နေ့ကတည်းကပြောပြီးသား ဒါပေမယ့် လက်တွေ့ဘ၀မှာ တစ်ဖက်က မလာတဲ့အတွက် ဒီဘက်က မရှင်းပြနိုင်ဘူး ဖြစ်နေတယ်လို့ နားလည်တယ်။ အဲ့အစည်းအဝေးပွဲမှာ့ပဲ တစ်ခါတည်းထည့်ပြောတယ်ဦးအောင်မင်းကပဲ နောက်လမှာထပ်ဆွေးနွေးမယ်လို့ တစ်ခါတည်းကမ်းလှမ်းလိုက်တယ် ပြီးတော့ နောက်တစ်ခေါက်ဆွေးနွေးမှာကို ပြည်တွင်းမှာဖြစ်တဲ့် မူဆယ် သို့မဟုတ် ဗမော်မှာ ဆွေးနွေးပါ့မယ်လို့ တစ်ခါတည်းကမ်းလှမ်းလိုက်တယ် အဲ့တော့ ဦးအောင်မင်းကတော့ တထိုင်တည်းမှာတစ်ခါတည်းအကုန်လုံးကို ကမ်းလှမ်းလိုက်ပေမယ့် တစ်ဖက်အဖွဲ့အစည်းက ဒါကို သူတို့အနေနဲ့ တုံ့ပြန်ပြီးတော့ပြောသွားခဲ့တာ မတွေ့ရဘူး။ကျန်တော့အနေနဲ့ နားလည်တာက နောက်တစ်ခေါက်ဆွေးနွေးပွဲ့ မူဆယ်သို့မဟုတ် ဗမော်ဖြစ်လိမ့်မယ်လို့ ယူစတယ်။

မေး  
  အခု ၀န်ကြီးဦးအောင်မင်းဦးဆောင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့ဘက်က ဟိုဘက်အထိသွားပြီး ဆွေးနွေးဖို့ကြိုးစားပြီး ယုံကြည်မှုတည်ဆောက်ပေမယ့်။ ဟိုဘက်က ဗိုလ်ဂွမ်မော်မတက်ရော်ကတာနဲ့ ပတ်သက်ပြီး ယုံကြည်မှုတည်ဆောက်တာမှာ ဟိုဘက်က အားနည်းချက်တွေရှိနေတယ်လို့ လေ့လာစောင့်ကြည့်တဲ့သူတွေက အားမရဖြစ်ကြတာ ရှိတယ်ပေါ့။ သူတို့ဘက်ကလည်း ဒီဘက်မှာ ဆွေးနွေးနေပေမယ့် ထိုးစစ်တွေက ရှိနေစဲပဲလို့ ပြောသွားတယ် အဲ့ဒါတွေကရော ဘယ်လိုဖြစ်လာနိုင်သေးလဲ
ဖြေ
ကျန်တော့်အတွေ့အကြုံကိုပြောရင် ကျန်တော်တို့နိုင်ငံရဲ့ လက်ရှိအပြောင်းအလဲထဲမှာ အချက်၂ ချက်ကို သတိထားမိတယ် တစ်ကတော့ Information  gap ပေါ့နော် နှစ် ကတော့ Capacity ဒီ Information gap ကို ကျန်တော်တို့အားလုံးက ၀ိုင်းပြီးတော့ Information sharing အပြန်အလှန်တွေ်လုပ်နိုင်ရင် ယုံကြည်မှု ပိုပြီးတည်ဆောက်နိုင်မယ် ငြိမ်ချမ်းရေးရဖို့ ပိုဖြစ်လာနိုင်မယ် Capacity ပိုရှိလာရင် ငြိမ်ချမ်းရေးလည်း ပိုရှိလာမယ်လို့ထင်တယ်။ကျန်တော့အနေနဲ့ အဲ့နှစ်ခုကို  ဘယ်ကဏ္ဍ ကိုလုပ်နိုင်မလဲ ဆိုတာ စဉ်းစားတယ်။
မေး
 အဲ့လိုလုပ်ဆောင်တဲ့နေရာမှာ တစ်ခြား ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂုလိုလ်မျိုးတွေက အစ ငြိမ်ချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့လုပ်ငန်းတွေမှာ ပါဝင်လာဖို့ပေါ့ လိုအပ်တယ်လို့ယူစမိလားဗျ ကချင်ဘက်က ခေါင်းဆောင်တစ်ယောက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ပါဝင်မှသာ ငြိမ်ချမ်းရေးရမယ်လို့ ပြောထားတာရှိခဲ့တော့ ပါဝင်မယ်ဆို ဘယ်လိုပါဝင်လာနိုင်လဲ ဘယ်လိုမျိုးဖြစ်လာနိုင်လဲဆိုတာ ဆရာတို့အနေနဲ့ ငြိမ်ချမ်းရေးကိုဆက်တိုက်လုပ်နေတဲ့ အကျိုးဆောင်အနေနဲ့ ပြောပြပေးပါဦး
ဖြေ
 Political Dialogue တွေ လုပ်လာပြီး ရှိရင် နောက်တဆင့်ကျရင် ဒီငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လူတွေ ပိုပြီးပိုပြီး ပါဝင်လာကြရမှာပဲ ဒေါ်အောင်ဆန်းစုကြည် တင်မကဘူး တစ်ခြားလွှတ်တော်က လူတွေလည်း ပါလာကြဦးမှာပဲ။ ဒါကြောင့်မို့လို့ အဆင့်တစ်ခုရောက်ရင် သေချာပေါက်ပါလာမှာပဲ။ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အစပျိုးတဲ့အချိန်မှာ အခက်ဆုံးပဲ ဒါဖြင့် နောက်တစ်ဆင့်တွေကတော့ မခက်ဘူးလားမေးရင် နောက်အဆင့်တွေလည်း အားထည့်ရတာပဲ။ အဲ့ဒီချိန်မှာကြရင်တော့ တိုင်းရင်းသာတွေ ဘက်က ကိုယ်ပိုင်ပြဋန်းခွင့်တို့ တန်းတူတို့ အဲ့လိုခါမျိုးကြရင်တော့ ဒေါ်အောင်ဆန်းစုကြည်လိုမျိုး အများစုက ယုံကြည်တဲ့ သူတွေ နောက် လွှတ်တော်လို ဟာမျိုး နောက် Insititution တွေ မဖြစ်မနေပါဝင်လာမယ် လို့ ယုံကြည်တယ်။
မေး
အခု ဒီ အစိုးအရအဖွဲ့သက်တမ်းတစ်ခုအတွင်း၂၀၁၅ မတိုင်ခင်မှာရော ငြိမ်းချမ်းရေးကိစ္စက ပြီးပြတ်သွားဖို့ မျှော်လင့်ထားလားဆရာ
ဖြေ
ကျန်တော်ထင်တာကတော့ ဒါမျှော်လင့်ချက်ပေါ့ သိပ်မကြာခင်အချိန်ပိုင်းမှာ လက်နက်ကိုင် တိုက်တာတွေ ရပ်သွားနိုင်မယ် အဲ့ဒါပြီးရင် Political Dialogue လာမယ် Political Dialogue ကဘယ်လောက်ကြာမယ်ဆိုတာတော့ နှစ်ဖက် ဆွေးနွေးတဲ့ Player တွေရဲ့ ဘယ်လောက်စိတ်ရှည်ပြီးတော့ ညှိုနှိုင်းနိုင်မလဲ ဆိုတာပေါ်မူတည်တယ်။

