Friday, January 10, 2014

ကိုယ့်မှာ တစ်ခုခုချို့ ယွင်းနေပြီဆို အဲ့ဒါ စိတ်ပိုင်းဆိုင်ရာ အထားအသိုမတက်မှုပဲ( မောင်မိုးမြင့်)

ကိုယ်က တစ်ခုခုဆို အရမ်းထိလွယ်ခိုက်လွယ်
ဆပ်ပြာပူပေါင်းကလေးလိုပဲ ခံစားမှုအရေပြားဟာ သိပ်ကိုပါးလွှာလွန်းနေခဲ့တယ်
နုတ်ခမ်းပေါ်မှ မွှေးညှင်းစိမ်းများ အမြင်ကျဉ်းမြောင်းမှု ကိုယ်သင်းရနံ့
ဖိုင်ဘာဆက်ကြောင်းတွေပေါ်က အသံမော်လီကျူး ခပ်သေးသေး အစရှိတာတွေ
ထိခိုက်လိုက်တာနဲ့ တစ်စစီပေါက်ကွဲသွားလောက်အောင်
ကိုယ့် အာရုံခံစားမှုဟာ အမြဲကျွတ်ဆတ်နေခဲ့
ဒီလိုနဲ့ ပစ်မှတ်ထားပြီး ကိုယ့်ကို တိတိကျကျမှားပါ
ကိုယ်စိတ်နှစ်ပါးလုံးနဲ့ ရင်းနှီးပြီး ကိုယ့်အပေါ် ရိုးရိုးသားသားမှားပါ

တစ်ချို့ အမှားတွေဟာ သိပ်ကို အဓိပ္ပါယ်ရှိတာပဲ
အသိဥာဏ်ကိုတောင် သံသယဝင်မိ
တစ်ခုခုကို ယုံကြည်ပေးရတာဟာ လက်တွေ့မှာ အရမ်းပင်ပမ်းတဲ့ အမှုပဲ
အပျော်ဆိုတာလဲ ကိုယ့်အတွက်တော့ အေးချမ်းပြောသလို
နေပူထဲက ရေခဲချောင်းတွေလောက်ရယ်
သိပ်ကို ဖြစ်လွယ် ပျက်လွယ်
ဘဝမှာ အဖြစ်ချင်ဆုံးဆန္ဒက ကြက်အရိုးလေး ကိုက်ရဖို့ပါ
ဆင်ခြင်တုံတရားကင်းလွတ်သွားမိတဲ့ အခိုက်အတန့်တွေကို မက်မောတယ်
အရသာဟာ လျှာနဲ့အရေပြားပေါ်မှတဆင့် သံသရာဆီသို့
မိန်းမပျက် အချို့ကို အားကျတယ်
လူရွှင်တော်တွေကို သနားတယ်
ဥာဏ်ပညာကို တူးတူးခါးခါး မုန်းလာတယ်
စိတ်ချမ်းသာမှုဟာ နားထင်ကို အဆက်မပြတ်ထောက်ထား
လူ့အဖြစ်တစ်ခုလုံးဟာ မျက်စိရှေ့တင် ဝေဝါးလို့
အနုပညာနဲ့ ကိုယ့်ခံနှိုင်ရည်ကို ဖဲ့ဖဲ့ထုတ်နေရ
နာ တယ်
သိပ်မုန်းဖို့ကောင်းတဲ့ မျက်ရည်တွေဟာ သူ့အလိုလိုကျလာ
မယုံကြည်ရတဲ့အထဲမှာ မျက်လုံးနဲ့နားကအဆိုးဆုံး
ကိုယ်က အဲ့လိုယူဆပြီး
ဟိုက်ပိုသာမီးလ်ယား ရောဂါကို တယုတယ မွေးမြူခဲ့တယ်
သားလျောသွားတဲ့ အိမ်မက်တွေအတွက် ယူကြုံးမရဖြစ်လို့
သိပ်ကိုနာကျင်ရတာပဲ
နာကျင်ဖို့သက်သက်ပဲ လူအဖြစ်ကို ရလာသလို
ဝေး
ဝေး ဝေး အဝေးကြီး
အရေပြားပေါ်ကို လက်ကလေးနဲ့ သပ်ချလိုက်ယုံနဲ့တင်
ကိုယ်တို့ဟာ စုံလုံးကန်းရတော့တာပဲ ။ ။






- မောင်မိုးမြင့်

၁၉ ၆ ၂၀၁၃

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...