တကယ်လို့များ အလင်းရောင်ဆိုတာကို ကျပျောက်သွားကြတဲ့အခါ ကျွန်တော်တို့ မျက်လုံးတွေမှာ အယူသီးမှုတွေရှိနေဦးမှာလာ။
Portrait of Daniel-Henry Kahnweiler
ဆိုတဲ့ပန်းချီကားကို ဆွဲခဲ့သူဟာ ကျွန်တော်ပါလို့ပြောပြလိုက်တဲ့အခါ သူက
အပြင်းအထန်ငြင်းခုန်တော့တာပဲ။ မင်းက ပီကာဆိုမဟုတ်ဘူးမှတ်လား။ ဟင်းအင်း…
မဟုတ်ပါဘူး။ ကျွန်တော်က တခြားတစ်ယောက်ပါ။ ခင်ဗျားလိုပဲ တခြားတစ်ယောက်ပေါ့။
အရစ္စတိုတယ် က ဟားတိုက်ပြီးရယ်ပါတယ်။ ဟားဟား…ဟားဟား… မင်းပြောတဲ့ Portrait of Daniel-Henry Kahnweiler ပန်းချီကားကို ဆွဲမယ့်သူက ပတ်ဘလို ရူးအစ် ၀ိုင် ပီကာဆိုတဲ့ကွ…စပိန်လူမျိုးတစ်ယောက်ပေါ့။
အေးလေ..မင်းတို့ခေတ်လောက်ဆိုရင် ဆွဲတောင်ဆွဲပြီးရောပေါ့။ အင်း…
မင်းကလူပြက်လုပ်ရင်တော့ တော်တော်နာမည်ကြီး မယ့်ကောင်မျိုးပဲ။
ခင်ဗျား တိုလီမီကို ဘယ်လိုထင်သလဲ။….
သူလား။ အင်း..သူက ခပ်ညံ့ညံ့အဘိုးကြီးတစ်ယောက်ပါကွာ။ ကမ္ဘာကြီးဟာ
ဂြိုလ်ငါးလုံးရဲ့အလယ်မှာရှိသတဲ့။ အင်း..ဘာပဲပြောပြော သူပြောခဲ့တဲ့ အရာတွေက
ငါတို့ကို အတွေးအခေါ်တစ်ခုတော့ ပေးစွမ်းနိုင်တာပါပဲ။
ကျွန်တော်ကတော့ တိုလီမီကို ကဗျာဆရာတစ်ယောက်လို့ထင်တယ်။ (ဘာဖြစ်လို့လဲ)။
တော်ပြီဗျာ ကျွန်တော်အိပ်ချင်နေပြီ။ ဒါပေမယ့် ခင်ဗျားသိထားဖို့က
ကျွန်တော်ဟာ Portrait of Daniel-Henry Kahnweiler ပန်းချီကားကိုဆွဲတဲ့သူပါ။
မင်းက ဘာလို့ အဲလိုပြောနိုင်တာလဲ။
ခင်ဗျား စဉ်းစားကြည့်ဗျာ။ ပန်းချီတစ်ကားတည်းကို ပုံဖော်တာချင်းအတူတူ
ကျွန်တော်မှာ သူများတွေနဲ့ခြားနားတဲ့ နားလည်မှုတစ်ရပ်ရှိတယ်။
(ဒါနဲ့ပဲ Portrait of Daniel-Henry Kahnweiler ပန်းချီကားက မင်းဆွဲတာဖြစ်သွားရောလား)
ကျွန်တော့်ထဲမှာ စိတ်တစ်ခုရှိတယ်ဗျာ။ အင်းလေ.. ခင်ဗျားကတော့ဘယ်သိလိမ့်မလဲ။
တကယ်ဆို ခင်ဗျားလို ရုပ်ဝါဒီတစ်ယောက်က ဝေဖန်ရေးသမားပဲဖြစ်သင့်တာပါ။
ဒါတော့ မင်းမှန်တယ်ကောင်လေး။ ငါက အရာရာကို အမှန်အတိုင်းပဲ
မြင်နိုင်အောင်အားထုတ်တယ်။ ဒါကြောင့်ငါဟာ အရာဝတ္တုတွေကို
ဝေဖန်ဆန်းစစ်တတ်တယ်။ ဒါဟာ ငါ့ရဲ့အရည်အချင်းပဲ။
ကျွန်တော်သူ့နားက ထွက်လာခဲ့တယ်။
