နိုင်ဝင်ဘာလ ၂၅ ရက်ထုတ် The Street View ဂျာနယ်၌ ဖေါ်ပြခဲ့သည့် သတင်းဆောင်းပါ။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီခန့်အချိန်၌ လက်ပံတောင်းအရေး လယ်ယာမြေများ ပြန်လည်ရရှိရန် တောင်းဆိုနေကြသော သပိတ်စခန်းများအား လုံခြုံရေး တာဝန်ယူထားကြသည့်
လုံထိန်းရဲများက မီးသတ်ပိုက်များ မျက်ရည်ယိုဗုံးများ သုံး၍ ဖြိုးခွဲခြင်း ဖြင့် စတင်လာခဲ့သည်ဟု ဆိုနိုင်သော လက်ပံတောင်းတောင် ပြဿနာမှာ တစ်နှစ်ပြည့်သော အချိန်ကာလသို့ရောက်ရှိလာခဲ့သော်လည်း
အဖြေရှာရန် ခက်ခဲနေဆဲဟု ဆိုနိုင်သည်။
သပိတ်စခန်းဖြိုးခွင်းခံခဲ့ရပြီးနောက်ပိုင်း၌ လက်ပံတောင်းတောင် ဒေသပတ်ဝန်းကျင်ရှိ လယ်သမားများနှင့်
ဒေသဆိုင်ရာ အာဏာပိုင်တို့ကြား အခြေအနေတင်းမာမှုများ ပဋိပက္ခများ များစွာဖြစ်ပေါ်ခဲ့ရသည်။
ဒေသခံလယ်သမားတို့ဧ။် အကြိမ်ကြိမ် ဆန္ဒထုတ်ဖေါ်များနှင့် အတူ လိပ်ခဲတည်းလည်း ဖြစ်နေခဲ့ရသော
လက်ပံတောင်း ပုစ္ဆာမှာ တစ်နှစ်ကျော် ကြာလာသည့်အချိန်ထိ ဖြေရှင်းနိုင်ခဲ့ခြင်း မရှိခဲ့သည်ကို တွေ့ရသည်။
၂ဝ၁၂ခုနှစ်၊ နိုဝင်ဘာ အတွင်းက စတင်၍ မြန်မာဝမ်ပေါင်ကုမ္ပဏီရှေ့ မုံရွာ၊
ပုသိမ်လမ်းမပေါ်ဘေး၌် လက်ပံတောင်း တောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေး
သပိတ်စခန်းများ စတင် ဖွင့်လှစ်ကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
ကြေးနီစီမံကိန်း လုပ်ဆောင်နေသည့် လက်ပံတောင်း တောင်အနီး၌ ရှိသောလယ်တီ ဆရာတော် ဘုရားကြီး
သီတင်းသုံးခဲ့သည့် သိမ်ကျောင်းသို့ သွားရောက်ကာ သပိတ်စခန်းတစ်ခု ဖွင့်လှစ်ခဲ့သည်။
စီမံကိန်း လုပ်ငန်းခွင်များသို့ သွားရောက် တားဆီးမှုများလည်း ပြုလုပ်ခဲ့သဖြင့်
စီမံကိန်း လုပ်ငန်းများအားလုံး ရပ်ဆိုင်းလိုက်ရသည်။
လက်ပံတောင်းအရေး သပိတ်မှောက်ဆန္ဒပြနေသော သဃာတော်များနှင့် ဆန္ဒပြလူထုအား
အာဏာပိုင်များဧ။် ဖြေရှင်းမှုအပေါ် မကျေနပ်မှုများ ထွက်ပေါ်လာခဲ့ပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း၌
ရန်ကုန်နှင့် မန္တလေးမြို့ များတွင်ပါ ဆန္ဒပြမှုများလည်း နောက်ဆက်တွဲ အဖြစ် ဖြစ်ပေါ်လာခဲ့သည်။
