Friday, November 9, 2012
"လျှော့ကြိုး"
"လျှော့ကြိုး"
ကြိုးကလေး...ကို
လျှော့လိုက်တယ်ပြီးတော့ ပြန်တင်းတယ်။
ပျှော်ရွှင်မှုတွေ.ပစ်ချပေးတယ်
နောက်..ကြိုးကလေးကိုပြန်တင်းတယ်။
သိပ်မောလာတဲ့အခါ ပျှော်ရွှင်မှုလေး ပြန်ပစ် ပေးတယ်။
နောက်..ကြိုးကလေး..ကို..ပြန်တင်းတယ်
လှည့်ဖျားမှုတွေမှာ..
ကစားနေရတာပျှော်တယ်မဟုတ်မလား မိနှင်းပြာ..။
အလိုတော်အတိုင်းပါပဲ....မင်းစိတ်ဆန္ဒအရ..
ငါ....နာကျင်မှုတွေပဲ
ကျေနပ်စွာခံယူလိုက်ပါ့မယ်
ကျေနပ်စွာ ခံယူနေပါမယ်။
ကျေနပ်စွာ ခံယူခဲ့ပါတယ်။
လိမ္မာရိုးကျိုးတဲ့..ခွေးအ ကလေး တစ်ကောင် အဖြစ်နဲ့
မင်းလက်ဖ၀ါးထဲက လျှော့ကြိုးလေးကို...
ဘယ်တော့မှမကိုက်ဖျက်ပါဘူးးးမိနှင်းပြာ..
ခုလို..
ကစားနေရတာ..သိပ်ပျှော်တယ်မဟုတ်လား...မိနှင်းပြာ
မှူးသစ်
Subscribe to:
Post Comments (Atom)
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...
-
“ဒဏ္ဍာရီတွေ အစက ဒိုင်ယာရီ “ လို့ဆိုရမလား ၊ သမီး ရက်စွဲတွေ “တစ်ထေရာတည်း“ ခဲ့တာ ၊ ဒီစာရွက်လေးက ခေတ်ရဲ့ မြူမှုန်ပိုင်းတစ်ပိုင်း ... အဖေ က တ...
-
မဖြစ်နိုင်မှန်းသိနေလည်း ညီမလေးဖျှော်ပေးမယ့် ကော်ဖီတစ်ခွက်ကိုပဲ ဆာလောင် တောင့်တ... မဆုံနိုင်မှန်းသိနေတာတောင် ညတွေဆို ကော်ဖီတစ်ခွက်က...
-
ယုံကြည်ချက်ကြောင့် လမ်းပေါ်ရောက်သူများကော ယုံကြည်ချက်ကြောင့် လမ်းဘေးရောက်နေသူများပါ လူစုံတက်စုံပါဝင်လာတဲ့ ပြည်သူ ၀က်ဝက်ကွဲ ဆုတောင်းပ...
No comments:
Post a Comment