အတွဲ(၂) အမှတ် (၄၃)

မြန်မာ့ သတင်းမီဒီယာ ခေတ် တစ်ခေတ်စန်းလာသည့် နှင့်အတူ သတင်းနှင့်စာနယ်ဇင်းလောက၌
Yellow journalism ဟုခေါ်ဆိုနိုင်မည့် သတင်းဂျာနယ်များ ထွက်ပေါ်လာခဲ့သည်ဟု
စောင့်ကြည့်လေ့လာသူများက ဆိုကြသည်။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ နိုင်ငံရေးအရ တိုက်ခိုက်မှုများ နှင့်
ယဉ်ကျေးမှု လွန်ကဲသည့် အကြောင်းအရာများအား စာပေလွတ်လပ်ခွင့်အပေါ်အသုံးချ၍
ရေးသားဖေါ်ပြလာခဲ့သည်ကို တွေ့ရသည်။
Yellow journalism နှင့်ပတ်သက်ပြီး ၀ါရှင်တန် ဒီစီရှိ အမေရိကန်တက္ကသိုလ် ဆက်သွယ်ရေးကျောင်း (School of Communication, American University) မှ တွဲဖက်ပါမောက္ခ W. Josehp Campbell ဧ။် သူရေးသားခဲ့သော စာအုပ်အတွင်း
"အတင်းအဖျင်း များအား စာလုံးကြီးများဖြင့် ဝေေ၀ဆာဆာ ဖော်ပြသည့် သတင်းစာများ၊ သတင်း အရင်းအမြစ် များအား တိတိကျကျ မဖော်ပြဘဲ သတင်းများနှင့် ကိုယ့်သတင်းဌာန၊ သတင်းစာစောင်ကို လူကြိုက်များလာစေရန် ရေးသားသော သတင်းစာများ၊ မှ သတင်းထောက်၊ သတင်းဌာနများသည် Yellow journalism ကို ကျင့်သုံးခြင်း ဖြစ်သည် ဟု ဖေါ်ပြခဲ့သည်။တိုင်းပြည်ဧ။် စတုတ္တမဏ္ဍိုင်အဖြစ် တင်စားခေါ်ဆိုရသည့် သတင်းမီဒီယာကဏ္ဍ အားကောင်းလာခြင်းသည် နိုင်ငံဖွံဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်သလိုပင်
သတင်းမီဒီယာဧ။် သြဇာအား လွဲမှားစွာ အသုံးချခြင်းများသည်ကလည်း
တိုင်းပြည်အတွက် အန္တရယ်များစွာ ဖြစ်ပေါ်စေနိုင်သည်။
"မီဒီယာက အခုခေတ်မှာ သြဇာအာဏာရှိတယ်..ဟု အမျိုးသားဒီမိုကရေစီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ဝင်းအတွင်း သတင်းမီဒီယာသမားများနှင့် တွေ့ဆုံစဉ်ကပြောဆိုခဲ့ဖူးသည်။
ငါတို့ကပြောလိုက်လို့ရှိရင် လူတစ်ယောက်ရဲ့ဘ၀ကိုပြောင်းလဲနိုင်တယ်ဆိုတာက အသိဟာ သြဇာအာဏာလို့ ဘယ်တော့မှ မမြင်နဲ့.ဒါဟာတာဝန်...အဲ့တော့ ..ကိုယ့်ကြောင့် လူတစ်ယောက်ရဲ့ဘ၀ပျက်သွားမှာဆိုလို့ရှိရင် .ကိုယ့်ကြောင့်တိုင်းပြည်ရဲ့အနာဂတ်ဖြစ်သွားမယ်..ဆိုတာ အမြဲပဲစဉ်းစားရမယ်"
Yellow journalism ဆိုသည်မှာ သတင်းများ သတင်းဆောင်းပါးများအား အမှန်အတိုင်းမဖေါ်ပြဘဲ
လိမ်လည် ရေးသား တင်ပြခြင်း၊ စာဖတ်သူများအား ထင်ယောင်ထင်မှား ဖြစ်စေရန်အတွက် ပုံကြီးချဲ့ရေသားခြင်း၊ လူအများထောက်ခံလာရန်အတွက် ၊ လုပ်ကြံဖန်တီး ရေးသားခြင်း၊ များကို ခေါ်ဆိုနိုင်သည်။
မြန်မာနိုင်ငံအတွင်း အ၀ါရောင်ဂျာနယ်လစ်ဇင် ကဏ္ဍ ထွန်းကားလာခဲ့ခြင်းမှာ
၁၉၆၂ ခုနှစ် မတိုင်မီ အစောပိုင်းကာလများတွင် အခြေတည်ခဲ့သည်ဟု ဆိုကြသည်။
NHK သတင်းဌာနမှ ကိုသီဟသွေး က အ၀ါရောက်ဂျာနယ်လစ်များ အခြေတည်လာခဲ့ခြင်းနှင့်ပတ်သက်ပြီး
ယခုလိုဆိုသည်။
"ဂျာနယ်လစ်ဇင်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ တိုင်းပြည်မှာ ဘာပြဿနာရှိခဲ့သလဲဆိုတော့ အဲ့ဒီလို ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့ ဂျာနယ်လစ်ဇင်တွေ အားကောင်းခဲ့တာပေါ့ ၁၉၆၂ ခုနှစ်အရှေ့ပိုင်းပေါ့ အဲ့ဒီအချိန်ကာလတုန်းက အားကောင်းခဲ့တယ်။ သမိုင်းကြောင်းရှိခဲ့တယ် တစ်ချို့ကလည်း အဲ့ဒီချိန်တွေတုန်းက စာနယ်ဇင်းလွတ်လပ်ခွင့်အရမ်းရှိခဲ့တယ်။ စာနယ်ဇင်းလွတ်လပ်ခွင့်ကို လိုအပ်တာထက် ပိုပြီး သုံးခဲ့လို့ ဒီလိုပြဿနာတွေ ