ထိုင်းနိုင်ငံတောင်ပိုင်း ၌ ၂၀၀၄ ခုနှစ်အတွင်းမှ စတင်၍ဖြစ်ပွားခဲ့သော ပဋိပက္ခများသည်
လူမျိုးရေး ဘာသာရေး ပဋိပက္ခသက်သက် တော့မဟုတ်ပေ။ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀ ခန့်က
စတင် သန္ဒေတည်လာခဲ့သော မလေးယူ လူမျိးများနှင့် ထိုင်းအစိုးရတို့ ကြား ဖြစ်ပွားလျှက်ရှိသော
ပြဿနာများဖြစ်သည်။
အစ္စလာမ်ဘာသာဝင်အများစုကိုးကွယ်သောမလေးယူလူမျိုးများဧ။်
နယ်မြေဒေသသတ်မှတ်ခြင်းနှင့် ဘာသာစကား များအပေါ် ထိုင်းအစိုးရဧ။် သတ်မှတ်ချက်များအတွက်
မကြေလည်မှုများနှင့် ခွဲထွက်ခွင့် တောင်းဆိုမှုများကြောင့်သာ ဖြစ်ပေါ်လာခဲ့သော ပဋိပက္ခများဟု ဆိုနိုင်သည်။
ထိုင်းနိုင်ငံတောင်ပိုင်း ပတ္တနီ(Pattani) ခရိုင် အတွင်းရှိ လွန်ခဲ့သော နှစ်ပေါင်းသုံးရာခန့်က တည်ရှိခဲ့သော
သဲဖြူကျေးရွာမှ ဘုန်းတော်ကြီးကျောင်း

သဲဖြူကျေးရွာအား စတင်တည်ထောင်ခဲ့ကြသော မလေးနွယ်ဖွား ဘုန်တော်ကြီးများ
ဘုန်းတော်ကြီးများဧ။် မိသားစုများမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ပြီး ယင်းရွာ၌ အခြေချနေထိုင်ခဲ့ကြသည်။
ဘုန်းတော်ကြီးများမှ နှစ်ပေါင်းသုံးရာခန့်ကပင် ရွာရှိ ဗလီတစ်ခုအား ဆောက်လုပ်ပေးခဲ့သည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဒေသအတွင်းမှ စတင်၍ ဖြစ်ပွားလာခဲ့သော ပဋိပက္ခများသည် မတ္ထီလာ လာရှိုးမြို့တို့နှင့် အခြားသော ဒေသများအထိသို့ ကူးဆက် ရိုက်ခတ်ခြင်းခံခဲ့ရသည်။
မြန်မာနိုင်ငံအတွင်း ဘာသာရေးလူမျိုးရေး ဆန်သော ပဋိပက္ခများအားရင်ဆိုင်ကြုံတွေ့နေရချိန်၌
ပြည်တွင်းရှိ နှစ်ဖက်အစွန်းရောက် အဖွဲ့အစည်းများ လူပုဂိုလ်များမှ ထိုင်းနိုင်ငံတောင်ပိုင်းဒေသဧ။်
ပဋိပက္ခအကြမ်းဖက်မှုများအား ဆွဲယူ၍ ဘာသာရေး ပဋိပက္ခအသွင်းဆောင်လာရန်
မီးမောင်းထိုး စေ့စော်ခြင်းများ ရှိခဲ့သည်ကို တွေ့မြင်ရနိုင်သည်။
စင်စစ်အားဖြင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့်
ထိုင်းနိုင်ငံတောင်းပိုင်းဒေသအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများသည် တူညီနေသည်မဟုတ်ပါ။
ပြဿနာဖြစ်ပွားရသော အခြေခံ နောက်ခံ အကြောင်းအရင်းများလည်း တူညီမှု မရှိသည်ကို တွေ့မြင်နိုင်သည်။
ထိုင်းနိုင်ငံတောင်းပိုင်း၌ ဖြစ်ပွားနေသော ပဋိပက္ခများဧ။် နောက်ခံ အကြောင်းအရင်းများမှာ