နိုင်ငံရေးပါတီများနှင့် လူမှု့အဖွဲ့အစည်းအသီးသီးမှလည်း အဆိုပါဆောင်ရွက်အပေါ်
ထုတ်ပြန်ချက်များထုတ်ပြန်၍ ကန့်ကွက်ခဲ့ကြသည်။
တစ်နှစ်တာ အချိန်သို့ရောက်ရှိလာခဲ့သော်လည်း ထိုစဉ်အခါက သပိတ်စခန်းဖြိုခွင်းခံခဲ့ရသည့်အပေါ် ယခုထိတိုင် မေ့နိုင်ခြင်းမရှိသေးကြောင်း မိုးကြိုးပြင် ရွာမှ မမြင့်မြင့်အေးက ပြောဆိုသည်။
“မီးလောင်းဗုံးနဲ့ပစ်ခဲ့တာ တစ်နှစ်ပြည့်သွားပြီဆိုပေမယ့် ကျွန်မတို့ရင်ထဲမှာ မနေ့တစ်နေ့ကလို ခံစားနေရတုန်းပဲ ” ဟု မမြင့်မြင့်အေးက သူ့ခံစားမှုဖွင့်ဆိုပြသည်။
လက်ပံတောင်းအရေး ဖြိုးခွင်းခံခဲ့ရခြင်း တစ်နှစ်ပြည့်ခဲ့ခြင်းမှာ မတရားမှုအားဖုံးကွယ်ထားသည့်
တစ်နှစ်ပြည့်ဖြစ်ကြောင်းကို လက်ပံတောင်းအရေးဆောင်ရွက်သူ ဒေသခံ မသဲွဲ့သွဲ့ဝင်းက “မတရားမှုကြီးကို ဖုံးကွယ်ထားတဲ့ တစ်နှစ်ပြည့်လို့ပဲ ပြောချင်တယ်။ ဒီကိစ္စတွေမှာ အကောင်အထည်ဖေါ်ဆောင်ရွက်ရေးကော်မတီမှာ တာဝန်ရှိတယ်လို့ပြောချင်တယ် ဒီကော်မတီက အလုပ်မလုပ်ခဲ့လို့ အခုလို ပြဿနာတွေထပ်ဖြစ်လာတာ။ ”ဟု ပြောပြသည်။
လက်ပံတောင်း တောင် အနီးရှိ ကျေးရွာများမှ ပြည်သူလူထုနှင့် အာဏာပိုင်တို့ဧ။်
အခြေနေများမှာ ယခုထက်ထိတိုင် တင်းမာနေသော အခြေအနေများတွင်ရှိနေသည်ဟု ဆိုရမည်ဖြစ်သည်။
ဒေသခံများနှင့် အာဏာပိုင်တို့ကြား စီမံကိန်းပတ်ဝန်းကျင်ရှိ လယ်ယာမြေများ၌ ထွန်းတုန်းတိုက်ပွဲများ ဖြစ်ပေါ်ခဲ့ခြင်း နှင့် ပဋိပက္ခများဖြစ်ပေါ်ခဲ့ရုံသာမက ယခုနှစ် နိုဝင်ဘာလ နေ့တွင်လုံထိန်းများနှင့်ရွာသားများကြား ပဋိပက္ခများထပ်မံဖြစ်ပေါ်ခဲ့ရာ ပစ်ခတ်မှုများအထိ ဖြစ်ပေါ်ခဲ့ပြန်သည်။
“တစ်နှစ်ပြည်လာရင်တော့ ကောင်းကောင်းမွန်မွန်ဖြစ်လာမယ်လို့ မျှော်လင့်ထားတာ။ အခုကြတော့ ကောင်းကောင်းမွန်မွန်ဖြစ်မလာတဲ့ အပြင် အမြဲတမ်းဆိုးကျိုးတွေပဲ ခံစားနေရတယ်။
မနှစ်ကတုန်းက တန်းဆောင်းမုန်း လပြည့်ညတုန်းက မီးလောင်ဗုံးတွေနဲ့ အပစ်ခတ်ရတယ်
ဒီနှစ်ကြတော့ တန်းဆောင်းမုန်းလပြည့် မတိုင်မီ တစ်ရက်မှာ သေနတ်နဲ့အပစ်ခံရတယ်
၇ ယောက်လောက်ဒဏ်ရာရတယ်။” ဟု မမြင့်မြင့်အေးက ပြောပြသည်။
