Monday, March 31, 2014

လက်နက်နဲ့ အစွန်းတရားနဲ့ သွားရင် ဘယ်တော့မှ ပြီးမှာမဟုတ်ဘူး

"အဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်မှုအောက်မှာပေါ့
ဒါဟာ ပုဂ္ဂိုလ်ရေးဦးတည်ပြီးတော့ပေါ့၊ အမှန်တကယ်ဖြစ်ရမှာက
ပြည်သူလူထုတစ်ရပ်လုံးက ပုဂ္ဂိုလ်ကို မူတည်တာထက် ၊.."

NLD နာယက ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦးနှင့်တွေဆုံခြင်း( မင်းသူ တွေ့ဆုံမေးမြန်းသည်။)

ကာကွယ်ရေးဦးစီးချုပ်ဟောင်း နှင့် NLD နာယက တစ်ဦးဖြစ်သူ
သူရဦးတင်ဦးအား မြန်မာနိုင်ငံဧ။် နှစ်ပေါင်း ၂၀ကျော် နိုင်ငံရေးဖြတ်သန်းမှု အခြေအနေများ
NLD နှင့် မြန်မာ့နိုင်ငံရေး အခြေအနေများ၊ မြန်မာ့နိုင်ငံရေး အနာဂတ်ခရီးတွင် NLD ဧ။် ရှေ့ဆက်မည့်
အလားအလာများနှင့်ပတ်သက်ပြီး The Street View ဂျာနယ်မှ တွေ့ဆုံမေးမြန်းထားသည်များအား ဖေါ်ပြလိုက်ပါသည်။

မေး ။  ။ဘဘ အနေနဲ့က ၁၉၈၈ မတိုင်မီကတည်းက  မြန်မာ့နိုင်ငံရေးထဲမှာ ထဲထဲဝင်ဝင်ရှိလာခဲ့တော့ လက်ရှိ မြန်မာ့နိုင်ငံ
ရေး အခင်းမှာ အရင် ၁၉၉၀ မတိုင်မီနဲ့ ၁၉၉၀ နောက်ပိုင်းအပြောင်းအလဲ ဖြစ်စဉ် နိုင်ငံရေးပြဿနာတွေကို ယှဉ်
တွဲပြီးတော့ ပြောပြပေးစေချင်ပါတယ်။NLD ရဲ့ ဖြတ်သန်းမှုနဲ့ လတ်တလော အခြေအနေကို ပြောပြပေးစေချင်ပါတယ်။

ဖြေ။  ။ကိုယ်တို့ စပြီးဖွ့တဲ့အချိန်က စပြီးတော့ အဖွဲ့ချုပ်ဖွဲ့တုန်းက ၈၈ အရေးအခင်းကာလတုန်းက ဖွဲ့ခဲ့တာပေါ့
ဖွဲ့ပြီးတဲ့နောက် စည်းရုံးတွေဆင်းခဲ့တယ် အဲ့ဒီအချိန်တွေမှာ အတားအဆီးအပိတ်ပင်တွေ တော်တော်များတယ်
အကန့်အသတ်တွေ ရှိခဲ့တယ်ပေါ့ ။ စိုးစိုးရွားရွားကတော့ မြစ်ဝကျွန်ပေါ်ဘက်မှာ ဒေါ်အောင်ဆန်းစုကြည်
အသက်ကို အန္တာရယ်ရှာခံခဲ့ရတဲ့အထိပေါ့ ဒီနောက်ပိုင်းမှာလည်းပဲ တောက်လျှောက်လုံး
ခေါင်းဆောင်တွေဆိုလည်းပဲ အတားအဆီးအပိတ်ပင်တွေခံခဲ့ရတယ် ဒေါ်အောင်ဆန်းစုကြည်တို့
ဦးဝင်းတင်တို့ရော ကျွန်တော်တို့ရောပဲပေါ့။ ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်ကျတယ် ကျန်တော်တို့ ထောင်ကျတယ်ပေါ့၊ ဒုတိယခေါင်းဆောင်တွေကိုလည်း အကြောင်အမျိုးမျိုးနဲ့ ထောင်ထဲပို့တယ်။
နောက်ပြီး အဖွဲ့ချုပ်ရဲ့ အခြေခံတွေကိုလည်း ဆပ်စပ်ပြီးတော့အကြောင်းရှာပြီးတော့လုပ်ခဲ့တယ်
ရွှေမျိုးနီးစပ်တော်တဲ့သူတွေက အစပေါ့ ဥပမာဆိုရ NLD  ထွက်မလား မင်းညီမ အလုပ်ထွက်ခံမလား ဆိုပြီး နည်းမျိုးစုံဒုက္ခတွေပေးခဲ့တာပေါ့ ဒီဒုက္ခတွေကြားထဲမှာပဲ NLD ဟာ လူထုကြားထဲမှာ ခိုင်ခိုင်မာမာနဲ့
လုပ်ငန်းပြပြီး ရပ်တည်ပြီး ခဲ့တယ် ။
ဘယ်လိုလုပ်ငန်းတွေ ပြခဲ့သလဲဆိုတော့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးနဲ့
ပတ်သက်ပြီး လူမှုအထောက်အကူတွေပေးခဲ့တယ်။ ချိတ်ဆက်ပြီးတော့ လုပ်ခဲ့တယ်။ ဒါတွေနဲ့ပတ်သက်ပြီးအဖွဲ့ချုပ်က တော်တော်လေး ထောက်ခံအားပေးခဲ့တယ်
နောက်ပြီးတော့ တရားရေးနဲ့ ပတ်သက်ပြီးတော့ အမှုအခင်းတေ ၅၀၅ (ခ) ၁၀ (က) တို့အရေးပေါ်စီမံချက် ငါးညတို့ နိုင်ငံတော်နှောက်ယှက်သူများကာကွယ်တဲ့ ဥပဒေတွေတို့ အများကြီးပါပဲ ဒါတွေနဲ့ပတ်သက်ပြီး မျိုးစုံလုပ်ခဲ့ပါတယ်။ အဖွဲ့ချုထဲမှာလည်း အခြေအနေအရ သူတို့နည်းသူတို့ဟန်နဲ့  ကြည့်ပြီးဆောင်ရွက်သွားကြတဲ့လူတွေရှိသလို တစ်ချို့ကလည်းပဲ ကြောက်လန့်ပြီးတော့ ထွက်သွားတာတွေလည်းရှိခဲ့တယ်။ အဖွဲ့ချုပ်က အားနည်းသွားသလိုရှိခဲ့ပေမယ့် ပိုပြီးတော့ ကျစ်ကျစ်လစ်လစ်နဲ့ တကယ်ဇွဲရှိရှိ သတ္တိံရှိရှိနဲ့ပေါ့လေ တောင့်ခံပြီးတော့ ကျန်လာတာပေါ့ အဲ့ဒါတွေကိုလည်း ဖြိုလာတာပဲ အောက်ခြေနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်တာအားလုံးကို ဖျက်တာမကဘူး အမျိုမျိုး ရပ်ဆိုင်းရအောင်ကိုလုပ်တာ။ ဟိုတုန်းကဥပဒေတွေထဲကအတိုင်း ဖျက်စီးခံရတဲ့ လျော့သွားအင်အားတွေကို အဖွဲ့ချုပ့်က ပြန်ဖွဲ့စည်းပြီးတော့ အင်းအားသစ်တွေထပ်ဖြည့်ပြီးတော့ ဒီလိုလုပ်လာခဲ့ရတာပဲ။ သွားတဲ့ခရီးစဉ်တွေမှာလည်း အနှောက်အယှက်တွေ အပိတ်အပင်တွေ အတားအဆီးတွေကတော့ အများကြီးပဲ
ကိုယ်တို့ဆိုရင်လည်း အတားအဆီးပိတ်ပင်တွေ အမျိုးမျိုးအကြောင်းရှာပြီးတော့ နှိပ်စက်ပုံနည်းမျိုးစုံနဲ့ ကြုံခဲရတယ်။ ကိုယ်တင်မကဘူး ကိုယ့်ရဲ့ သားသမီးတွေ ဆွေးမျိုးတွေအထိပါ ကျောင်းနေတဲ့ ကျောင်းသားကအစ သင်မှုကြားမှုတွေ အခက်ခဲဖြစ်အောင်လုပ်ခဲ့ကြတာ။ NLD စတင်ခဲ့ပြီးကတည်းက သူတို့ရဲ့ အမျိုးသားညီလာခံဝင်ပြီးတဲ့နောင်ပိုင်းမှာ လည်း တင်သမျှ အားလုံးကို ဒီမိုကရေစီနည်းကျမလုပ်ဘဲ သူတို့သဘာပတိအဖွဲ့ဝင်တွေ ဆုံးဖြတ်ချက်နဲ့တင်ရမယ်ဆိုပြီး လုပ်သွားတာတွေပဲရှိတယ်။ NLD ဒီမိုကရေစီစနစ် ထူထောင်ဖို့တင်ပြတဲ့ အချက် ၁၃ ချက်ရှိတယ် အဲ့ဒါကိုလည်း တစ်ခါမှ မစဉ်းစားဘူး သူတို့တင်သမျှကိုလည်း ပြင်ပမှာ အတည်ပြုချက်တွေ လုပ်သွားတာတွေ၊
အဲ့ဒီလိုနဲ့ ၁၉၉၅ မှာ ပြန်လွှတ်လာတဲ့စီအခါ အဲ့ဒီချိန်မှာ ကျိက္ကစံ အမျိုးသားညီလာခံခေါ်တဲ့အခါမှာ
