Friday, November 2, 2012

ပိုစ်မော်ဒန်နိုင်ငံရေး (မှူးသစ်)



ယဉ်ကျေးမှုဆိုတာကို ဘယ်လိုစံနှုန်းတွေနဲ့ တိုင်းတာကြမှလဲ..?

ယဉ်ကျေးမှုထိန်းသိမ်းတယ်ဆိုတာကိုရော.. ဘယ်လိုမျိုးသတ်မှတ်ကြမှာလဲ..?

         တကယ်တော့ ယဉ်ကျေးမှုထိန်းသိမ်းတယ်ဆိုတာ"ကိုယ့်ယဉ်ကျေးမှုကို
တစ်ကမ္ဘာလုံးအတွက် အသုံးဝင်လာအောင်လုပ်တာ" လို့ စာရေးဆရာမင်းခိုက်စိုးစံက သူရဲ့ စာအုပ်တစ်ထဲမှာ ဖွင့်ဆိုထားပါတယ်။
ကျန်တော်ကတော့ ဒါကို အပြည့်အ၀ ထောက်ခံ လိုက်ပါရဲ့..။

ခင်များကရော......ဒါကိုလက်ခံပါရဲ့လား.?


        ယဉ်ကျေးမှုအကြောင်းကိုစပြောရတာကတော့  ယဉ်ကျေးမှုရောနှောခြင်းနဲ့
ပိုစ်မော်ဒန်နိုင်ငံရေးကို ပြောချင်လို့ပါ။တကယ်တော့

(၂၁) ရာစုမှာ ယဉ်ကျေးမှုရောနှောပေါင်းစပ်ခြင်းဆိုတာ ရှောင်လွှဲလို့
မရနိုင်တော့ပါဘူး။(၂၁) ရာစုမှာ ကမ္ဘာဆန်တဲ့ အမြင်ရှိဖို့ကလိုအပ်လာပါပြီ။

        နောက်ထပ်တစ်ုထပ်ပြောချင်ပါသေးတယ်၊ (၂၁)ရာစုမှာ
အမျိုးသားနိုင်ငံရေးကလည်း အလုပ်မဖြစ်တော့ပါဘူး။ဒီအပေါ်မှာ လက်ခံချင်မှ
လည်းလက်ခံပါလိမ့်မယ်၊ ကျန်တော့အမြင်အရပြောရရင်တော့ အမျိုးသားနိုင်ငံရေးက
တကယ်ပဲ အလုပ်မဖြစ်တော့ပါဘူး။ဘာကြောင့်လည်းလို့မေးလာခဲ့ရင် ဂလိုဘယ်လိုက်ဇေးရှင်းအရ လို့ ပြောရမှာပဲ။
                     (၂၁)ရာစုမှာ  ကမ္ဘာဆန်တဲ့ အမြင်နဲ့ ပိုစ်မော်ဒန်နိုင်ငံရေးကပဲ အလုပ်ဖြစ်တော့မယ်လို့ မြင်ပါတယ်။ ကမ္ဘာဆန်တဲ့အမြင်ဆိုတာကတော့ ကမ္ဘာကြီးက လူမျိုးမရွေး၊ဘာသာမရွေး၊အသားအရောက်မရွေး လူသားအားလုံး စုပေါင်းအားလုံးနေထိုင်တဲ့ အိမ်ကြီးတစ်လုံးလို့ ရူမြင်ဖို့၊ ကမ္ဘာပေါ်မှာရှိတဲ့ လူုသားတွေ ၊သံယံဇာတတွေ၊ ယဉ်ကျေးမှုတွေကို အားလုံးက၀ိုင်းဝန်းစောင့်ရှောက်ဖို့၊ ဘယ်လူသားရဲ့ ဝေဒနာကိုမဆို အတူတကွ မျှဝေခံစားဖို့၊ ကိုယ့်ရဲ့အောင်မြင်မှုကိုလည်း တစ်ကမ္ဘာလုံးကို ပိုင်ဆိုင်ခွင့်ပြုဖို့ ဆိုတာပဲ။ဒါကတော့လူမှုလေ့လာရေးသုံးသပ်ချက်နှင့်ဖွံင့်ဖြိုးတိုးတက်ရေးကော်မတီကနေပြီးတော့ လူမှုယဉ်ကျေးမှုကျောင်းသားတွေအတွက် စီမံထားတဲ့ အချက်တွေ ထဲ တစ်ချက်ပါ။

