အမှတ်မရှိဘူး ကော်ဖီသောက်တိုင်း ငါးရိုးဆူးတယ်။ (မှူးသစ်)


ချက်ကြိုးစဖြတ်ကတည်းပဲ တစ်နေ့ရွှေ တစ်နေ့ငွေ

စိတ်လိုလက်ရရှိစရာ ဆိုလို့
မျိုချပစ်မိတဲ့   အတိုအစ  စကားဖြတ်စ တွေပဲ ရှိ
အရင်ကထက် အပေါင်းအသင်းတွေ များလာတယ်
ရင်ဘတ်ခြင်းနီးကပ်မှုတွေ ပိုပိုဝေးလာတာကလွဲ့လို့
လက်ဆွဲနှုတ်မဆက်ကြေး အပျင်းမဖြေကြေး
ဂရုဏာ တေးသီးချင်းကလေးတွေ ဖွင့်မပြကြေး
ခပ်တိုးတိုးကလေး ပြောစရာ စကားတွေလဲ ဘာမှ မရှိ
အိပ်မပျော်ဘူး ကော်ဖီတွေဖျော်ဖြစ်တယ် နှုတ်ခမ်းပဲ့နေတဲ့ ခွက်ကလေးနဲ့

စီးကရက်တွေလည်း မီးစားကုန်ပြီ ။ သတိတွေ လက်လွတ်ဖြစ်လာ
မလွတ်အောင်ဆုပ်ကိုင်ထားမိသော သတိတရများ
အမှတ်မရှိဘူး ကော်ဖီသောက်တိုင်း ငါးရိုးဆူးတယ်
ကဗျာတွေ အများကြီးရေးဖြစ်တယ်။
တစ်ခုခု ဆုံးရှုံးခံရပြီးမှ ထွက်လာခဲ့သော စာသားအပွန်းအပဲ့များ
အမှတ်မရှိဘူး ကော်ဖီသောက်တိုင်း ငါးရိုးဆူးတယ်။
ညည အပျောက်ရိုက်၊ စပိတ်တစ်ကို တစ်ခါမှဖမ်းလို့ မမိခဲ့ဘူး
စီးကရက်လိပ်တွေနဲ့ ကော်ဖီခွက် ဒီလိုပဲ  ဘူဘူ ခြင်း ပွတ်တိုက်မိ
ငှက်ဖျားရောဂါလို ဆရာဝန်ရှေ့ကျ ထပျောက်နေတော့ ဘယ်လိုမှ ကုသမရဘူး
"ဟာ အဲ့ဒီလိုချည်း ထထ ဖြစ်နေမှ သောက်ပြဿနာ"
ဒီလိုပါပဲ...နေထိုင်ရတာ အဆင်ပြေပါတယ်
ကိုယ် နာ ကျင်တဲ့ အခါ အနားမှာ ဘာမှ မရှိတော့တာကလွဲလို့
နာကျင်မှုတွေကို အပြုံးနဲ့ တွဲစပ်လိုက်တဲ့အခါ

လူတိုင်းမသိနိုင်တဲ လျှို့ဝှက်ချက်
အကောင်းဆုံး လူမှု ဆက်ဆံရေးဖြစ်လာတယ်။

နေထိုင်ရတာ အဆင်ပြေပါတယ်။
အပေါင်း အသင်းတွေများလားတယ် စကားတွေ ပိုပြီး ပြောဖြစ်တယ်
ရင်ဘတ်ခြင်း နီးကပ်မှုတွေ ပိုပိုဝေးလာတာကလွဲလို့..
ရှာမတွေတော့တဲ့ ဧရိယာကြိုးကလေးလဲ ပြတ်တောက်
ကော်ဖီသောက်တိုင်း ငါးရိုးတွေက ခဏခဏ ဆူးးး

                                                                                              မှူးသစ်

2 comments:

  1. အပေါင်းအသင်းတွေများလာတယ် စကားတွေပိုပြီးပြောဖြစ်တယ် ၇င်ဘတ်ခြင်းနီးကပ်မူတွေ ပိုပိုဝေးလာတာကလွဲလို. ......

    ReplyDelete
  2. အပေါင်း အသင်းတွေများလားတယ် စကားတွေ ပိုပြီး ပြောဖြစ်တယ်
    ရင်ဘတ်ခြင်း နီးကပ်မှုတွေ ပိုပိုဝေးလာတာကလွဲလို့..
    ရှာမတွေတော့တဲ့ ဧရိယာကြိုးကလေးလဲ ပြတ်တောက်

    ReplyDelete

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...