Monday, November 5, 2012

ပစ္စက္ခတ်ကို သုံးဆယ့်နှစ်ဒီဂရီ တိမ်းစောင်းကြည့်ခြင်း(စေပိုင်ထွဋ်(ပုသိမ်))

လက်ရှိပါဆိုမှ လက်မဲ့အကြောင်း ခဏခဏ မပြောချင်ဘူး။
စောင်း
          စောင်း
                   ကြည့်ရင်း
                                 လောကက တည့်တည့်သွားတယ်။
အတည့်ကြည့်တော့
                    အ
          စောင်း
စောင်း
ငါပဲမှားသလား။ သူပဲမှန်သလား။


အချစ်- သူမ မျက်(မျောက်)စောင်းနဲ့ ကျွန်တော့်နှလုံးသားမှာ အပျော်တွေ
ဂွေလှိမ့်ဖူးတယ်။ သူမကြောင့်ပဲ အပျော်တွေ အသီးရှုံ့
အချစ်က နှစ်နားမညီခဲ့ဘူး။

ဘ၀- အတည့်ကရတဲ့ ဒီအိမ် ကျွန်တော်က တစောင်းက ဂွကျသူ
ဒီလိုနဲ့ လေမုန်တိုင်းမတိုက်ဘဲ ပြိုလဲရာသီရှည်
ဖန်အိမ်မက်...ခွမ်းးး။

ငွေကြေး- လက်ဖျားမှာ ပဒေသာကိုင်းမပါဘူး။ တတိုင်းမရ တောင်းတိုင်းမပြည့်
စိတ်ကူးနဲ့ ဘီလျံနာဖြစ်လိုက်တယ်။ ဘယ်သူ ဘာပြောမလဲ။

အဆင့်- ထပ်ခိုးမရှိတဲ့ တဲသာသာ။ ၀လုံးရေးရတာ ပျော်ပါတယ်။
မြေကြီးနဲ့ ဓာတ်တည့်တယ်။ အမှောင်ခန်းကိုကြိုက်ရင် လာခဲ့ပါ။

ဝါသနာ- ရူးသွပ်လို ဆားခတ်သောက်တာ ငန်တယ်။ သွေးတိုးသူတွေနဲ့
ကျွန်တော် ပေါင်းပါတယ်။ မြစ်ထဲကို အတူတူကူးကြတယ်။ လမ်းခုလတ်မှာ
ရေနစ်သေရင် ယောင်မဆယ်နဲ့။

ဒီလို
ကမ္ဘာကြီးစောင်းတာ ဒီဂရီအတိအကျရှိတယ်။ ကျွန်တော်စောင်းတာ
လူသားမျက်လုံးနဲ့ ဆိုင်တယ်။
စောင်းစောင်းချင်း လည်ပင်းဖက်မိတော့ အတည့်။
ကျွန်တော် အစောင်း/အတည့်ဆိုတာ။ ပရိုဖိုင်ကိုဖွင့်။ ခင်ဗျား Scan ဖတ်ပါ။
အဖြေ (............) ။ ။

စေပိုင်ထွဋ်(ပုသိမ်)

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...