ဒေသခံတောင်သူတစ်ဦးဖြစ်သော ဦးသန်းထွန်းကလည်း ဖြစ်စဉ်နှင့်ပတ်သက်ပြီး ယခုလိုရှင်းပြပြောဆိုခဲ့သည်။
“မိုးကြိုးပြင်တောင်ရွာမှာ အရှေ့ထိပ်မှာ ရဲကင်းတဲ ဆောက်ပါတယ် ရဲကင်းဆောက်တာကို
ကျွန်တော်တို့ ကျေးရွာတွေက လက်မခံဘဲ ပြန်လွှတ်ပါတယ် အဲ့ဒါကို သူတို့ကနေစပြီးတော့
မိုးကြိုပြင်တောင်ရွာထဲကို ၀င်ပြီးတော့ အဲ့လိုအကြမ်းဖက်တော့ ကျွန်တော်တို့ ကျေးရွာက
လူတွေကလည်း ပြန်ပြီးတုံ့ပြန်မိတယ်။ အစကတော့ တောင်းပန်သေးတယ် ဒါပေမယ့်မရဘူး
အကြမ်းဖက်တော့ ပြန်ပြီး တုံ့ပြန်မိတယ် ပြန်တုံ့ပြန်တော့ သူတို့က သေနတ်တွေဖေါက်ပြီး ပစ်တာပေါ့။”
ဝမ်ပေါင်ကုမ္ပဏီ နှင့် ဒေသခံများကြား မကြေလည်မှုများ ကြီးထွားလာခဲ့ရာ လက်ပံတောင်းအရေးအား ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့၍ ဆောင်ရွက်ခဲ့ရသည်။ကော်မရှင်ဧ။် အစီရင်ခံစာအရ
အကောင်အထည်ဖေါ်ရမည့် လုပ်ငန်းစဉ်များအား အကောင်ထည်ဖေါ်ရေး ကော်မတီအနေဖြင့် ဆောင်ရွက်ပေးခြင်းမရှိခဲ့ဟု ဒေသခံများက ဆိုကြသည်။
“စုံးစမ်းစစ်ရေးကော်မရှင်ရဲ့ အစီရင်ခံစာကို အကောင်အထည်ဖေါ်တဲ့ ကော်မတီက တရားဥပဒေစိုးမိုးမှုမရှိဘူးလို့ ပြောချင်တယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစီရင်ခံစာမှာ
ဒေသခံတွေနဲ့ ညှိနှိုင်းရမယ့်လို့ ပါပေမယ့် အကောင်အထည်ဖေါ်ရေးကော်မတီ က
မညိနှိုင်းတဲ့အတွက် အစီရင်ခံစာကို ချိုးဖေါက်နေတယ်လို့ ပြောရမယ်” ဟု မသွဲ့သွဲ့ဝင်းက ဆိုသည်။
လက်ပံတောင်းအရေးအား ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ၀င်ရောက်ဖြေရှင်းပေးရန် ကြိုးစားခဲ့သော်လည်း မျှော်လင့်ထားသလောက် ဒေသခံတိုးကြား ကြေလည်မှုမရခဲ့သည်ကိုတွေ့ရသည်။ လက်ပံတောင်းအရေး၌ ဒေသခံတို့နောက်ကွယ်တွင် နိုင်ငံရေးအရ ကိုင်တွယ်ဆောင်ရွက်နေသူများ ရှိနေသလားဟု မေးခွန်းထုတ်ဝေဖန်မှုများစွာလည်း ထွက်ပေါ်ခဲ့ရသည်။
“အခက်အခဲတွေရှိလို့ စားဝတ်နေရေးကိစ္စတွေမပြေလည်တဲ့ကြားက ဆန္ဒတွေပြနေရတာပါ” ဟု မမြင့်မြင့်အေးက ဆိုသည်။
၂၀၁၃ ခုနှစ် မတ်လ (၇)ရက်နေ့ ၀မ်ပေါင်းကုမဏီဧ။် သတင်းစာ ရှင်းလင်းပွဲ၌ လက်ပံတောင်း တောင်
စီမံကိန်းနှင့် ပတ်သက်ပြီး စာချုပ်အသစ် ချုပ်ဆိုပြီးဖြစ်ကြောင်း ထုတ်ဖေါ်ပြောကြားခဲ့သည်။