လွန်ခဲ့သော နှစ်ပေါင်းသုံးရာခန့်က အခြေချနေထိုင်လာသော မလေးယူ လူမျိုးများဧ။် ဒေသအား အင်္ဂလိပ်တို့ ကိုလိုနီပြုပြီးနာက်ပိုင်း၌ အင်္ဂလိပ်တို့ဧ။် နယ်မြေခွဲဝေမှုတွင် ယင်းဒေသအား ထိုင်းနိုင်ငံအတွင်းသို့
ထည့်သွင်းသတ်မှတ်ခဲ့ခြင်းက အခြေခံပြီး ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဘာသာရေး ပဋိပက္ခသက်သက်ဟု ဆိုနိုင်မည်မဟုတ်ပေ။
မြန်မာနိုင်ငံတွင်းဖြစ်ပွားခဲ့သော ပဋိပက္ခများမှာ မတူညီသော လူမျိုးစု နှစ်စုကြား ဖြစ်ပွားခဲ့သော ပြဿနာများဖြစ်ပြီး နယ်မြေမလုံခြုံမှုကြောင့် ရွေ့ပြောင်းရောက်ရှိလာသော ဘင်္ဂလီ လူဦးရေ များ တိုးမြင့်လာခဲ့ခြင်းနှင့်အတူ နိုင်ငံသားဖြစ်မှု ပြဿနာအငြင်းပွားမှုများ မတူညီသော လူမျိုးစုနှစ်ခုကြား
ဘာသာရေး ဓလေ့စရိုက် အမူအကျင့်များကြောင့် ပေါ်ပေါက်လာခဲ့ခြင်းဟု ဆိုနိုင်သည်။
ထိုင်းနိုင်ငံတောင်ပိုင်းဒေသ ၌ဖြစ်ပွားနေ့သော ပြဿနာများမှာ မလေးယူလူမျိုးမှ ၄င်းတို့ ပိုင်ဆိုင်ရာဒေသအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြဌန်းရေးနှင့်ခွဲထွက်ခွင့် တောင်းဆိုခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဒေသ၌ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများမှာ ဘင်္ဂလာဒေ့ခ်ျ နိုင်ငံနှင့် မြန်မာနိုင်ငံကြားရှိ နိုင်ငံမဲ့နေသော လူမျိုးစု ပြဿနာဖြစ်နေသည်။
ယင်းနိုင်ငံမဲ့နေသာ ဒုက္ခသည်များအား ဘင်္ဂလာဒေ့ခ်ျ နိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ နိုင်ငံသားအဖြစ် လက်မခံနိုင်ခြင်း ပြဿနာဖြစ်သည်ဟု ရူမြင်ကြောင်း ထိုင်းနိုင်ငံ အစ္စာလာမ်သာသနာရေးရာအဖွဲ့ချုပ်မှ
ဘာသာရေးခေါင်းဆောင် အကြီးအကဲတစ်ဦးက သုံးသပ်ပြောဆိုသည်။
ဘာသာရေးပဋိပက္ခဆန်သော ပြဿနာများဖြစ်ပွားလာချိန်တွင် လူအများက စိုးရိမ်ကြောက့်လန့်နေကြသော ဂျီဟတ်(ဘာသာရေးစစ်ပွဲ) ဆိုသည်မှာ ကျမ်းစာပါ အချက်အလက်များအား လွဲမှားနားလည်နေကြခြင်းဖြစ်ပြီး
ဂျီဟက်ဆိုသည် အစ္စလာမ်ဘာသာဝင်များအနေဖြင့် မိမိတို့ဘာသာသာသနာနယ်မြေများအား
ကျူးကျော်တိုက်ခိုက်လာခြင်းကို ပြန်လည်ခုခံရန်အတွက်သာဖြစ်ကြောင်း ၄င်းက ရှင်းပြ ပြောဆိုခဲ့သည်။

သဲဖြူကျေးရွာကို စတင်တည်ထောင်ခဲ့ကြသော ဘုန်းတော်ကြီးများ ဆောက်လုပ်ပေးခဲ့သည့် လွန်ခဲ့သော
နှစ်ပေါင်း သုံးရာကတည်းကတည်ရှိခဲ့သည့် ဗလီ
ထိုင်းနိုင်ငံ တောင်းပိုင်းဒေသအတွင်း လက်နက်ကိုင်တော်လှန်နေသော အကြမ်းဖက်မှုများသည် မြေအောက်လှုပ်ရှားမှုများဖြင့် ဆောင်ရွက်နေကြခြင်းဖြစ်သည်။
လက်နက်ကိုင်အဖွဲ့အစည်းဟူ၍ သတ်သတ်မှတ်မှတ်ရှိမနေဘဲ မြို့ရွာအတွင်း