ကိုယ်တို့ စီမံထားတာေ တွကို တင်တယ်ပေါ့။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း
ပြန်ရောက်လာပြီးပြောကြတယ် လွှတ်တော်ထဲမှာ အထမပြောက်တာတွေ ကြုံရတာတွေ
အခြိမ်းအခြောက်ခံရတာတွေ၊ ဖမ်းချုပ်မယ်
ထိန်းသိမ်းမယ် လို့ အပြောခံရတာတွေ ရှိတအခါကြတော့ တကယ်ပဲ အကျိုးမရှိဘူးလို့ ဒါကြောင့်မို့လို့
ဆက်ပြီးတော့ ညီလာခံကို အဆိုတင်မယ်
တကယ်လို့ညီလာခံကလက်မခံဘူးဆိုရင် ကျွန်မတို့ အဆိုလက်ခံတဲ့အချိန်ထိ စောင့်မယ်ဆိုပြီးတော့
ညီလာခံကထွက်လာတဲ့အချိန်ကတည်းက အဖွဲ့ချုပ်ကိုဖယ်လိုက်တယ်။
 နောက် အဖွဲ့ချုပ်ကနေပြီးတော့လွှတ်တော်ကိုယ်စားလှည်တွေစုစည်းပြီး လွှတ်တော်ခေါ်ယူကျင်းပဖို့ တောင်းဆိုတော့လည်း
လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးကို နိုင်ငံတော် နှောက်ယှက်သူများဘေးအန္တရယ်က ကာကွယ်တဲ့ဥပဒေဆိုပြီး ကိုယ်စားလှယ်တွေအားလုံးလိုလိုကို သုံးနှစ်ကျော်လောက်စီ ဖမ်းပြီးထိန်းသိမ်းလိုက်တယ်။
 ဒါပေမယ့် အဖွဲ့ချုပ်ကတော့ မှန်မှန်ပဲ ချီတက်သွားတာပဲ
လူဖယ်တယ် လူဖယ်ရင် လူငယ်တွေနဲ့ ဖြည့်ပြီးတက်လာတယ်။
နောက်ဆုံးကြတော့ အဖွဲ့ချုပ်ကို
အောက်ခြေကနေအထိ ဖျက်ပစ်ခဲ့တဲ့အပြင် အဖွဲ့ချုပ် ရုံးကိုတောင် နှစ်ခါသုံးခါလောက်
ဝင်စီးပြီးတော့ စာရွက်စာတမ်းတွေ အကုန်လုံးယူသွားတယ်။
အဲ့တော့ ဒုတိယလိုင်းမှာရှိတဲ့ လူတွေက သူ့နည်းသူ့ဟန်နဲ့ လုပ်တယ်။ အဲ့ဒီလူတွေကိုလည်း ဖမ်းပြီးတော့
ငါးညနဲ့ ထောင်ချပစ်တယ်။ဲ
အဲ့မှာ မုံရွာအောင်ရှင် တို့လို့ ဒုတိယလိုင်းဖြစ်တဲ့သူတွေကို ထောင်ထဲထည့်လိုက်တယ်။ အဲ့လိုဖြစ်လာတော့ပြန်ပြီးတော့ နိုင်ငံခြားက စေ့စပ်တဲ့ လူတွေလာကြတယ် ကုလသမဂ္ဂတို့က၀င်လာတယ်။ သူတို့ကစေ့စပ်တဲ့အခါကြတော့ ပြန်ပြီးတော့အောက်ခြေအဆင့်မှာ ပြန်ဖွဲ့ခွင့်ရတယ်။ အောက်ခြေမှာအဖွင့်
တွေဖွဲ့ကြတယ်။ ဗဟိုအဆင့်တွေပြန်ဖွဲ့ကြတာပေါ့ အဲ့ဒီအခါမှာလည်း ပြေလည်ဖို့အတွက် အဆင့်တွေကို သဘောတူပြီးတေှာ့
အဲ့ဒီအဆင့်တွေတစ်ခုမှ လိုက်မလုပ်ဘူး နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ဆိုတာမှာ အသက်ရွယ်ကြီးတဲ့သူတွေ ကလေးရှိတဲ့မိခင်တွေ မိန်းမသားတွေ အဆင့်ဆင့်ပေါ့ တောင်းဆိုတာတွေက၊ အဲ့ဒီချိန်မှာလည်း နိုင်ငံတကာကလည်း ဖိအားတွေ ပေးတာပေါ့ စီးပွားရေးပိတ်ဆို့တာတွေ ဖြစ်။ ၊တော်တော်ကို ခဲခဲယဉ်းယဉ်းပါပဲ။ အဲ့ဒီလိုတွေဖိလေ
သူတို့ ဒေါကန်ပြီးပိုလုပ်လေပေါ့။ ဒီပဲယင်းတို့ဘာတို့မှာ စော်ပစ်လိုက်တာပေါ့
အဖွဲ့ချုပ်ကို ဖွဲ့စည်းခွင့်ပေးတော့လည်း လွယ်လွယ်ကူကူ တဆက်တည်းဖွဲ့လို့ရအောင်ပေးတာမဟုတ်ဘူး ကသိကအောက်ဖြစ်အောင် လုပ်တာ။ တစ်နေရာက မြစ်ကြီးနားမှာပေးရင် နောက်တစ်နေရာက ဧရာဝတီတိုင်းကိုပေးတယ်။
ဒါတောင်မှ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုယ်နဲ့ တော်တော်လေး အပင်ပန်းခံပြီးတော့ လိုက်လုပ်ကြတာပဲ
လူငယ်တွေ ဖွဲ့တယ်ဆိုလည်း အခုဖွဲ့ ချက်ခြင်းနော့က်နေ့ဆို ခေါင်းဆောင်တဲ့လူတွေဖမ်းပြီးထောင်ထဲထည့်ပစ်တာပဲ။
လုပ်လို့မရအောင်ကို လုပ်ပစ်တာ။ဒါပေမယ့် ဒီကြားထဲမှာပဲ ကျန်တဲ့လူတွေနဲ့ လုပ်ကိုင်လာခဲ့တာပဲ။ အဲ့ဒီလိုလာနေရင်းနဲ့
ဒီပဲယင်းဖြစ်တယ်ပေါ့။ ဒီပဲယင်းဖြစ်တဲ့အချိန်မှာ အားကုန်လုံး ဒီကစီအီးစီတွေရော ဒေါ်အောင်ဆန်းစုကြည်ရော
ကျန်တဲ့ခေါင်းဆောင်တွေရော ကိုယ်တို့ရော အကျဉ်းထောင်တွေထဲကို ပို့ပစ်တာ။ အဲ့ဒီချိန်မှာ အခြေအနေက တော်တော်လေုးဆိုးဆိုးရွားရွားဖြစ်တော့ အဖွဲ့ချုပ်က ပျက်သလောက်ကို ဖြစ်သွားတယ်။

