Tuesday, October 30, 2012

မမြင်ရတဲ့ တစ်နေရာ....(မှူးသစ်)

 မင်နေရတဲ့..အလှတရားအတွက်..

မမြင်ရတဲ့တစ်နေရာမှာ..ကမ်းပါးတွေ ပြိုဆင်းသွားတယ်
မျှော်လင့်မိသလောက် မနူးညံ့ဘူး
ဘယ်သူမှ သတိမထားမိလိုက်ဘူးဆိုတာတောင်
ခြေသံတွေမလုံမှာဆိုးလို့ သက်ပြင်းတွေ ဖွဖွလေးပဲ ချမိ.
အားအင်တွေ အားလုံးဟာ အရုပ်ကျိုးပျက်..
ကျ.."ကွဲ"..သွား..တယ်။
ခပ်ရှရှ ထွက် ကျလာတဲ့ စကားသံ သိပ်မကြားရဖူး မဟုတ်လား
အသက်ရူရတာကိုက ပင်ပန်းလွန်းနေရင်..
ကော်ဖီတွေ ဖျော်နေရတာ ပျင်းစရာကြီး
ကမ္ဘာကြီးရဲ့ဘယ်နေရာမှာများ အလှဆုံးပွင့်နေလဲ..
မမြင်ရဘူး တစ်နေရာရာတော့ ရှိနေမယ်
မာကျူရီမီးရောင်အောက်က"မြစ်"..ကလေးကို မမြင်ရတာကိုက
တစ်စုံတစ်ခုကို စွန့်လွှတ်လိုက်ရသလို..
မနေ့က ဖြေချပစ်လိုက်တဲ့ လက်ဖ၀ါးထဲမှာ..
ကျွန်တော်မသိလိုက်ခင်..
မြေသင်းရနံလေး..ကြွေ..ကျ..သွား..တယ်။
                                                            မှူးသစ်

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...