သွားလာလှုပ်ရှားနေကြသူများကြားထဲတွင် မည်သူ မည်ဝါ မှာ လက်နက်ကိုင်အကြမ်းဖက်သမားဟု
သတ်မှတ်ဆုံးဖြတ်ရန် ခက်ခဲသည်ဟု ဆိုနိုင်သည်။
ထိုင်းနိုင်ငံတောင်းပိုင်း၌ ပဋိပက္ခအကြမ်းဖက်မှုများ စတင်ဖြစ်ပေါ်ခဲ့ခြင်းမှာ
၂၀၀၄ ခုနှစ်အတွင်းမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပတ္တနီ မြို့ ရှိ အစ္စလာဘာသာဝင်တို့
ဝတ်ပြုဆုတောင်းရာ ဗလီတစ်ခုအတွင်းသို့ အစိုးရစစ်တပ်များမှ သေနတ်ဖြင့် ၀င်ရောက်ပစ်ခတ်ရာ၌
အစ္စလာမ်ဘာသာဝင် လူသုံးဆယ်ခန့် သေဆုံးခဲ့ရသော ဖြစ်ရပ် ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင်
အဆိုပါ ပဋိပက္ခများစတင်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

၂၀၀၄ ခုနှစ်က လူသုံးဆယ်ကျော် သေဆုံးခဲ့သည့် ပတ္တနီမြို့မှ ဗလီ
အဆိုပါ ဖြစ်ရပ် ဖြစ်ပွားပုံမှာ အစ္စလာဘာသာဝင်အချို့မှ ရဲစခန်းတစ်ခုဧ။် လက်နက်များအား
ဝင်ရောက်ခိုးယူပြီးထွက်ပြေးရာ၌ ဗလီအတွင်းသို့ ပုန်းခိုနေခဲ့စဉ်တွင်
အစိုးရတပ်များမှ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။
ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး ပတ္တနီမြို့နှင့် ယာလာ မြို့တို့တွင်း အစ္စလာဘာသာဝင်များ ဓါးများကိုယ်စီကိုင်၍ ရဲစခန်းအတွင်းဝင်ရောက်စီးနင်းခဲ့ရာတွင် ပြန်လည်ပစ်ခတ်မှုကြောင့် လူတစ်ရာခန့် သေဆုံးခဲ့ရသည်ဟု ဒေသခံများက ပြောပြသည်။
တောင်ပိုင်းဒေသသည် ပဋိပက္ခများ ဖြစ်ပွားရာဒေသဖြစ်သော်လည်း
စာသင်ကျောင်းများ နှင့် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တည်ငြိမ်မှုများကိုမှု
ရိုက်ခတ်ခြင်းမရှိသည့် အခြေအနေများ ကိုတွေ့မြင်နိုင်သည်။
ဒေသခံများအနေဖြင့်လည်း ဘာသာရေးလူမျိုးရေး ပဋိပက္ခဟု မခံယူဘဲ အစိုးရနှင့် ခွဲထွက်ခွင့်တောင်းဆိုသော လက်နက်ကိုင်များကြား ဖြစ်ပွားနေသော ပြဿနာများဟု ခံယူထားကြသည်။
ဒေသခံအများစုသည် အဆိုပါ အကြမ်းဖက်လက်နက်ကိုင်များအား
ထောက်ခံခြင်းမရှိသလို လက်မခံလိုသည့် စိတ်အခြေအနေများလည်းမရှိသည်ကိုတွေ့ရသည်။
အကြမ်းဖက်လက်နက်ကိုင်များအား ၄င်းတို့အနေဖြင့် မိမိတို့ ဒေသ အားပြန်လည်ရရှိရန်
တောင်းဆိုနေကြသူများဟု ထင်မှတ်နေကြသူများလည်းရှိကြသည်ကိုတွေ့ရသည်။
တောင်းပိုင်းဒေသ၌ လက်နက်ကိုင်အကြမ်းဖက်မှုများသည် ဗုဒ္ဒဘာသာဘုန်းတော်ကြီးများနှင့်
လူနည်းစု ဗုဒ္ဒဘာသာများအား ပစ်မှတ်ထားတိုက်ခိုက်မှုများလည်းရှိနေသည်ကိုတွေ့ရသည်။