စာချုပ်အသစ်အရ ယခင် အမြတ်ငွေ(၃၀) ရာနှန်းအား မြန်မာ အစိုးရက ရရှိရာမှု (၅၁) ရာခိုင်နှုန်းအား
တိုက်ရိုက်ရရှိမှာ ဖြစ်ပြီး ၀မ်ပေါင်နှင့် ဦးပိုင်ကုမဏီတို့က ကျန် (၄၉) ရာနှုန်းကို ခွဲဝေယူမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
လယ်ယာမြေများအတွက် ကုမဏီမှ ပေးလျော်ခဲ့သော လျော်ကြေးငွေးများအား လက်ခံပြီး ချထားပေးသော နေရာများအား ပြောင်းရွေ့နေထိုင်ကြသူများရှိနေသလိုပင် ယခင်နေထိုင်ကြသော ရွာဟောင်းများပင်နေထိုင်၍ လျော်ကြေးငွေလက်မခံဘဲ ဆက်လက်တိုက်ပွဲဝင်နေကြသော
ဒေသခံများလည်းရှိနေဆဲဖြစ်သည်။
ကျန်ရှိနေသော ဒေသခံများကြား၌လည်း ညှိနှိုင်း၍ ပြေလည်မှုရပါက လျော်ကြေးငွေအားလက်ခံနိုင်ချေရှိသူများ ရှိနေသလိုပင် လျော်ကြေးငွေလုံးဝမယူရန် ဆုံးဖြတ်ထားသူများရှိနေသည်ကိုတွေ့ရသည်။
“လျော်ကြေးကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတွေကို လာညှိတာမရှိပါဘူး ကျွန်တော်တို့ကတော့
အေးအေဆေးဆေးဖြစ်စေချင်တာပေါ့ လာညှိရင်တော့ ဒေသခံ ၂၆ ရွာလုံးကတော့ လက်ခံသင့်ရင်လည်း
လက်ခံမယ် လက်မခံသင့်ရင်တော့ လက်မခံဘူးပေါ့” ဟု ဒေသခံတောင်သူ ဦးသန်းထွန်းက ပြောဆိုသည်။
မမြင့်မြင့်အေးကမှု လျော်ကြေးငွေအားလက်ခံမည်မဟုတ်ကြောင်း ယခုလိုဆိုသည်။
“လျော်ကြေးကိစ္စကို အခုပိတ်ထားတယ်လို့ ပြောတယ် ကျွန်မတို့က လျော်ကြေးပေးလည်း
လက်ခံမှာမဟုတ်ဘူး ပြည်သူတွေက ဒီတောင်တွေနဲ့ပဲ လုပ်စားတာလေ ဒီငွေတွေယူလိုက်ရင် လမ်းဘေးရောက်သွားမှာ ပြည်သူတွေက ပညာတတ်ကြတာမဟုတ်ဘူး ကျွန်မတို့က လျော်ကြေးငွေကို
လက်ခံယူမှာ မဟုတ်ဘူး ဘာဖြစ်လို့လည်းဆိုတော့ ယူလိုက်ရင် သားစဉ်မြေးဆက် ဒီတောင်တွေမှာ လုပ်ကိုင်စားလို့ရမှာမဟုတ်တော့ဘူး”
အချိန်ကြာမြင့်စွာ ကြိတ်ခဲမရဖြစ်နေသော လက်ပံတောင်းအရေး ပြဿနာမှာ
ယခုထက်တိုင်ပြေလည်မှုမရှိနိုင်သေးသည်ကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများက သတိပြုဆောင်ရွက်ရန်လိုအပ်လာနေပြီဖြစ်သည်။
မကြာခဏဆိုသလိုပင် ဒေသခံတောင်သူတို့နှင့် အာဏာပိုင်အဖွဲ့အစည်း များကြား