ကျန်တော်ကတော့ဒါကို လက်ခံပါတယ်။ဘာကြောင့်လည်းဆိုရင်တော့ ကျန်တော့ က လူ့အဖွဲစည့်းကလွဲပြီးတော့ကျန်တာတွေကိုသိပ်ပြီး စိတ်မ၀င်စားတာကြောင့်ပါ။နဲနဲတော့ရှုပ်သွားမလားမသိဘူး။ကျန်တော်ဆိုလိုချင်တာက ကျန်တော့မှ ဘာသာရေးအရပြင်းပြတဲ့ ခံယူချက်မရှိဘူး၊ လူမျိုးရေးခံယူချက်မရှိဘူး၊ လူ့အဖွဲ့ အစည်းထဲမှာ ရှိတဲ့ လူတွေကိုလူလိုမြင်တဲ့ အမြင်၊လူ့ယဉ်ကျေးမှုကို တန်ဖိုးထားတတ်တဲ့အမြင်၊ ပဲရှိတယ်လို့ ဆိုလိုချင်တာပါ။ ဒီအပေါ်မှာ ကြိုက်သလိုပဲ ကွဲလွဲနီုင်ပါတယ်၊ဘာကြောင့်လည်းဆိုတော့ ကျန်တော်က လွတ်လပ်စွာတွေးခေါ်မှု နဲ့ လွတ်လပ်စွာ သဘောထားကွဲလွဲမှုကို ကြိုက်နှစ်သက်လို့ပါ။
           တကယ်တော့ ကမ္ဘာပေါ်မှာ လူမျိုးရေးကြောင့်ဖြစ်တဲ့ စစ်ပွဲတွေ၊ ဘာသာရေးကြောင့် ဖြစ်တဲ့ စစ်ပွဲတွေ၊နယ်မြေပိုင်နက်ကြောင့်ဖြစ်တဲ့စစ်ပွဲတွေဟာတကယ့်ပဲစိတ်ပျက်ဝမ်းနည်းစရာကောင်းလှပါတယ်။လူကို လူလိုမမြင်နိုင်တာကြောင့် စစ်ပွဲတွေဖြစ်ရတာ၊ ကိုယုံကြည်ချက်ချက်အတွက် တစ်ပါးသူရဲ့ ယုံကြည်မှုကို တိုက်ခိုက်ကြတာ တွေဟာတကယ်ပဲ စိတ်ပျက်စရာကောင်းလှပါတယ်။
              ခုကမ္ဘာကြီးဟာ (၂၁)ရာစုမှာ လွတ်လွတ်လပ်လပ် နိုးထလို့လာပါပြီ ၊ ယဉ်ကျေးမှုရောနှောပေါင်းစပ်ခြင်းဆိုတာကလည်း ထိန်လန့်ဖွယ်ရာ ရောဂါတစ်ခုမဟုတ်တော့ပါဘူး ၊အာရပ်တစ်ယောက်ကလည်း အမေရိကန်ထုတ် ဂျင်းပငကိုဝတ်၊ ကိုကာကိုလာဗူးကိုဖေါက်သောက်ပြီး သစ်ကုလားအုပ်ကြီးကိုစီးနေလေရဲ့၊
           ကဲ မိတ်ဆွေ ကျန်တော်ဒီနေရာမှာ အဓိကပြောချင်တာကတော့ (၂၁)ရာစုမှာ ကျန်တော်တို့တွေဟာ
လူ့အဖွဲ့ အစည်းကို ရှေ့တန်းတင်ရပါတော့မယ်။
ကိုယ့်ယဉ်ကျေးမှုကို တစ်ကမ္ဘာလုံးအတွက် အသုံးဝင်လာအောင်လုပ်ရပါတော့မယ်။ယဉ်ကျေးမှု ထိန်းသိမ်းတယ် ဆိုတာ ပုဆိုးနဲ့ တိုက်ပုံဝတ်ထားရုံနဲ့ အလုပ်မဖြစ်တော့ပါဘူး၊ အမျိုးသားနိုင်ငံရေးကိုလည်း ဆုပ်ကိုင်ထားလို့ မရတော့ပါဘူး။ဒီလောက်ပါပဲ ဗျာ
ဒါနဲ့ စကားမစပ် တစ်ခုတော့ မေးချင်ပါသေးတယ်...............
ခင်များ အခု အင်တာနက် အသုံးပြုနေတဲ့ ကွန်ပျူတာက ဘယ်နိုင်ငံထုတ်ပစ္စည်းများ ဖြစ်နေမလဲ...?..။
                                                                                                                        မှူးသစ်

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...