ယင်းကဲ့သို့ တောင်းပိုင်းဒေသတွင် လူနည်းစုဖြစ်သော ဗုဒ္ဒဘာသာဝင်များအား
ပစ်မှတ်ထားတိုက်ခိုက်ခြင်းကိုမှုဒေသခံအများစုက သဘောကျခြင်းမရှိဟု ဆိုနိုင်သည်။
ထိုင်းနိုင်ငံတောင်းပိုင်းဒေသရှိ ပတ္တနီခရိုင်းအတွင်းမှ ပဋိပက္ခဖြစ်ပွားရော ကျေးရွာတစ်ခုအတွင်း၌ ဖွင့်လှစ်ထားသော အစ္စလာမ်ဘာသာရေး သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာ ဘာသာရေးခေါင်းဆောင်တစ်ဦးကမှု ၄င်းတို့ ဘာသာရေးကျောင်းများအနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများအား စေ့ဆော်တွန်းအားပေးခြင်းမရှိဟုပြောဆိုခဲ့သည်။ ထိုင်းအစိုးရအနေဖြင့် ၄င်းတို့စာသင်ကျောင်းများမှ အကြဖမ်းဖက်သမားများ မွေးထုတ်ပေးနေသည်ဟု
ထင်မှတ်နေကြသော်လည်း ၄င်းတို့အနေဖြင့်မှု ဘာသာရေးကိုသာ အဓိကထားသင်ကြားပေးနေကြောင်း
လက်နက်ကိုင် အကြမ်းဖက်မှုများမှာ မြေအောက်လှုပ်ရှားမှုများဖြစ်၍
မည်သူမည်ဝါမှာ အကြမ်းဖက်တော်လှန်ရေးသမားများဟု သတ်မှတ်ရန်ခက်ခဲကြောင်းဆိုသည်။
၎င်းတို့အနေဖြင့် လက်နက်ကိုင် သူများအား ဒေသပြန်လည်ရရှိရေးအတွက်
တော်လှန်နေကြသောတော်လှန်သမားအဖြစ် ရူမြင်ကြောင်း ဆိုခဲ့သည်။
ထိုင်းနိုင်ငံသည် ဗုဒ္ဒဘာသာကိုးကွယ်သူအများစု ရှိသော တိုင်းပြည်တစ်ခုဖြစ်သော်လည်း
တောင်းပိုင်းဒေသတွင်မှု အစ္စလာမ်ဘာသကိုးကွယ်သူ ၈၀ ရာခိုင်းနူန်းခန့်ရှိနေသည်။ အစိုးရအနေဖြင့် တောင်းပိုင်းဒေသ၌ နေထိုင်ကြသူများအား ထိုင်းနိုင်ငံသားများဟုသာ သတ်မှတ်ပြီး ထိုင်းဘာသာစကားကိုသင်ယူပြောဆိုရန် သတ်မှတ်ထားခဲ့သည်။
တောင်းပိုင်းဒေသခံအများစုမှာ ထိုင်းဘာသာစကားနှင့် ၄င်းတို့ဧ။် မလေးယူ ဘာသာစကားနှစ်မျိုးလုံးအား အသုံးပြုပြောဆိုလျှက်ရှိကြသည်။
၎င်းတို့ တောင်းဆိုနေသော အချက်အလက်များတွင် မလေးယူဘာသာစကားအား မကွယ်ပျောက်ရန်အတွက်သင်ကြားပြောဆိုခွင့်ရရေးတို့လည်း ပါဝင်သည်ကိုတွေ့ရသည်။
ထိုင်းနိုင်ငံတောင်းပိုင်းဒေသ၌ဖြစ်ပွားနေသော ပဋိပက္ခများသည်
တောင်းပိုင်းဒေသတွင်သာ အခြေတည်ဖြစ်ပွားလျှက်ရှိနေပြီး ထိုင်းနိုင်ငံဧ။်အခြားသော ဒေသများသို့
ဘာသာရေးပဋိပက္ခအသွင်ဖြင့် ကူးဆက်ခြင်းမရှိသည်ကိုတွေ့ရသည်။
ထိုင်းအစိုးရအနေဖြင့်လည်း ဗုဒ္ဒဘာသာအများစုကိုးကွယ်သည့်နိုင်ငံဖြစ်သော်လည်း
အစ္စလာမ်ဘာသာဝင်များအတွက် ဘာသာရေးလွတ်လပ်ခွင့် အပ်ြည့်အ၀ပေးထားသည်ကိုတွေ့မြင်နိုင်သည်။
