နံရံက ခေါင်းကို ပြေးပြေးဆောင့်နေတယ်
သက်ငြိမ်ပန်းချီကားတစ်ချပ်၊
နားထင်မှာ အပေါက်တွေချည်းပ
စေ့စေ့ကြည့်နေသမျှကိုယ့်ရန်သူ
ကိုယ့်နောက်ကျောကိုထောက်ထားတဲ့ ဓားက ကိုယ့်လိပ်ပြာ
ဘယ်လိုမှငြိမ်သက်ခြင်းမရှိ
နံရံတစ်ခုနဲ့တစ်ခုကြားမှာ တွန့်လိန်လို့ ကိုယ့်ကိုလှောင်တယ်
ဘယ်ထောင့်မှာ အသေတွယ်ကပ်ထားရမလဲ
နေပူတယ်၊ မိုးရွာတယ်၊
စိတ္တဇနံရိုး ဆယ်ချောင်းကျိုးတယ်
မီးကုန်ယမ်းကုန် တဖွဲဖွဲလွင့်စင်တယ်
လမ်းပေါ်ပွင့်ထွက်နေတဲ့အလွမ်းအဆွေးနဲ့
အဖြစ်က ခပ်သွပ်သွပ်၊ အတိတ်မေ့သလိုလို
တစ်ခုခု ကောနေသလိုလို
အတွေ့အထိက
သတ္တုပန်းတွေပွင့်ပွင့်ပြတတ်တဲ့ လမ်းမ
အပြောအဆိုက
ဘော်ရောင်တောက်နေတဲ့ အသားစတွေ
မြေကြီးမှာအမာရွတ်တွေ ချည်းပဲ သူငယ်ချင်းရေ
သမ္မတကမ်းခြေမှာ တခစ်ခစ်အူမြူးနေတဲ့ ခေတ်ကြီးလေ
ခု ကျောက်ဆောင်နဲ့ဝင်တိုက်မိတဲ့ သဘောင်္တစ်စင်းလို
ဟက်တက်ကြီး မူးရူးလို့
ဒါ . . .ဒီလို
ငါးပါးသီလမလုံပဲ ရေးမိတဲ့ ကဗျာပေါ့
ဘာဟာ ဘာမှမဟုတ်တော့တဲ့အကြောင်း ညနေခင်းတစ်ခုနဲ့
ဒီနေရာမှာ ပျော်ရွှင်ဖွယ်ရာဆိုတာကရော
ဆင်တွေ အသောင်းအသန်းလိုက်ဖမ်းရသလိုမျိုးလား
ရောက်ရှိ လာတဲ့သတင်းဟာ
မိုင်ပေါင်းတစ်ရာကျော်အကွာအဝေးမှာ
နှလုံးရောဂါရနေတဲ့ မေတ္တာတရားရဲ့ ကြေးနန်းစာ
ဘယ်လို ရွှေ့ပြောင်း ကစားရမယ့်
တရားသော အဓမ္မလဲ ကိုလင်းသဏ်ညီ
မပျော်လို့ အိပ်ချင်နေတဲ့ ရောဂါနဲ့
ရာသီဥတုတွေ ကိုယ့် ဘက်မပါဘူး ဒီဇင်ဘာ
အမှောင်တွေ ပဲ့ရွဲ့နေတယ် ဆိုတာ
သေချာပါတယ် ကိုစိုးမင်းအောင်
ကျွန်တော် ခု ပြေးလမ်းပေါ် မှာ ။
သက်ငြိမ်သစ်
(၂၀၁၀၊ ဒီဇင်ဘာ အနာတရနဲ့အတူ)
Subscribe to:
Post Comments (Atom)
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...
-
“ဒဏ္ဍာရီတွေ အစက ဒိုင်ယာရီ “ လို့ဆိုရမလား ၊ သမီး ရက်စွဲတွေ “တစ်ထေရာတည်း“ ခဲ့တာ ၊ ဒီစာရွက်လေးက ခေတ်ရဲ့ မြူမှုန်ပိုင်းတစ်ပိုင်း ... အဖေ က တ...
-
မဖြစ်နိုင်မှန်းသိနေလည်း ညီမလေးဖျှော်ပေးမယ့် ကော်ဖီတစ်ခွက်ကိုပဲ ဆာလောင် တောင့်တ... မဆုံနိုင်မှန်းသိနေတာတောင် ညတွေဆို ကော်ဖီတစ်ခွက်က...
-
ယုံကြည်ချက်ကြောင့် လမ်းပေါ်ရောက်သူများကော ယုံကြည်ချက်ကြောင့် လမ်းဘေးရောက်နေသူများပါ လူစုံတက်စုံပါဝင်လာတဲ့ ပြည်သူ ၀က်ဝက်ကွဲ ဆုတောင်းပ...
No comments:
Post a Comment