Tuesday, October 30, 2012

ဆေးရေး ဆေးခြယ် ဆေးပျက်(စိုးမင်းအောင်)

စကားလုံးတွေဟာ ငါ့ကို အုပ်ချုပ်တယ် စိမ်းချင်လည်း စိမ်း
ဆေးရုံကြီး လူနာခုတင်ပေါ်က အရေးပေါ်အနာဂတ်
ပျော့ချက်များစွာဟာ တောင့်သွားလိမ့်မယ်
ရင်ညွန့်တစ်ဝိုက်ပြပါ
အစောင့်ဟာ ၀င်ထွက်ခ ကူးတို့ခလို တောင်းရမ်းတယ် ရမ်းတယ်
ကမ္ဘာကြီးဟာ ပေးစရာ မရှိ အဲဒါပဲ ရွက်လွှင့် မီးတုတ် နံရံတွေ ဆီးတား ပုပ်ကိုယ်ကြီး အလွန်ကြီးကြီးပုပ်ကိုယ်ကြီး အလွန်သေးသေးပုပ်ကိုယ်ကြီး
လမ်း၏ အစ တွေးသလား တွေးသလား တွေးသလား ခြေလှမ်းဟာ လမ်း ငါနင့်ဇာအဖုံးကို စုတ်ဖြဲလတ္တံ့သိပ်လိုအပ် ရှားလားလားလား လှုပ်နေသော ကန့်လန့်ကာ
အနောက်က အဓိပ္ပာယ်ဟာ သိပ်ထိတ်လန့်ဖို့ ကောင်းတယ်
နိစ္စဓူဝကို ပျားရည်ဆမ်းသင့်တယ် ဖတ် ဖတ် ဖတ် ဖတ် မပြိုပျက်ခင် တစ်နေ့နေ့
ဖြတ်ကြည့်လျှင် အမြင်ဆိုင်ရာ မမှောက်မှားဘူးဆိုလျှင် အမှားများ

အလေ့အထ အစုအဝေး အကျင့်စရိုက် ရူးနှမ်းစွာ ပြုလုပ်သည့် ဗလွတ်ဗလက် လုပ်တယ်
သွေးစုပ်ဖို့ ပြေးလွှားဖို့ လုပ်တယ် အစွယ်တွေက လည်တိုင်အပေါ် ဖိထောက်ပြီး သိပ်ထိုးထည့် လုပ်တယ်
သွေးနေတာ လက်နေတဲ့ ခစ် ဘဇာ ညဇစ်ပ်ဆွဲချွတ် အိပ်မက်ထုတ်
ပျော့စိကြယ်ဆီ ပစ်တင် ခုန်ပေါက် ဖြူဖပ်ဖြူရော်ရှိသော မျောက်လွှဲကျော်အုပ်များ မအိပ်စက်ခြင်းရထားမောင်းသူ
ရင်ကွဲ၍ အညစ်အကြေးဖြစ်ပြီး ထင်ထင်ရှားရှားတွင် ဝေေ၀၀ါးဝါးအမှတ်အသား အတွင်းနဲ့ အပြင် အရောင်အသားမတူသော
အတွင်းနဲ့ အပြင် အွန့် (အရှိုက်ထိသံ) ခုတ်မောင်း ခုတ်မောင်း ခုတ်မောင်း
အသက်ဘေးမှ လွတ်မြောက်အောင် အစမှ မဆုံး အကြိမ်များစွာ စိတ်လှုပ်ရှားလွန်း
ကိန်းဂဏန်းတွေက စုတ်ပြတ်တယ် သော့ပေါက်နဲ့ မတော်တဲ့ ပစ္စုပ္ပန်လွန်မြောက်ခွင့်
ကြားတွေထဲ ညပ်နေရင် နာလိမ့်မယ် မမ်မီ တရားအခွေမှာ နာရတာက
မမေ့မလျော့ မပေါ့မဆ သတိဖြင့် ဆပ်ရန် အကြွေးတွေ
အသားပေါ်တွင် ဓားတင်လာသော အသိတွေ
ရှင်းလင်းသုတ်သင်မှုတို့ကို လိုင်စင်အပြီးအစီး ချောချောမွေ့မွေ့လိုလို ထစ်ထစ်အအ တွန့်တွန့်ဆုတ်ဆုတ်လိုလို
နောက်တစ်နေ့ နေ့ နေ့ နေ့များ စီးနေသကဲ့သို့ မိုးအားသည်းထန် သည်းခဲ့တယ်
အခက်ခဲဆုံးပဲ ဟက်ပီး HAPPY လိုဦးမှာပဲ ပြောင်းလဲမှုယူမယ်
ပုံပြင်ရယ် ဟာသရယ် ပြီး ပုံပြင်ရယ် ဟာသရယ် ပုံပြင်ပြီး ဟာသပြီး ပုံပြင်ပြီး ဟာသရယ် ဒါတွေပြီး
ဒါတွေ ချေး ဒါတွေ သေးပဲ ဖောင်းလွန်းတဲ့ ပူဖောင်းဟာ ကွဲ
ကိုယ့်လက်ကောက်ဝတ်သွေးကြော နားထင်သွေးကြောနဲ့ ကျော ကိုယ်ပြန်ကြည့်
ဘေးက ကြည့် မှားလားလားလား တစ္ဆေသရဲတွေ တီးတိုးခြောက်အူ
အရုဏ်ကို ယုံသင့်ပါတယ် နား မျက်စိ ပိတ်ကန်း
အလှလိမ် ကျိုးကွဲ

စိုးမင်းအောင်
1:59 AM 8/22/2012
b

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...