Tuesday, October 30, 2012

ငါ့ရင်မှာတစ်မျိုးကြီးခံစားရတယ်(ဆလိုင်းမာန်)




လူတွေတစ်ယောက်နဲ.တစ်ယောက်
ကြည့်ကြရင်ငါ့ရင်မှာတစ်မျိုးကြီးခံစားရတယ်
တစ်မျိုးကြီးပဲ။
ဒါဘယ်လိုခံစားမူမျိုးလဲမရှင်းပြတတ်ဘူး။

ဘယ်အရာမဆိုအဝေးမှာရှိတာဖြစ်မယ်
တိမ်တွေတောင်ခပ်ဝေးဝေးမှာပဲလွင့်နေတယ်
အဲသလိုမြင်ရရင်ငါ့ရင်မှာတစ်မျိုးကြီးပဲ

မိုးတွေဖွဲဖွဲရွာနေတယ်
မိုးရွာထဲလမ်းလျှောက်ရင်
ငါ့ရင်မှာတစ်မျိုးကြီးပဲ
ငါ့ကိုယ်ငါပျောက်ကွယ်သွားမလိုပဲ

ငါဒီမနက်မနိုးထနိုင်တော့ဘူး
ငါဘာလို့မထနိုင်တော့တာလဲ
ငါတစ်မျိုးကြီးဖြစ်နေတယ်
ငါဆူညံသံတွေမကြိုက်ဘူးဖြစ်နေတယ်
ဒါတကယ်ဖြစ်နေမလား
အိပ်မက်ပါပဲလား။


ငါစိတ်ဓာတ်ကျသွားတယ်
စစ်ပွဲတွေဟာဘယ်တော့မှပြီးဆုံးမှာမဟုတ်ဘူး
ဆိုတာသိထားတော့
အဲ့သလိုသိထားတော့
ငြိမ်းချမ်းရေးဆိုတာကြားဖန်များတော့။

သေနတ်သံတွေဟာနေရာတကာ
ငါ့ကိုညှာမယ်မဟုတ်လား
လူတွေကစစ်တွေတိုက်ကြတယ်
ငါလွတ်မြောက်နိုင်ပါ့မလား။

အဲသလိုစဉ်းစားမိရင်
ငါ့ရင်မှာတစ်မျိုးကြီးခံစားရတယ်
 အမျိုးသမီးနဲ့ကလေးလေးတွေ ထွက်ပြေးလာတာကိုတွေ.ရင်
ငါ့ရင်မှာလေ တစ်မျိုးကြီးပဲကွာ
ငြိမ်းချမ်းရေးဆိုတာခဏဏကြားရတယ်
လူတွေသေသွားရင် ငြိမ်းချမ်းသွားပြီလို့ပြောကြတယ်
ချစ်သူတွေစိတ်ကောက်ပြေရင်လည်းငြိမ်းချမ်းရေးရသွားပြီပြောကြတယ်
ပစ်တာခတ်တာတွေရပ်သွားရင်လည်းငြိမ်းချမ်းရေးလို့ပြောကြတာပဲ။

ငါ့ရင်မှာတစ်မျိုးကြီးပဲကွာ
 ငြိမ်းချမ်းရေးဆိုတာဘာလဲ
ငါသိထားတဲ့ငြိမ်းချမ်းရေးမှားနေပြီလား


စစ်ပွဲတွေဟာဘယ်တော့မှပြီးဆုံးမှာမဟုတ်ဘူး
ဆိုတာသိရတော့
ငါစိတ်ဓာတ်ကျသွားတယ်
ငါ့ရင်မှာတစ်မျိုးကြီးဖြစ်သွားတယ်။
ယခင်က၊ယခု၊နောင်ကာလ
အခုအခုဘာတွေဖြစ်ကုန်ပြီလဲ။

လောလောဆယ်
သေနတ်သံတွေကြားတယ်
သေနတ်သံတွေကြားတယ်
ငိုသံတွေကြားတယ်
အဲသလိုကြားရင်
ငါ့ရင်မှာတစ်မျိုးကြီးခံစားရတယ်
ငါ့ရင်မှာတစ်မျိုးကြီးခံစားရတယ်
အခုချိန် ငါ့ရင်မှာ
ငါ့ရင်မှာ တစ်မျိုးကြီးခံစားရတယ်
ဒါအိပ်မက်မဟုတ်မှန်းခံစားနေရတယ်။


ဆလိုင်းမာန်

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...