အဲ့တော့ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်တို့ အထိန်းအသိမ်းခံရတာကနေလွတ်လာတယ်ပေါ့။ မလွတ်လာခင်ကိုက
အဖွဲ့ချုပ်က ပျက်ပြယ်ပြီးသားဖြစ်သွားတာပေါ့။ သူတို့ထုတ်ပြန်ထားတဲ့ အချက်ခြောက်ချက်ထဲက နောက်ဆုံးအချက်မှာ
မြန်မာ့နိုင်ငံရေးမှာ တပ်မတော်က ဦးဆောင်အခန်းမှာ ပါရမယ်ဆိုတာ ဒါက စစ်တပ်က ပြည်သူ့ရှေ့က ဦးဆောင်ပြီး
တော့သွားရမယ်ဆိုတာ ဘယ်ဖြစ်မလည်း အဲ့ဒီမူပေါ်မှုတည်ပြီးတော့ NLD က လုံးဝကန့်ကွက်ပြီးတော့ ရပ်တည်ခဲ့တယ်။
သူတို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ၀င်မယ်ပေါ့
ဒါပေမယ့် မှတ်ပုံတင်ဖို့ အရေးအသားကိုက အဖွဲ့ချုပ်နဲ့ပတ်သက်တာအားလုံးကို သီးသန့်ဖယ်ထုတ်ထားတဲ့
ပုံစံမျိုးရေးထားတယ်။ဒေါ်အောင်ဆန်းစုကြည်ကို အဖွဲ့ချုပ်က ထုတ်ပစ်မှ အဖွဲ့ချုပ်ကို ၀င်ခွင့်ပေးမယ်
ဆိုတာမျိုးဆိုတော့ ဘယ်လိုလုပ်မလဲ
ဒီလိုဟာမျိုးဆန်ဆန်တွေနဲ့ဆိုတော့ ဒီလိုကော်မရှင်ဥပဒေမျိုးနဲ့ မ၀င်နိုင်ဘူးပေါ့
မ၀င်နိုင်တော့ သူတို့ရက်သတ်မှတ်တယ်။
အဲ့ဒီမှာ မှတ်ပုံမတင်တဲ့ပါတီများသည် ပျက်ပြယ်တယ် ပါတီမဟုတ်တော့ဘူး။
အဲ့ဒီအခါမှာ အဖွဲ့ချုပ်က ၀င်မလားမ၀င်ဘူးလား ဆိုတဲ့ ပြဿနာပေါ်လာတာပေါ့။
အစကတည်းက ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ကန့်ကွက်ထားတယ် အခုရွေးကောက်ပွဲ
ကော်မရှင်ကထုတ်တဲ့ဥပဒေကလည်း လုံးဝ NLD ကိုဖယ်ထုတ်ထားတဲ့ ဥပဒေမျိုးဆိုတော့
မ၀င်ဘူးဆိုရင် စီးအီးစီ သဘောထား
တွေ ကျန်တဲ့ပါတီဝင်တွေ သဘောထားတွေယူတယ် အကုန်လုံးမ၀င်ဘူးလို့ဆုံးဖြတ်ချက်ကြတယ်။
တစ်ယောက်စ နှစ်ယောက်စ စဉ်းစားတာကတော့ မှတ်ပုံတင်တာကိုသဘောမကျဘူး ဒါပေမယ့်
မှတ်ပုံမတင်ဘဲ ၁၆ရက်ကျော်သွားလို့ ပါတီမဖြစ်တော့ရင်
ဘယ်လိုရပ်တည်မလဲလို့ မေးကြတာတွေရှိတယ်။ ဒါနဲ့ပတ်သက်ပြီး အစည်းအဝေးခေါ်တယ်
လူတစ်ရာကျော်မှာ  အားလုံးက မှတ်ပုံ မတင်ဘူးလို့ လက်မှတ်ထိုးတော့ အီးစီထိုင်ပြီး ကြေညာလိုက်တယ်။
အဲ့တော့ ဘဘတို့လည်းလွတ်လာပြီး ဦးဝင်းတင်လည်းလွတ်လာပြီ။
ဒါပေမယ့် တစ်ချို့ကဘယ်လိုဖြစ်လည်းဆိုတော့ ဒါနဲ့ပတ်သက်ပြီးတော့
ဒေါ်အောင်ဆန်းစုကြည်ကို ခေတ္တဖယ်ထားပြီးတော့ ၀င်မယ် အဲ့ဒါက ခင်မောင်ဆွေ ဒေါက်တာသန်းငြိမ်းတို့
ကျန်တဲ့ ဦးသိန်းညွန့်တို့လိုင်းပေါ့ ။
ကိုယ်တို့ကတော့ မလုပ်နိုင်ဘူး ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်ဖို့လက်မခံနိုင်ဘူး။
အဖွဲ့ချုပ်ပျက်လည်း လူထုကြားထဲ မှာပဲ လုပ်သွားမယ်ပေါ့။ အဲ့ဒီနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်လွတ်လာတယ်။ နောက်ဆုံး၂၀၁၂ ခုနှစ် ထဲမှာထင်တယ်
အဖွဲ့ချုပ်ကို ရာသဇံပေးတယ် ပေးတယ် အဖွဲ့ချုပ်က ဒီနေ့ဒီရက်ကစပြီဲး အဖွဲ့ချုပ်နဲ့ပတ်သက်ပြီး မရှိတော့ဘူး ပျက်ပြယ်ပြီလို့ကြေညာတယ်။
အဲ့ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်လွတ်လာပြီး ဆွေးနွေးမယ်လို့ပြောတယ်။ ဆွေးနွေးတော့
ကိုအောင်ကြည်တို့လာတွေ့တယ်။ ဆွေးနွေးတယ် လာတွေ့တော့ ကြေညာချက်လေးယူလာတယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း ကြေညာထားတယ်လေ ဒီနိုင်ငံနဲ့နိုင်သားတွေနဲ့ပတ်သက်လို့ အစစအရာရာ
ယိုးယွင်းနေတဲ့ ဆင်းရဲမှု အောက်ကျမှု နိမ့်ကျမှု အားလုံးကို ကူညီချင်တယ် ကူညီဖို့လိုအပ်လို့တောင်းရင်လည်း
သူကူညီချင်တယ်လို့ သူကြေညာထားတာရှိတော့ ကိုအောင်ကြည်တို့လာပြီးဆွေးနွေးတဲ့အခါ ကြေညာချက်ယူလာတယ်။
အဲ့ဒါက ဘာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လုပ်လို့ရတဲ့အရာ တွဲလုပ်မယ်ဆိုတာ။ ဒုတိယအကြိမ်ထပ်တွေ့တယ်
နောက် သမ္မတတွေ့ချင်တယ်ဆိုတော့ ထပ်တွေ့တော့ ပိုပြီးကျယ်ကျယ်ပျံ့ပျံ့ ဖြစ်လာတယ်။
ကိုယ်တို့ကလည်း ဘာပြောသလဲ ဆိုတော့ နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးဖို့
၁၉၉၀ရွေးကောက်ပွဲကို အသိအမှတ်ပြုရမယ်။
အဖွဲ့ချုပ်က ကိုယ်တို့က ၁၉၈၈ ခုနှစ်က မှတ်ပုံတင်ခဲ့တဲ့ အတိုင်းပဲ ဖြစ်ရမယ်။
ကိုယ်တို့က ဘာအပြစ်မှလုပ်ထားတာမှ မဟုတ်ဘဲ တစညလို့ပေါ့။ အဲ့တော့ မူလ မှတ်ပုံတင်ထားတဲ့အတိုင်းပဲ ရွေးကောာက်ပွဲဝင်ဖို့သာမှတ်ပုံတင်ရမယ် ဆိုပြီးပြောတာရှိတယ်။ ခုနပြောသလို နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာက နည်းပေမယ့် နောက်ပိုင်းမှာ
သိသိသာသာ လွတ်လာတယ်။ နိုင်ငံတကာက ကိစ္စတွေလည်းပါတာပေါ့ အမေရိကန်က စီးပွားရေးပိတ်ဆို့မှုတွေ
နဲ့ပတ်သက်ပြီး ခေါင်းဆောင်တွေလာပြီုး ပြောကြဆိုကြတာပေါ့။
ဒီဘက်က ဘယ်လောကလျှော့ရင် ဟိုဘက်က ဘယ်လောက်လျှော့မယ်ဆိုတာ
တွေ အများကြီးပါပဲ။ အဲ့ဒီလို လုပ်ရင်းကိုင်းရင်းနဲ့ရွေးကောက်ပွဲ ၀င်တယ်ပေါ့ ။
လုပ်လို့ရတာအားလုံး သဘောတူပြီးတော့လုပ်မယ်။ လုပ်လို့မရတာတွေအားလုံးကို ပြည်သူလူထုကိုချပြပြီးတော့ ပြည်သူ့ဆန္ဒနဲ့လုပ်သွားမယ်ပေါ့။