တောင်းပိုင်းဒေသရှိ အစ္စလာမ်ဘာသာဝင်ကျောင်းသားများ တက်ရောက်သော ပုဂလိက စာသင်ကျောင်းများတွင်လည်း ဘာသာရေးစာသင်ကြားမှုနှင့်ထိုင်းပညာရေးပြဌန်းသင်ကြားမှုများအား တွဲဖက်သင်ကြားခွင့်များပြုထားသည့်အပြင် အစိုးရမှ နှစ်စဉ်ထောက်ပံ့မှုများလည်းရှိနေသည်။
ယင်း ပုဂလိကစာသင်ကျောင်းများမှ အောင်မြင်လာခဲ့သော ကျောင်းသားများအနေဖြင့်လည်း ထိုင်းနိုင်ငံအတွင်းရှိသော မည့်သည့်တက္ကသိုလ်တွင်မဆို ပညာသင်ကြားခွင့်ပေးထားသည်ကိုတွေ့မြင်ရသည်။
ပဋိပက္ခဖြစ်ပွားရာဒေသ အတွင်းမှ အစ္စလာမ်ပုဂလိက စာသင်ကျောင်း
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကိုကြည့်မည်ဆိုလျှင် ရခိုင်ပြည်နယ်မှ စတင်အခြေတည်၍
နိုင်ငံအတွင်းရှိ အခြားသော ဒေသများသို့ပင် စိုးရိမ်ဖွယ်ရာ ကူးဆက်လာခဲ့သည်ကိုတွေ့မြင်နိုင်သည်။
လူမျိုးစု နှစ်စု ကြားဖြစ်ပွား ပြဿနာများအား အကြောင်းခံ၍ ဘာသာရေးပဋိပက္ခ အသွင်ဆောင်လာသည်
ကိုတွေ့ရသည်။
ထိုင်းနိုင်ငံတောင်းပိုင်းဧ။် ဖြစ်စဉ်အပေါ် နှစ်ဖက်အစွန်းရောက်များ ဧ။် ပဋိပက္ခအပေါ်ရူမြင်ပုံများ ဖြန့်ဝေပုံများ
လွဲချော်နေခြင်းများသည်လည်း မြန်မာနိုင်ငံကို ထိတ်လန့်ဖွယ်ရိုက်ခတ်လာနိုင်စေသည့် အပြင်
ဘာသာရေးပဋိပက္ခများအား ပိုမို ကြီးထွားလာစေနိုင်သည်။
ထိုင်းနိုင်ငံတောင်းပိုင်းဒေသ မှ မလေးယူလူမျိုးများဧ။် ခွဲထွက်ခွင့်တောင်းဆိုရေးကို အတုယူ၍
ရခိုင်ပြည်နယ်ဒေသအတွင်းသို့ ၀င်ရောက်လာသော လူမျိုးစုများအနေဖြင့် ခွဲထွက်ရေးတောင်းဆိုသင့်ပြီး
ယင်းအတွက် တိုက်ပွဲဝင်သင့်ဟု လွဲမှားသော အစွန်းရောက် ၀ါဒဖြန့်ချီမှုများ ရှိနေသလိုပင်
ထိုင်းနိုင်ငံအတွင်း ဗုဒ္ဒဘာသာဘုန်းတော်ကြီးများနှင့် ဗုဒ္ဒဘာသာဝင်များ တိုက်ခိုက်ခံနေရခြင်း
ဗုဒ္ဒဘာသာဝင်များအား ပစ်မှတ်ထားတိုက်ခိုက်သည်ဟု သတင်းများဖေါ်ပြ၍
ဘာသာရေးစစ်ပွဲ ဆင်နွှဲလိမ့်မည်ဟု အစွန်းရောက်ဝါဒဖြန့်ချီခြင်းများရှိနေသည်ကိုတွေ့ရသည်။
မတူညီသော အခြေအနေနောက်ခံအကြောင်းအရင်းများကို နားလည်၍ ပြဿနာဖြစ်ပွားမှုများအား ထိန်းသိမ်းရမည့်အစား မှားယွင်းသော သတင်းဖြန့်ချီမှု ဆက်စပ်တွေးခေါ်မှုများသည်
ပြောင်းလဲစပြုနေသည့် မြန်မာနိုင်ငံအတွက် အပြင်မှ ၀င်ရောက်လာနိုင်သည့် ဆိုးကျိုးများနှင့် တိုးတက်ကောင်းမွန်မည့်အပြောင်းအလဲကို ထိခိုက်စေနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဘာသာရေးဆန်သော ပဋိပက္ခများ အခြေအတည်လာပြီးဖြေရှင်းရန်
ကြိုးစားနေရသည့်အချိန်တွင် ထိုင်းနိုင်ငံတွင်မှု ပဋိပက္ခဖြေရှင်းနည်း Dialogue အသုံးပြူနည်း
