Friday, January 17, 2014

ပုတီးတစ်လုံး ဖြူတ်ချ..

အိပ်ပျော်ရတာ ပျော်ရပါတယ်
ခုတလော ဒဏ်ရာတွေပေါ်မှာ အလွတ်ကြီး လွတ်လို့
ငါ တစ်ကိုယ်တည်း ခွေနေဖြစ်တယ်
လူတွေဟာ မယုံကြည်ရဘူး ...     ပုတီးတစ်လုံး ဖြုတ်ချ .
တစ်ယောက်ကိုတစ်ယောက် မျက်လုံးတွေနဲ့ စိုက်ကြည့်နေရုံပဲ တတ်နိုင်တဲ့အချိန်
ဆယ်နှစ်သားအရွယ်မှာ နာကျင်မှုနဲ့ စတင်ထိတွေ့ခဲ့ တယ်
ဆုံးရှုံးသွားခဲ့တာဟာ  ပုံဆွဲ စာအုပ်တွေ မဟုတ်ကြောင်း
ရောင်စုံခဲတံတွေ မဟုတ်ကြောင်း မစဉ်းစားချင်တဲ့ အကြောင်းအရာတွေကိုပဲ
ငါ ပြန် စဉ်းစားနေမိတယ်
နောက်ကြောင်းကနေ စ ပြီး ရှေ့ကိုပြန်တွေး ဖြ စ် တ ယ်
အမည်တပ်စရာဆိုလို့ ခြေကုန်လက်ပန်းကျလာတဲ့ ရှင်သန်မှုများသာ ရှာဖွေတွေ့ရှိ

ကြက်ခြေခတ်ပစ်ချင်စရာအကောင်းဆုံး အချိန်ကာလတွေကို
ငါ့မှာ ခုချိန်တွေထိ ရုန်းကန်လို့ မဆုံးနိုင်သေးဘူး
အရှိတရားတွေကို ငါ့လက်ဖ၀ါးထဲ ဆုပ်လိုက်ဖြေလိုက်
ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင်ဖွယ်ရာတွေဟာ ပျောက်ဆုံးစ ပြုနေတဲ့ ရာသီဥတုတွေလို
ငါ့နေ့ရက် ဘ၀ထဲမှာ မှောင်လိုက် မှိတ်လိုက် လင်းလိုက်နဲ့
ငါဟာ အသက်ရူလိုက်တိုင်း ဒဏ်ရာတွေကို မွေး မြူေ န သူ များ လား
ကိုယ့်အဆိပ် ကိုယ်ပြန်မိနေတဲ့ မေးခွန်းတွေနဲ့
ငါ့ကိုယ်ငါ ကဗျာတွေရေးပြီး ပြန်ကယ်တင်နေရတာကိုပဲ အထူးတဆန်းဖြစ်လို့
ဒီလိုနဲ့ပဲ ထိခိုက်ပွန်းပဲ့မှုများဟာ သက်တမ်းတစ်လျှောက်လုံး ရင်းနှီးကျွမ်းဝင်လာခဲ့တယ် ဆိုပါတော့
နာ ကျင် ရ တာ အရသာရှိပါတယ် နာ ကျင် ရ တာ အရသာရှိပါတယ်
စိတ်ကိုဆွဲလမ်းစေတတ်သော အရာများ
ကိုကင်း.. ကဖိန်း .. စသည်ဖြင့် ဆက်လက် ထည့်သွင်းသတ်မှတ်ရန်.. နာကျင်မှုများ ကျန်ရှိ
လူတွေဟာ မယုံကြည်ရဘူး ပုတီးတစ်လုံး ဖြုချ
ယိုးယွင်းသွားတဲ့ စိတ်မှာ
လူတွေဟာ မယုံကြည်ရဘူး ပုတီးတစ်လုံး ဖြုတ်ချ
ယုံကြည်မှု တစ်စုံတစ်ရာ မရှိဘဲ
ဘ၀ကို ရပ်တည်လာခဲ့သော အံသြဖွယ်ရာ နေ့ရက်များဟာ များပြားခဲ့ပါပြီ
လူ့သက်တမ်းဟာ သုံးဆယ်နားကပ်လာခဲ့ပါပြီ
မမြင်နိုင်တဲ့ ပြတ်ရှရာတွေနဲ့ ငါ့ လက်ဖျံရိုးသွေးကြော
အမည်မဖေါ်လိုတဲ့ ဆို့နင်မှုတွေနဲ့ ငါ့ ဆိုက်ကို.
မဖြေလျှော့လိုတဲ့ မွန်းကြပ်မှုတွေနဲ့ ငါ့ အသက်ရှုနူန်း
အချိန်ပြတ်ရွေ့တွေ တစ်စတစ်စ ရွေ့လျားတာနဲ့ အမျှ
ငါဟာ လူ့အဖြစ်မှာ လူဆန်သူဆန် မနေထိုင်တတ်သေးသူ
လူ့ပတ်ဝန်းကျင်တစ်ခုလုံးရဲ့ အပြင်ဘက်မှာ ငါ့ယဉ်ကျေးမှုနဲ့ငါ ရိုးရှင်း သိမ်မွှေ့လို့
ခေတ်မီ ပေါင်းသင်းဆက်ဆံရေးတွေမှာ ငါဟာ အစွန်းရောက် လူသားဖြစ်တယ်
လူတွေဟာ မယုံကြည်ရဘူး ပုတီးတစ်လုံး ဖြုတ်ချ
လူမှုပေါင်းသင်းဆက်ဆံရေးတွေဟာ မယုံကြည်ရဘူး ပုတီးတစ်လုံး ဖြူတ်ချ
လိင်တူညီမျှတွေဟာ မယုံကြည်ရဘူး ပုတီးတစ်လုံး ဖြူတ်ချ
လူ့အဖွဲ့အစည်းတစ်ခုလုံးဟာ မယုံကြည်ရဘူး ပုတီးတစ်လုံး ဖြုတ်ချ.
နည်းပညာတွေ ကင်မရာတွေ ဆိုရှယ်နက်ဝပ်တွေ စကားလုံးအထားသိုတွေ.
မယုံကြည်စရာတွေကို ရေတွက်တယ် ပုတီးတစ်လုံးဖြူတ်ချ
ငါ့လက်ဖျံရိုးသွေးကြောတွေမှာ.. ငါ့အသက်ရှုသံတွေမှာ..
အသက်ရှင်နေထိုင်သမျှ   နာကျင်မှုဟာ အရသာ ရှိပါတယ်

မှူးသစ်

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...