မေး။      ။လက်ရှိ နိုင်ငံရေးအခင်းအကျင်းပေါ်မှာရော

အခုတော့ လုပ်နေရင်းနဲ့ တဖြည်းဖြည်းနဲ့ ရှေ့ကိုတော့ တော်တော် တော့ ရာက်လာပါပြီ
အခု ဘာကိစ္စလေးတွေ ရှိလာလည်းဆိုတော့ ရခိုင်ကိစ္စတွေဖြစ်တာတွေ မိတ္တီိလာတို့ ဘာတို့မှာဖြစ်လာတယ်။
အဲ့ဒါတွေက ဒီအထဲမှာ နှောက်နေတာတွေလေး ရှိနေသေးတာပေါ့။ ဒါတွေကို သတိကြီးစွာထားရဖို့လိုတာပေါ့။
ဆိုလိုတာကတော့ နှစ်ပေါင်းခြောက်ဆယ်လုံးလုံး တိုင်းပြည်လည်း ဖွတ်ဖွတ်ကြေနေပြီ လူတွေကလည်း ဘာလိုချင်လဲဆိုတော့ ငြိမ်းချမ်းရေးပဲလိုချင်တယ်။ ငြိမ်းချမ်းရေး လိုချင်ရင် ငြိမ်းချမ်းရေးရအောင်လုပ်ရမှာပေါ့
အဲ့ဒါကြောင့်မို့လို့ အဖွဲ့ချုပ်က ငြိမ်းချမ်းရေးရအောင် အတွက်ပဲ ဦးတည်ပြီးတော့ အကြမ်းမဖက်တဲ့နည်းနဲ့ သွားနေတာပဲ။
မတူတဲ့ကိစ္စတွေအားလုံးကိုလည်း အားလုံး ညှိပြီးသွားရမှာပဲ။ ကိုယ်တို့ကြီးပဲလည်းမဟုတ်သေးဘူး တိုင်းရင်းသားတွေလည်း
ရှိသေးတယ်။ တိုင်းရင်းသားတွေကလည်း သူတို့ လိုအပ်ချက်တွေရှိတယ်။ အဲ့တော့ အားလုံး သဘောတူတာကိုညှိပြီး
တော့လုပ်သွားရမယ်။ တိုင်းရင်းသားတွေနဲ့ ပတသက်တာ ပင်လုံစိတ်ဓါတ် အခုတော့ ပြည်ထောင်စုစိတ်ဓါတ်ပဲခေါ်ခေါ်ပေါ့
ပြည်ထောင်စုကြီး ခွဲမထွက်ဘဲနဲ့ ကိုယ်ပိုင်ပြဌန်းခွင့်တို့ပေါ့။ နောက်လိုချင်တဲ့ ဖက်ဒရယ်။ ဒါကိုလည်းပဲ ရည်မှန်းချက်ထား
ပြီးလုပ်သွားရမှာပဲ။ အဲ့ဒီမှလည်း တစ်ချို့အစိတ်အပိုင်းတွေမှာ
အယူအဆ လွဲမှားပြီးတော့ အမာလိုင်းအပျော့လိုင်း ဆိုတာတွေ ဒါလေးတွေ ကွဲပြား
တာတွေ ရှိနေတာပဲ။ ဒါတွေကုစားရမှာပေါ့ ။အခုနေ အချိန်မှာကတော့ ရှေ့ကိုဆက်သွားနေတာ့တွေ့ရတယ်။
သို့သော် အခုချိန်မှာပိုအချုပ်အခြယ်အကန့်အသတ်တွေ ရှိလာတာ သတိထားမိတယ်။
အထူးသဖြင့်တော့ မီဒီယာကိစ္စလိုဟာတွေမှာ ဆင်ဆာဖြုတ်ပေးမယ့်  နောက်ပိုင်း မီဒီယာဥပဒေကြတော့
ဟိုတုန်းက  ၁၉၆၄ လောက်တုန်းဟာတွေပြန်ပြီးထည့်လိုက်တာတွေရှိတော့ မီဒီယာနဲ့ မကြေလည်တာတွေရှိလာတယ်။
လက်ပံတောင်းလို ကိစ္စတွေ၊ လယ်ယာတွေနဲ့ပတ်သက်ပြီးတော့ မတရားသိမ်းထားတာတွေ၊ ဟိုတုန်းက မပြောရဲ့ကြဘူး။
ဟိုတုန်းက ဘာရော်ကြေးမှ မရှိဘူး ။ ခုတော့ပြောကြဆိုကြတာတွေရှိတော့ ကော်မရှင်တွေ အဖွဲ့အစည်းတွေ ဖွြဲုံ့ပီးတော့
ဒါတွေဟာ တကယ်ဟုတ်ပါတယ်ဆိုတာ စုံစမ်းပြီးတော့ဆောင်ရွက်ပြီး ပြန်ပေးဖို့ပြောတော့လည်း အထက်က အမိန့်မရလို့ ပြန်မပေးသေူဘူးဆိုတော့ ထွန်တုန်းတိုက်ပွဲ တွေ ဖြစ်လာတွေ၊ အဲ့လိုတွေ များ  လာတာတော့ ကောင်းတဲ့လက္ခဏာမဟုတ်ဘူး ဒါတွေကို
ပြေလည်အောင်လုပ်ဖို့ လိုတာပေါ့။ တိုင်းရင်းသားတွေ ကိစ္စမှာလည်း အားလုံးပစ်အခတ်ရပ်စဲရမယ် လက်နက်နဲ့ဖြေရှင်းနေတာက
ဘယ်တော့မှ မပြီးဘူး အဲ့ဒီလိုဖြေရှင်းခဲ့တာကြာပြိ ဘယ်တော့မှ မပြီးခဲ့ဘူး။
အားလုံးကလည်း နားလည်သင့်နေပြီ ငြိမ်းချမ်းချင်နေပြီ
ဘယ်သူဖြစ်ဖြစ် ငြိမ်းချမ်းရေးလိုချင်တယ် ငြိမ်းချမ်းရေးလိုချင်ရင် ငြိမ်ချမ်းရေးဖြစ်မယ့်နည်းလမ်းကိုပဲ လုပ်ဖို့လိုတယ်။ အဖွဲ့ချုပ်ကတော့ ငြိမ်းချမ်းရေးအတွက် ဦးတည်ပြီးလုပ်နေတယ်။ ဒီကြားထဲမှာ သူတို့လည်း ငြိမ်းချမ်းရေးကိုလုံးပန်းပုံရတယ်။ သို့သော် အနှောက်အယှက် အနှောက်အသွားကလေးတွေကတော့ရှိနေတုန်းပဲ။ ဒါလေးတွေကိုတော့
ပြေပြေလည်လည်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ဖို့လိုတယ်။ လွှတ်တော်ထဲမှာလည်း သဘောမတိုက်တာတွေ ရှိတယ်လို့ကြားရတာပဲ သမ္မတနဲ့ ဥက္ကဌနဲ့ မတူတာတွေရှိတယ်တော့ကြားရတယ် အဲဒါတွေကလည်း ဘယ်လောက်အတိုင်း
အတာထိ ရှိနေလည်း ဆိုတာလည်းလိုသေးတာပေါ့။အဓိကတော့ အေးအေးချမ်းချမ်းနဲ့ရောက်သွားအောင်ကြိုးစားပြီးလုပ်ဖို့လိုတယ်။