ကျွန်တော်သာ ဖြစ်ခွင့်ရရင် ……
မျက်မမြင်ပုဏ္ဏားခြောက်ယောက်ထဲက တစ်ယောက်ဖြစ်ချင်တယ်။
ဆင်ဆိုတာ ကမ္ဘာပေါ်က ကဗျာအဆန်ဆုံးသတ္တ၀ါလို့ ကျွန်တော်ပြောမယ်။
ကျွန်တော်လီယိုနာဒို ဒါဗင်ချီနဲ့တွေ့တယ်။
ပြီးတော့.....................................။...................။
လီယိုနာဒို ဒါဗင်ချီက ခေါင်းတညိတ်ညိတ်နဲ့ပြုံးနေတယ်။
အနုပညာဆိုတာ ခံစားသူရဲ့တိမ်းညွတ်မှုကိုလိုက်ပြီး အရောင်နဲ့
တန်ဖိုးတည်တယ်ကောင်လေး။တကယ်တော့ မင်းကိုယ်တိုင်လည်း ပန်းချီကား
တစ်ချပ်ပါပဲကောင်လေးရယ်။
သူက ကျွန်တော့်
ပုံတူ ပန်းချီကားတစ်ချပ် ဆွဲပေးချင်တယ်လို့ပြောတယ်။ သေချာတာတော့
အဲဒီပန်းချီးကားကို မိုနာလီဇာပန်းချီကားလို့ဘယ်သူမှ
သမုတ်ကြမှာမဟုတ်ဘူးဆိုတာပါပဲ။
အဲဒီနောက်မှာ ကျွန်တော်တို့ ထပ်မတွေ့ဖြစ်တော့ပါဘူး။
နွေဦးပေါက်မှာ ဥသြတွန်တာကို ကျွန်တော်တို့က ဘာမဆိုင်ညာမဆိုင် ၀င်ဝင်ပြီး လွမ်းတတ်ကြတယ်။
ဒီလိုပဲ ကဗျာတွေကို ဘာလို့ရေးနေမိမှန်း မသိခင် ကမ္ဘာပေါ်မှာ ကဗျာဆရာဆိုတဲ့ မျိုးစိတ်တစ်မျိုးပေါ်ပေါက်လာခဲ့ပါတယ်။
ဘုရားသခင်ဟာ ဘယ်အရာနဲ့များ
ကဗျာဆိုတဲ့ အရာကို ဖန်ဆင်းခဲ့တာပါလိမ့်.....
ပင်ဂွင်းငှက်တွေ အိမ်ပြန်လာတဲ့တစ်နေ့မှာ
အိုင်းစတိုင်းကို တယောထိုးပြရင်း
ရှိတ်စပီးယားကို ပြဇာတ်တစ်ပုဒ်လောက်ပြောပြခိုင်းချင်နေမိတယ်။
မေမေရေ ကျွန်တော်တစ်နေ့လောက်တော့ အိမ်ပြန်နောက်ကျဦးမယ်နော်။
အလင်းနှစ်
Subscribe to:
Post Comments (Atom)
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...
-
“ဒဏ္ဍာရီတွေ အစက ဒိုင်ယာရီ “ လို့ဆိုရမလား ၊ သမီး ရက်စွဲတွေ “တစ်ထေရာတည်း“ ခဲ့တာ ၊ ဒီစာရွက်လေးက ခေတ်ရဲ့ မြူမှုန်ပိုင်းတစ်ပိုင်း ... အဖေ က တ...
-
မဖြစ်နိုင်မှန်းသိနေလည်း ညီမလေးဖျှော်ပေးမယ့် ကော်ဖီတစ်ခွက်ကိုပဲ ဆာလောင် တောင့်တ... မဆုံနိုင်မှန်းသိနေတာတောင် ညတွေဆို ကော်ဖီတစ်ခွက်က...
-
ယုံကြည်ချက်ကြောင့် လမ်းပေါ်ရောက်သူများကော ယုံကြည်ချက်ကြောင့် လမ်းဘေးရောက်နေသူများပါ လူစုံတက်စုံပါဝင်လာတဲ့ ပြည်သူ ၀က်ဝက်ကွဲ ဆုတောင်းပ...
No comments:
Post a Comment