လွတ် ထွက် လု စဲ..စိတ် အ ခြေ အ နေ
အလို အလျောက် တုံ့ပြန်မှု စနစ်
ယိုးယွင်း စ ပြုလာသော အသက်ရူ သံများ
လက်ဖ၀ါး ထဲမှာ ဖြစ် ညစ် ထား မိ သော ပျှော် ရွှင် မှု
အား လုံး ဟာ
အရေးပေါ် ငလျင်ကြော တစ်ခုပေါ် မှာတည်ရှိနေတယ် ။
စာအုပ်တစ်အုပ် ကို ခေါက် သိမ်း လိုက်သလို
အရေးမကြီးမှုများ နှင့် အတူ ခေါက် သိမ်း ထားလိုက်ပါ
enter တစ်ချက်ခေါက်ပြီးနောက်
လိုအင်တောင်းတ မှုတွေ
မျှော်လင့်သလို ကျမလာသေးဘူး
ဖြစ်သလို ပဲ မျှော်လင့်နေလိုက်မိရုံ
တိတ်ဆိတ်ခြင်းမှာ နာကျင်မှု သဘောသဘာဝတွေ စွန်းထင်းနေပါစေ
မတတ်နိုင်မှုမှာ..... နောက်ဆုံးး
ကိုယ့် အသက်ရူသံလေးပဲ
လက်ဖ၀ါးထဲကိုထည့်ပေးလိုက်ချင်တယ်
ဖြစ်..သလို ပဲ ဖြစ် လာ ပါ
အသိညဏ်မှာ ဗိုင်းရပ် တွေ တစ်စစ်စစ် ကိုက်ခဲမှုဟာ
ဘေးပတ်ဝန်းကျင် ကို ဒုက္ခရောက်စေတဲ့ အန္တရယ် တစ်ခု ပဲ
သွေးကြောထဲက ဆဲလ်တွေပေါ်မှာ ပြတ်ရှ ဒဏ်ရာ တွေ
အထပ်ထပ် တုန် ရီ ချည့် နဲ့ နေတယ်
အသက်ရူကျပ် လာတိုင်း စီးကရက်တွေ ဆက်တိုက် ဖွာနေရတာ
အရေးပေါ် ကုသနည်း တစ်ခု ...
တစ်ခုထက်.....ပိုပိုပြီး လိုအပ်နေတဲ့ အခြေအနေ
အကိုက်အခဲ ပျောက်ဆေးတစ်လုံးနဲ့ မလုံလောက်တော့အောင်
ဦးနှောက်မှာ ကူးစက်ပျံပွားလာသော နာကျင်ကိုက်ခဲမှုများ
မီးခိုးငွေ့ တွေကြားမှာတင် ပေါ့ပါးမှု ဟာ ရှာမရတော့ဘူး
အေးခဲနေတဲ့ လက်ဖ၀ါးတွေ ပြန်ဆုပ်ထားလိုက်ဖို့
အဆင်မပြေ ဖြစ်နေတယ်
အလိုအပ်ဆုံးအခြေအနေ.နဲ့ ပကတိ အရှိတရားဟာ
ဆန့်ကျင်ဘက် တစ်နေရာစီ လွဲချော်
အသက်ကိုတောင် ခက်ခက်ခဲခဲ ရူ ထုတ် နေနေ ရတယ်
ဘ၀ ကို အရှုံးခံပြီး ဆုံးဖြတ်ချက်ကို ချပစ် လိုက်ရတော့မလား
မျိုသိပ် တိတ်ဆိတ်မှုတွေ လည်ချောင်း ၀ မှာ
ကန့်လန့်ဖြတ်ကြီး ခု ခံ….
အဖြစ် အပျက်
အပြုအမှု အသုံး အနူန်း အပြောအဆို အားလုံး
နောက်ထပ်ဆို….ကိုယ်ပိုင်အမှတ်တံဆိပ်တောင် မရှိစေရတော့ဘူး
ဒဏ်ရာ ဒဏ်ချက်တွေပေါ် မှာ ဒဏ်တွေ အထပ်ထပ် ဖြစ်လာနေတယ်
မှူးသစ်
No comments:
Post a Comment