မေး။   ။ရှေ့ အလား အလားကို ရော ဘယ်လိုမျှော်လင့်မိလဲဗျ။
ရှေ့အလားအလာမှာတော့ ပြန်နောက်ဆုတ်လို့တောမရဘူး ရှေ့ကိုကောင်းအောင် ဆက်သွားဖို့ပဲလိုတယ်။ အဖွဲ့ချုပ်ကတော့ကြိုးစားပြီးတော့ ရှေ့ကိုကောင်းအောင်သွားနေတယ် သွားရမှာပဲ ။ တစ်ချို့ကဆို ထင်တယ် အဖွဲ့ချုပ်ကို
ဝေဖန်ကြတယ်။ အဖွဲ့ချုပ်က ခွပ်ဒေါင်း အမဟုတ်ဘူး ဖွတ်ဒေါင်းဖြစ်နေတယ် ၀တ်ဒါင်းဖြစ်နေတယ် ဝေဖန်ကြတာရှိတယ်။
တစ်ချို့နေရာတွေမှာ အဖွဲ့ချုပ်ဝင်တွေကို လိုက်ပြီးတော့ အနှောက်အယှက်ပေးတာတွေရှိတယ် အရေးမကြီးပါဘူး
ဘာဖြစ်လို့လည်းဆိုတော့ တိုင်းပြည်ငြိမ်းချမ်းအောင်ထူထောင်မယ်ဆိုတာ အဖြေပေါ်မှာပဲ။ ခုနေချိန်ခါမှာ အရင်တုန်းကလို
အစွန်းထွက်တာတွေ လုပ်လာမယ်ဆိုရင် ဘာမှ အရာရောက်မှာမဟုတ်ဘူး ပိုပြီးတော့ဆိုးဆိုးပြီးလာမှာပဲ လက်နက်နဲ့ဖြေရှင်းလို့ တစ်ချက်ဖေါက်လိုက်တာနဲ့
အတော်မသတ်ဖြစ်တာတွေက အများကြီးရှိတယ်။ အဲ့ဒါတွေအဖြစ်ကို လုံးဝရပ်ဆိုင်းပြီးတော့ အားလုံးက သတ်မှတ်ထားတဲ့ ကိုယ်စားလှယ်တွေ ငြိမ်းချမ်းချင်တယ်ဆိုတာကို လက်မှတ်ထိုးပြီး ဆောင်ရွက်သွားဖို့လိုတယ်။

မေး။     ။ ၂၀၁၂ ကြားဖြတ်ရလဒ်တွေကိုကြည့်ပြီးတော့ သုံးသပ်ကြတာတော့ ၂၀၁၅ မှာ NLD ဟာ အများစု
 အနိုင်ရနိုင်ချေရှိတယ်လို့သုံးသပ်ကြပါတယ်။ တစ်ဖက်မှာလည်း NLD အနေနဲ့ နှစ်ပေါင်းများစွာ ဖြိုဖျက်ခံခဲ့ရတော့
အုပ်ချုပ်ရေးအတွေ့အကြုံ ရှိပါ့မလားပေါ့။ ဒါပေမယ့်လည်း ၂၀၁၅ မတိုင်မီကာလတွေမှာ NLD အနေနဲ့
ဘယ်လို စိန်းခေါ်မှုတွေ ကြုံလာနိုင်မယ်လို့  ဘဘ မြင်မိလဲ

အဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်မှုအောက်မှာပေါ့ ဒါဟာ ပုဂ္ဂိုလ်ရေးဦးတည်ပြီးတော့ပေါ့၊
အမှန်တကယ်ဖြစ်ရမှာက
ပြည်သူလူထုတစ်ရပ်လုံးက ပုဂ္ဂိုလ်ကို မူတည်တာထက် ၊..
ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နားလည်ပါတယ်အသက်အရွယ်လည်းရလာပြီ၊
အခု အဖွဲ့ချုပ်ကိုလည်း ဒီမိုကရေစီနည်းကျရွေးတယ်ပေါ့ နှစ်ပေါင်းခြောက်ဆယ်လုံးမှာ
ဒီတစ်ခါပဲ ဖြစ်ဖူးသေးတယ်။ ဟိုအရင် ပါလီမန်ခေတ်ကတော့ထားလိုက်တော့။ စစ်အစိုးရမှာ
တစ်ခါမှ ရွေးကောက်ပွဲကျကျနနမဖြစ်ခဲ့ဘူး
ပြီးခဲ့တဲ့ မဆလရွေးကောက်ပွဲလည်းကေဒါမြှုပ်နှံရေးအရ လူတွေခန့်ခဲ့တာပဲ။
ဒီလိုလူမျိုးတွေမဲသွားပေးဒါပဲ့။
အခုနောက်ဆုံးမဲပေးတာတော့ထားပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံအရ ၂၀၁၀ ရွေးကောက်ပွဲ လည်းဒီလိုပဲ။
သို့သော်လည်း  လက်တွေ့ကျဖို့တော့လိုတယ် ရှိနေပြီဆိုရင် အဲ့ဒီ အပေါ်မှာ အကောင်းဆုံးဖြစ်အောင်
ဘယ်လိုသွားမလဲ၊ ဒီလိုပဲသွားရမှာပဲ
၁၉၉၀ ရွေးကောက်ပွဲတုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ သူရဲ့ Image သူ့ရဲ့ ရုပ်ပုံလွှာ
သူရဲ့ ဥပဓိရုပ်က ကြီးထွားနေတယ်
ပြည်တွင်းမှာရော အင်တာနေရှင်မှာရောပဲပေါ့။ နိုင်ငံတကာမှာဆိုလည်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရဲ့ မီးရူးတစ်ဆောင်လိုဖြစ်နေတယ်။အဲ့လိုအနေနဲ့တော့ ဟုတ်တာပေါ့။ အခုပြန်လည်ဖွဲ့စည်းတဲ့အခါမှာ  ကျန်တဲ့လူတွေထဲမှာရော စေတနာသန့်သန့် ကြိုးစားပြီးတော့ ဆောင်ရွက်တဲ့လူတွေရှိသလို
နှောက် ချင်တဲ့လူတွေလည်းရှိမှာပဲ၊
ပြည်ခိုင်ဖြိုးတို့ ဘာတို့အနေနဲ့ကလည်း စဉ်းစားမှာပေါ့ ကြည့်မှာပေါ့ နောက်တစ်ခေါက်ကြနိုင်ဖို့
သူတို့ဘယ်လိုလုပ်မှာလည်း
သူတို့မှာ ရှိတဲ့ ငွေနဲ့ သြဇာနဲ့ ရမှာလား နှည်းလမ်းကုန်ကြိုးစားမှာပေါ့။
ပြည်သူလူထုစာနာမှုရအောင်ကြိုးစားမှာပေါ့။
ငွေပေးတာထက်စာရင် ပြည်သူလူထုကြားထဲဝင်ပြီးတော့ ဆေးကုပေးမယ် အခုဆိုရင်
သာသနာအသင်းတွေတည်ထောင်ပြီးတော့
ကလေးတွေကို ကျောင်းအပ်ပေးတာတွေလုပ်လာတယ်။ အရင်တုန်းကတော့ နှိပ်စက်တဲ့နည်းနဲ့သွားတယ် နှိပ်စက်တဲ့နည်းနဲ့သွားတော့
လူဆိုးက ကြမ်းတော့ မင်းသမီးသနားပြီးတော့ မင်းသမီး ပိုချစ်တာပေါ့။
အခုသူတို့ ဒါတွေကို နားလည်လာတယ်.။ သူတို့အဲ့ဒါကိုနားလည်သလို ကျွန်တော်တို့လည်း ဒါကို
သဘောပေါက်ပြီးတော့ ပြည်သူလူထုထဲမှာ ပိုပြီး  ကျွန်တော်တို့ဟာ ငြိမ်းချမ်းအောင် အလုပ်လုပ်ဖို့လိုတယ်
အခုဟာက ကုလားထိုင်ပေါ်လာတော့ လုချင်တဲ့ပုံစံတွေပေါ်လာတယ်။
ဒါတွေကို နားလည်ပြီးတော့ ဒီထဲက လူတော်လူကောင်းတွေမွေးရမယ်
ကြိုးပမ်းရမယ် လုံးပမ်းရမယ်။ င်္ခြင်္သေမင်းဟာ သားကောင်ဖမ်းတဲ့အားဟာ ဒီအားနဲ့ဖမ်းတယ်ဆိုရင်
ကြွက်ကိုဖမ်းရင်လည်းဒီအားနဲ့ပဲ
ဖမ်းရမယ် ။ အခု နောက်လာတဲ့ကလေးတွေကို မွေးမယ် လူငယ်တွေကို မွေးမယ် သူတို့ကို လူထုထဲမှာ ဆင်းမယ်လူထုထဲကိုဝင်မယ် လုပ်မယ်ကိုင်မယ်။ ပြည်ခိုင်ဖြိုးတို့ဘာတို့မှာလည်း လူငယ်တွေရှိမှာပဲ။
သူတို့လည်း လူထုထဲကိုဝင်လာမှာပဲ အဲ့ဒီနေရာမှာ ပြည်သူလူထုကို သမိုင်းကြောင်းအရ
အနှစ်နာခံတဲ့ အဖွဲ့အစည်းကပေါ်လာမှာပဲ  လက်ရှိ  အတိုင်း
လုပ်လာခဲ့တာ အစဉ်အလာကောင်းတွေကို NLD ဆက်လက်ပြီးတော့ ထိန်းနိုင်သလား။
ဒါတွေကိုကြည့်ပြီးတော့သွားမှာပဲ။
ဒါတွေကို အစဉ်လာကောင်းတွေ ဆက်ပြီးထိန်းဖို့ လူငယ်တွေ သင်ခန်းစာပေး သွန်သင်၊
နောက်တက်မယ့်အထဲမှာလည်း လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း
လွှတ်တော်ရောက်ရင် လုပ်နိုင်ကိုင်နိုင်အောင် ငယ်ငယ်ရွယ်ရွယ် နဲ့ ပညာတတ်တွေ ဖြစ်အောင် တက်တက်ကြွကြွတွေဖြစ်အောင်မွေးပြီးတော့ လုပ်နေကြတာပဲ