မေး
ဆရာအနေနဲ့ ဒါနဲ့ ပတ်သက်ပြီး တစ်ခြားရောဘာများဖြည့်ပြောချင်သေးလဲ
ဖြေ
ကျန်တော်တို့ရဲ့ ငြိမ်းချမ်းရေးက မလွယ်ဘူး လို့ပြောရမှာပဲ ဒါပေမယ့် ဒါကို မလွယ်တဲ့ ကြားကလုပ်ရမှာပဲ ကျန်တော်တို့မှာငြိမ်းချမ်းရေးရဖို့အခုဆိုရင် တတိုင်းပြည်လုံးမှာ ဖက်ဒရယ်ပြည်ထောင်စု အဆင့်လိုက်အဆင်လိုက်သွားဖို့ ကျန်တော်အနေနဲ့ အရမ်းမျှော်လင့်တယ် ကျန်တော်မျှော်လင့်ချက် ၁ ရာခိုင်နှုန်းပဲ ရှိတယ်ဆိုရင်လည်း ကျန်တော်ဒီလမ်းပဲ လျှောက်မယ်။ မြန်မာဒီမိုကရက်တိုက်ဇေးရှင်းက ကြာနိုင်တယ် ဘယ်လောက် အခွင့်အရေးရှိလဲဆိုရင် 30% 40% ပဲ ချောချောချူချူ ရှိနိုင်မယ် ကျန်တဲ့ 60%70% မရောမရာ မသေချာမှုတွေ လည်း ရှိနိုင်တယ် ဒါပေမယ့် 1% ပဲ ရှိမယ်ဆိုလည်း ကျန်တော်ဒီလမ်းပဲ လျှောက်မယ်။ဒါပေမယ့် ဒီလိုသွားဖို့ဆိုတာက ငြိမ်းချမ်းရေးက အရေးကြီးတယ်။


No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...