ဒီိတစ်ခါ မျက်လုံးတွေ ငိုရင် မင်းကို ငါ လိုက်မရှာတော့ဘူး
တစ်စုံတစ်ရာ က လှုပ်ခပ်သံကြားရတိုင်း အဝေးကအခန်းတံခါးကို လှမ်းလှမ်း ကြည့်မိ
သီးချင်းသံကြားရတိုင်း မင်းဆီက ၀င်လာတဲ့ ဖုန်း ဖြစ်နေမလား
ဆရာဝန်တွေနဲ့ မတွေ့ဖြစ်ဘူး ဒီရက်ပိုင်း အာရုံတွေမှာ ဂယောင်ချောခြားဖြစ်မှုတဲ့
မှောင်မဲနေတဲ့ ရနံ့ဟာ အခန်းထဲကို ရောက်လာတယ်
စကားလုံးတွေလဲ ခြောက်ကပ်လွန်းတယ်။ သတိရကြောင်းပြောဖို့တောင်နှုတ်ခမ်းတွေက အလုပ် မလုပ်တော့ဘူး
အရူးအမူးဆာလောင်နေတဲ့ ရေတစ်ပေါက်လို ကိုယ် ဘာကိုဆာလောင်နေသလဲ
အနာဂတ်ကို ဂယောင်ချောက်ခြားဖြစ်မှုတဲ့၊ အတူတူပဲ စိတ်နဲ့အသက်ကို စိတ်ပျက်မှု
ရာသီပေါ်မဟုတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်၊ဖြစ်ပျက်မှု ===== ဆိုက်ကို။ မင်းမသိတော့တဲ့အခါ
တကယ်တော့ နေထိုင်မှုတွေဟာ မင်းမသိတဲ့ အခန်းထဲက မင်းမသိတဲ့ အလွမ်းတွေ..ပဲ
မင်းမဖတ်ရသေးတဲ့ စာကလေးတစ်ကြောင်း ဆက်ပြီးတဲ့အချိန်ကလေး
မင်းမသိတဲ့ ကိုယ့် ဘယ်ဘက်အခြမ်းလေးဟာ
။။။။။ ပြုတ်..ကြ .. သွားတယ်
။။။။။။။။ငါကြောက်တယ်
တိုက်ဆိုင်မှုတွေကလဲ နာကျင်မှုဘက်ကိုသာ စောင်းကျတယ်
မင်း ဆွဲဖြုတ်လိုက်တဲ့ စာရွက်တစ်ရွက်ထဲမှာ ဘ၀တစ်ခုလုံးပါသွား
စိတ်ရောကိုယ်ပါ သေဆုံးမှုဟာ ခံစားမှုတွေ ပျောက်ဆုံးသွားခြင်းက စတင်တယ်
ပြန်မရှာတော့ဘူး ပြန်မရှာတော့ဘူး ငါပြန်မရှာတော့ဘူး
မင်းကို သတိရကြောင်း . နှုတ်ခမ်းတွေကနေ..စကားလုံးတွေကနေ..စာသားတွေကနေ..တဆင့်
မှူးသစ်
2012.oct,18 AM ;12_28

ဒီဇင်ဘာ (၂၅) ရယ် ဇူလိုင် (၁၄) ရယ် သြဂုတ် (၂)ရက် ရယ်ကိုတို့တွေ ရက်ဆွဲတစ်ချို့ကို အဆိပ်ခပ်လိုက် ကြပြီ၊ ..
တိုက်ဆိုင်မှုတွေကလဲ နာကျင်မှုဘက်ကိုသာ စောင်းကျတယ်
မင်း ဆွဲဖြုတ်လိုက်တဲ့ စာရွက်တစ်ရွက်ထဲမှာ ဘ၀တစ်ခုလုံးပါသွား
စိတ်ရောကိုယ်ပါ သေဆုံးမှုဟာ ခံစားမှုတွေ ပျောက်ဆုံးသွားခြင်းက စတင်တယ်
ပြန်မရှာတော့ဘူး ပြန်မရှာတော့ဘူး ငါပြန်မရှာတော့ဘူး
ဒီိတစ်ခါ မျက်လုံးတွေ ငိုရင် မင်းကို ငါ လိုက်မရှာတော့ဘူးပျော်ရွှင်မှုကို အဝေးက အလင်းရောင်လေးနဲ့ အနွေးဓါတ်ယူသလို ယူထားမယ်
မင်းကို သတိရကြောင်း . နှုတ်ခမ်းတွေကနေ..စကားလုံးတွေကနေ..စာသားတွေကနေ..တဆင့်
......ငါမပြောချင်ဘူး .(.နှစ်ကာလတွေက လွဲလို့..)
မှူးသစ်
2012.oct,18 AM ;12_28
No comments:
Post a Comment