 မေး။   ။NLD မှာ ဒေါ်အောင်ဆန်းစုကြည်အလွန် ဦးတင်ဦး နဲ့အခု ဦးဆောင်နေတဲ့
မျိုးဆက်တွေအလွန်မှာ နောက်ထပ် ဦးဆောင်နိုင်မယ့် မျိုးဆက်တွေ ထွက်ပေါ်
လာပါ့မလားဆိုပြီး ဝေဖန်ပြောဆိုကြတာတွေရှိပါတယ်။ ဘယ်လိုဆက်သွားမလဲ အဲ့လိုအပေါ်မှာရော

အဲ့ဒါတွေကို ဖေါ်ထုတ်နေတာပဲ ဖေါ်ထုတ်ဖို့အတွက်ပဲ နိုင်ငံခြားတွေပို့ သင်တန်းတွေပို့ လုပ်နေတယ်။
ကိုယ်တို့လည်း မလုပ်နိုင်ဘူး
ဒေါ်အောင်ဆန်းစုကြည်လည်း အကြားကြီးမလုပ်နိုင်ဘူး အခုပဲ သူ့အသက်က ၆၈နှစ် ကိုယ်တို့လည်း ၈၇ နှစ် မလုပ်နိုင်ဘူး
အကန့်အသတ်တွေလည်းရှိတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲလည်းရှိတယ်။
ပြင်ဆင်ရေးဆွဲတယ်ဆိုတဲ့နေရာမှာ
ဒီမိုကရေစီနည်းမကျတာတွေကို ပြင်ဆင်ရေးဆွဲရမှာပေါ့ တပ်မတော်က ၂၅ ရာခိုင်နူန်းက
နေရာယူထားတယ်ဆိုတာ
ဒီမိုကရေစီဘယ်ကျမှာလည်း ခန့်ထားတာကို။ ဒါတွေကိုပြင်ရမှာပေါ့၊
နောက်ပြီး လွှတ်တော်ထဲမှာ အရပ်သားတွေ ဘယ်လောက်ရှိ
တယ်ပြောပြော ဘောင်ဘီချွတ်တွေလည်းပါနေတာပဲ ရိုးရိုးအရပ်သားတွေလည်းပါနေတာပဲ
တိုင်းရင်းသားတွေလည်းပါတယ်
အဲ့ဒီထဲမှာမှ ဘောင်းဘီဝတ် အသားလွတ် ၂၅ ရာခိုင်နူန်းလည်းပါနေတယ်။
ဒါတွေက လွယ်တော့မလွယ်ဘူး။
ဒါတွေနဲ့ ပတ်သက်ပြီး မီဒီယာတွေအနေနဲ့လည်း မှန်တဲ့အတိုင်းရေးဖို့လိုတယ်။

မေး၊။    ။ ၂၀၁၅ မတိုင်မီမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုနည်းနဲ့ ပြင်ဆင်သွားသင့်မလဲခင်ဗျ