အကြိမ်ကြိမ်ထိပ်တိုက်တွေ့ဆုံနေခြင်း ပဋိပက္ခများ ဖြစ်ပွားနေခြင်းက ပြဿနာများပြေလည်နိုင်မည့်
လမ်းကြောင်းနှင့် ဆန့်ကျင်ဘက်သို့ ရွေးလျားနေသည်ဟုဆိုနိုင်သည်။
“အာဏာပိုင်တွေ အနေနဲ့ ဒေသခံတွေနဲ့ မညှိနှိုင်းပဲ ဘူဒိုဇာတွေနဲ့ ထိုးတာ သံဆူးကြိုးခတ် တာတွေက
တရားဥပဒေစိုးမိုးမှုကို ချိုးဖေါက်ရာ ရောက်တယ်လို့သုံးသပ်မိတယ်။ မိုးကြိုးပြင်ရွာမှာ ဖြစ်သွားတဲ့
အထိကရုဏ်းဖြစ်တဲ့ ကိစ္စဆိုရင် ဒေသခံတွေနဲ့ ညှိနှိုင်းပါ အကြေအလည်ညှိနှိုင်းပါ အဲ့ဒီလယ်ယာမြေတွေဆိုရင်လည်း မြေယာလျော်ကြေးလုံးဝမယူထားတဲ့ အခင်းတွေဖြစ်တဲ့အတွက်ကြောင့်
ဒီအခင်းတွေမှာ လုပ်တယ်ဆိုရင် ဒေသခံတွေနဲ့ ညှိနှိုင်းရမှာ အဲ့လိုမလုပ်ပဲ သံဆူးကြိုးတွေကာတယ် ဒေသခံတွေအနေနဲ့ လျော်ကြေးမယူထားတဲ့ အခင်းတွေဖြစ်တဲ့အတွက် သူတို့က
သွားမယ်လာမယ် ရိုးရိုးပဲ တွေးခဲ့ကြတာပေါ့” ဟု မသွဲ့သွဲ့ဝင်းက ပြောပြခဲ့သည်။
တစ်နှစ်တာ အချိန်ထိ ကြာရှည်လာခဲ့သော လက်ပံတောင်းအရေးဧ။် နောက်ကွယ်၌ နိုင်ငံရေးအရ ကြိုးကိုင်လှုပ်ရှားမှုများရှိနေသည်ဖြစ်စေ မရှိသည်ဖြစ်စေ နေ့စဉ်နှင့်အမျှ ဆန္ဒထုတ်ဖေါ်ရေး၊ ထိပ်တိုက်တွေ့ဆုံရေးအတွက် တွေးနေရသော လက်ပံတောင်းဒေသခံ ပြည်သူတို့ အနာဂတ်မှာ
တစ်စတစ်စ ဝေး၀ါးနေရသည်ဟု ဆိုရမည်ဖြစ်သည်။
“ကျွန်တော်တို့ အခုဖြစ်နေရတာက နေ့စိတ်မချမ်းသာ စိတ်ဆင်းရဲ ဖြစ်နေရတယ်။
နောက်ပိုင်းဘယ်လိုဖြစ်လာမယ်ဆိုတာတော့ မပြောတတ်ဘူး ကျွန်တော်တို့ကတော့
ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်စေချင်တယ် ဒီလိုမျိုး ကြာရှည်ကြီးဖြစ်သွားမယ်ဆိုရင် ဒေသခံတွေရော
ကျန်တဲ့ အကူညီပေးတဲ့သူတွေရော စိတ်မချမ်းသာ ဖြစ်နေရတာပေါ့။” ဟု ဦးသန်းထွန်းက သူ့ခံစားမှုကို ပြောပြခဲ့သည်။
အချိန်ကာလ ကြာရှည်စွာ ဖြစ်တည်နေရသော လက်ပံတောင်းအရေးသည် ဖြေရှင်းရခက်သည့်
နိုင်ငံရေးပြဿနာလော၊ သဘာဝပတ်ဝန်းကျင် ပြဿနာလော၊ စီးပွားရေးပြဿနာလော၊ စသည်ဖြင့် မေးခွန်းထုတ်ရမည့်အခြေအနေများစွာရှိနေသည်။ သေချာသည်ကတော့ လက်ပံတောင်းအရေးသည်
ယခုထက်တိုင် မဖြေရှင်းနိုင်သေးသော ပုစ္ဆာတစ်ပုဒ်ဖြစ်နေတော့သည်။
No comments:
Post a Comment