Monday, November 12, 2012
ခင်ဗျားတို့ အခုတီးခတ်လိုက်တဲ့ ဗုံသံတွေဟာ လတ်လတ်ဆတ်ဆတ် မရှိဘူးဖြစ်နေ။ မိုးကေခမ်း
ပြောပါတယ် ပြောပါတယ် ပြောကြပါတယ်။ ခင်ဗျားတို့ကျုပ်တို့ စကားပြောလေ့ကျင့်ရေးသင်တန်းနဲ့
စကားပြောလေ့ကျင့်ဖို့စာအုပ်နဲ့ စကားပြောလေ့ကျင့်မှုဆိုင်ရာ အသံသွင်းတိတ်ခွေ သို့မဟုတ် လေဆာဓာတ်ပြားနဲ့။
အင်္ဂလိုဆက်ဆွန်ပြဿနာနဲ့ ဘိုဟီးမီးယန်းဓာတ်စာနဲ့ ဟစ်စပန်းနစ်အဝတ်အစားနဲ့ မြန်မာ သို့မဟုတ် ဘားမား
လှေထိုးသားနဲ့ ဖင့်ဆောင့်ငိုမယ့် လှေစီးသူနဲ့။ ဒီမှာ ဒီမှာ ခင်ဗျားအိမ်တော်ထဲ အသက်ကိုမွေးမြူနေရ နှစ်ကာလတွေထဲ
ကျုပ်တို့လည်း ဣဿာမစ္ဆရိယကို အတုံးအတစ်လိုက် လူပါးဝဝ မွေးမြူ။ ထွက်လာတဲ့ အသံက ဘာတဲ့..
မင်း Onlineမှာ ကဗျာရေးတာ ဘာရလဲ..။ ဟုတ်ကဲ့ပါ.. ကျွန်တော်ဟာ မျက်နှာငယ်သူပါ၊
ခင်ဗျား မိုဘိုင်းဘရောက်ဇာရဲ့ ဟစ်စတိုရီလစ်ထဲက အဲဗား ကျူတန်းစီနေတဲ့ ဗိန္ဒောဆရာ ဒေါက်တာချက်ကြီးကို
ကျွန်တော်လည်း ရံဖန်ရံခါ၊ ဒါပေမယ့် မျက်နှာမှာ ရာသီသွေးတွေ ပန်းထွက်နေအောင်တော့ လိုက်စားဖို့ မသင့်ဘူး မဟုတ်လား။
အခု ခင်ဗျား ရူးသလိုအထာနဲ့ တင်ဆက်နေတာများ ကျွန်တော်တို့ ကဗျာဆရာကြီးတောင် သွေးလန့်လောက်တဲ့ Nine အဆင့်နဲ့။
ယဉ်ယဉ်ကျေးကျေး ရိုင်းစိုင်းပြလည်း ဖြစ်ပါတယ်။ ဟုတ်တယ် နောင်တတွေနဲ့ ပေးဆပ်နေတဲ့ သက်ကြားအို! ခင်ဗျားဆိုလိုရင်းတွေက
လတ်တလောရောင်းကောင်းနေတဲ့ ခင်ဗျားပိုစတာထဲကလို ကြည့် မကောင်းတော့ပြန်ဘူး။ ကဲ.. ပြော ခင်ဗျားတို့လည်း
မွေးရာပါ လွတ်လပ်ခွင့်မှာ အာဏာရှင်က ဖွင့်ပေးလိုက်တဲ့ ပါးစပ်နဲ့ ကျုပ်တို့လိုပဲ ခြောက်ပစ်ကင်းသဲလဲစင် မဟုတ်တဲ့ အတွေးအခေါ်နဲ့
မီးကျိုးမောင်းပျက် ငယ်ဘဝနဲ့ ဖုတ်ဖက်ခါ ထလာတဲ့ သမိုင်းဘီးအရွေ့နဲ့ စုတ်ပြတ်သတ်နေတဲ့ အဝတ်အစားနဲ့
ပွဲတက်ခွင့်ရ သတင်းစာရှင်းလင်းပွဲနဲ့ မျောက်လို အူတတ်တဲ့ ဗီဇနဲ့ ခိုးကြောင်ခိုးဝှက်အသက်ရှူသံနဲ့ ဘုရားသခင်သင်ပြပေးပြီး အာပတ်ဖြေနည်းနဲ့။
လခွီးပဲ.. အစောကတည်းက ဒီကဗျာကို ဒီထက်ပိုပြီး ယဉ်ယဉ်ကျေးကျေး ရေးတတ်ခဲ့ဖို့ သင့်တယ်၊ ဒီလိုပဲ ထင်ခဲ့၊
ဟုတ်ကဲ့! အခု ကျွန်တော်လည်း စကားပြောလေ့ကျင့်နေပါတယ်။
မိုးကေခမ်း
Subscribe to:
Post Comments (Atom)
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...
-
“ဒဏ္ဍာရီတွေ အစက ဒိုင်ယာရီ “ လို့ဆိုရမလား ၊ သမီး ရက်စွဲတွေ “တစ်ထေရာတည်း“ ခဲ့တာ ၊ ဒီစာရွက်လေးက ခေတ်ရဲ့ မြူမှုန်ပိုင်းတစ်ပိုင်း ... အဖေ က တ...
-
မဖြစ်နိုင်မှန်းသိနေလည်း ညီမလေးဖျှော်ပေးမယ့် ကော်ဖီတစ်ခွက်ကိုပဲ ဆာလောင် တောင့်တ... မဆုံနိုင်မှန်းသိနေတာတောင် ညတွေဆို ကော်ဖီတစ်ခွက်က...
-
ယုံကြည်ချက်ကြောင့် လမ်းပေါ်ရောက်သူများကော ယုံကြည်ချက်ကြောင့် လမ်းဘေးရောက်နေသူများပါ လူစုံတက်စုံပါဝင်လာတဲ့ ပြည်သူ ၀က်ဝက်ကွဲ ဆုတောင်းပ...
No comments:
Post a Comment