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးက အယူအဆ ၂ ခုရှိတယ် တစ်ခုက တစ်ခါတည်း
အကုန်လုံးပြင်ဖို့ အခုကတော့ ဒီမိုကရေစီ
နည်းအရ မကျတာတွေကို ပြင်သွားပြီးတော့ ဆက်ပြီးတော့ လုပ်စရာရှိတာလုပ်သွားပြီးတော့
ကျန်တာတွေကိုလည်းပြင်သွားမယ် အဲ့လုံးအပိုင်းရှိတယ်။ အမှန်တော့ အကုန်လုံးပြင်ရမှာ အခြေံကိုက စစ်တပ်က နိုင်ငံတော်နဲ့ပတ်သက်ပြီး ဦးစီးဦးရွက်ပြုရမယ်ထည့်ထားတာ ဒီဟာကိုခံပြီးတော့
ဖွဲ့စည်းပုံရေးထားတာ အဲ့ဒါကြီးကို ပြင်ရမှာပေါ့။ အခုလည်း ဖွဲ့စည်းပုံအခြေခံ
ပြန်ပြင်ရေးရမည်ဆိုပြီး ပြန်ပြင်ရေးမယ့်အဖွဲ့အစည်းမလုပ်ဘူး လေ့လာသုံးသပ်တဲ့ အဖွဲ့အစည်းလုပ်တယ်။
အဲ့လိုဟာမျိုးမလုပ်ရဘူး တကယ်စေတနာအမှန်နဲ့လုပ်မယ်ဆိုရင် ပြင်ဆိုပြင်ပေးရမယ်။
အဲ့လိုမဟုတ်ဘဲ ပြန်ပြင်ရေးမယ်ဆိုရင် ရေးတာစောင့်ရမှာပေါ့
ရေးတာစောင့်တဲ့အချိန်မှာ လက်ရှိ ရှိတဲ့ ဖွဲ့စည်းပုံနဲ့သွားပေါ့ အများကြီးရှိတယ်။ ဒီလိုပဲ ကြိုးစားပြီးတော့
လုပ်သွားရမှာ။

 မေး။   ။ တစ်ချို့လည်း ဝေဖန်ကြပါတယေ် ဒေါ်အောင်ဆန်းစုကြည်အနားမှ သူ့ကိုဝေဖန်အကြံပေးနိုင်တဲ့
လူမရှိလို့ပြောဆိုနေကြတာရှိပါတယ်။ အဲ့ဒီပေါ်မှာရော ဘဘဘယ်လိုမြင်မိလဲ

သူကိုယ်တိုင်ကလည်း တွေးတာခေါ်တာစဉ်းစားတာတွေက ညီညီညွတ်ညွတ် စဉ်းစားတတ်တယ်။
တစ်ချို့ပြောတာတွေရှိတယ် ကြားဖြတ်ရွေးကောက်ပွဲဝင်လို့ ပေါ့ မ၀င်သင့်ဘူးဆိုပြီးပြောကြတယ်။ အမှန်ကမ၀င်ရင်ဘာဆက်လုပ်မလဲ အရင်ကလိုပဲ လိမ် လိမ် နဲ့  မပြီးဆုံးတာကြီးကိုဆက်သွားမလား စဉ်းစားတာက လက်တွေ့ကျဖို့တော့ လိုတာပေါ့ အခုလို ပွင့်လင်းလာတဲ့အခါကျတော့ ဘာပဲပြောပြော တစ်ချို့ကိစ္စတွေမှာ အဆင်ပြေလာတာလေးတွေရှိတယ် မပြေလည်ဘူးဆိုတာကတော့ ခေါက်ရိုးကျိုးနေလို့ပေါ့။

မေး။   ။သူ့ကို အနားမှာ ဝေဖန်ပေးတဲ့သူ မရှိဘူးဆိုတဲ့အပေါ်မှာရော

အမှန်တကယ်ကတော့ ဆွေးနွေးတဲ့အခါမှာ ပြောကြဆိုကြတာပဲ ညှိနှိုင်းကြတာပဲ။ လုပ်တဲ့ကိုင်တဲ့နေရာမှာလည်း
ဒီမိုကရေစီနည်းအရဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် အီးစီအစည်းဝေးတွေမှာ ပြောဆိုကြ လုပ်ကြကိုင်ကြတာပဲ။ဒီလိုပဲသွားရမှာပဲ

မေး။   ။တစ်ခြားရော ဘာများ ဖြည့်စွက်ပြောချင်တာများရှိသေးလဲခင်ဗျ

ငါတို့ကတော့ လက်နက်နဲ့စခဲ့တဲ့ ပြဿနာကို ဖြေရှင်းခဲ့တာ ဒီကနေ့အထိ ပြီးကိုမပြီးဘူး။
အဲ့တော့ လက်နက်နဲ့ အစွန်းတရားနဲ့လုပ်တဲ့နည်းနဲ့သွားရင် ဘယ်တော့မှ ပြီးမှာမဟုတ်ဘူး အခုဘာသာရေးနဲ့ပတ်သက်ပြီးဖြစ်တာတွေ တရားဥပဒေစိုးမိုးရေးအရ
ပြတ်ပြတ်သားသားအရေးယူ။ တစ်သက်လုံး ဒီတိုင်းပြည်ထဲမှာ အေးအေးချမ်းချမ်းနဲ့နေလာတား
ဟိုးရှေးဘုရင်တွေခေတ်ထဲက အဲ့တော့ ဒါတွေ သဟဇာတဖြစ်အောင်နေနိုင်ဖို့ ငြိမ်းငြိမ်းချမ်းချမ်း ရှိဖို့ပေါ့
ငြိမ်းချမ်းရေးရဖို့လိုတာပေါ့
မငြိမ်းချမ်းရင် ဘာမှလုပ်လို့မရဘူး


မေး။   ။အခုဖြစ်နေတဲ့..ပဋိပက္ခတွေအပေါ်မှာရောဘဘ ဘယ်လိုမြင်မိလည်း တစ်ချို့ကလည်း 
နေက်ကွယ်ကနေ ကြိုးကိုင်မှုတွေရှိနေတယ်လို့ သုံးသပ်ကြတယ်။


အခုဟာက မသင်္ကာစရာတွေဖြစ်နေတာပေါ့ ဥပမာဖြစ်တဲ့နေရာတွေ ကြည့်လိုက်ရင်
ဒေသခံတွေက မဖြစ်ဘူး တစ်ခြားလူတွေက ၀င်စွပြီး ပျောက်သွားရော ကျန်တဲ့ကောင်က ဖြစ်။
ဒါတွေက စွနေတာတွေရှိတယ်။ဘယ်လိုလူမျိုးတွေလည်းဆိုတော့
ဒီအပေါ်မှာ ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ်ဆိုပြီးတော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်ဆိုပြီး
နိုင်ငံခြားအကူညီယူနေတဲ့ အဖွဲ့အစည်းတွေက ဒီအကူညီတွေ ဆက်ရအောင် များ ပြန်ပြီး
လုပ်နေတာလားတော့မသိဘူး။

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...