ငြိမ်းချမ်းရေး လူ့အခွင့်ဆိုင်ရာ ပညာရပ်များအား တက္ကသိုလ်များ စာသင်ကျောင်းများတွင်
သင်ကြားပေးနေသည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။
ပြဿနာဖြစ်ပွားရာ ဒေသများတွင်လည်း အရပ်ဖက်ဆိုင်ရာ လူထုအခြေပြုအဖွဲ့အစည်းများက
ဆောင်ရွက်လျှက်ရှိနေသည်။ အစ္စလာမ်အဖွဲ့အစည်းများ ဗုဒ္ဒဘာသာအဖွဲ့အစည်းများသာမက
အမျိုးသမီးအဖွဲ့အစည်းများ ဖွဲ့စည်း၍ပင် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ များအား မြှင့်တင် ကုသပေးရန် ဆောင်ရွက်နေကြသည်ကိုတွေ့ရသည်။
ထိုင်းတောင်ပိုင်းဒေသ၌ဖြစ်ပွားနေသော ပြဿနာများမှာ အစိုးရနှင့် လက်နက်ကိုင်များကြားဖြစ်ပွားသော
ပြဿနာများဟု ခံယူထားကြပြီး လူထုအနေဖြင့် ဘာသာရေး လူမျိုး ပြဿနာဟု ရူမြင်ခြင်းမရှိကြသည်သာမက
ထိုင်းနိုင်ငံဧ။် အခြားသော ဒေသများသို့ ကူးဆက်ပျံ့ပွားခြင်းမရှိသည်ကိုတွေ့မြင်နိုင်သည်။

ဘန်ကောက်မြို့ အစွန်ရှိ ထအိ မြို့နယ်ငယ်တစ်ခုဧ။် အုပ်ချုပ်ရေးမှူးရုံးဖြစ်သည်။ အဆိုပါမြို့နယ်တွင်
ဗုဒ္ဒဘာသာဝင် နှင့် အစ္စလာမ်ဘာသာဝင် တို့ အရည်အတွက် အချိုးညီမျှစွာ ရှိသည်။ နှစ်ဖက်လူ့အဖွဲ့အစည်းကြား တည်ငြိမ်အေးချမ်းမှု နားလည်မှုများ ရရှိနေသောာ မြို့ငယ်တစ်ခုဖြစ်သည်။
မြန်မာနိုင်ငံတွင်မှု ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သော ပြဿနာများအား အခြေခံ၍ ဘာသာရေးလူမျိုးရေး လှုံဆော်မှုများဖြစ်ပေါ်လာခဲ့ပြီး ဘာသာရေးပဋိပက္ခများအား မိတ္တီလာ လာရှိုးအပါဝင်
အခြားသော ဒေသများတွင်ကြုံတွေ့ခဲ့ရသည်။
ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ပြဿနာအကြောင်းအရင်း နောက်ခံများအား အသေချာလေ့လာသုံးသပ်၍ ကိုးကွယ်သည့် ဘာသာမတူညီသော နှစ်ဖက် လူ့အဖွဲ့အစည်းမှ အသေအချာသဘောပေါက်နားလည်ပြီး
ပြဿနာများအား ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းသည့် အလေ့အကျင့် များ ယဉ်ကျေးမှုများ ထွန်းကားလာလိုအပ်နေပြီဖြစ်သည်။
ယင်းကဲ့သို့ဖြစ်ပေါ်လာရန်အတွက်မှု ပြောင်းလဲလာသော ဒီမိုကရေစီအစိုးအရအနေဖြင့်
နိုင်ငံသားအားလုံးတို့အား ဒီမိုကရေစီအလေ့အကျင့်များ ထွန်းကားလာနိုင်ရန် ဆောက်ရွက်ပေးရန် လိုအပ်နေသလိုပင်၊ နိုင်ငံသားတိုင်းအနေဖြင့် ငြိမ်းချမ်းရေး နှင့် လူ့အခွင့်အရေး ဒီမိုကရေစီ စံနူန်းများအား လက်တွေ့လိုက်နာကျင့်သုံးရန် လိုအပ်နေမည်ဖြစ်သည်။
မင်းသူ
No comments:
Post a Comment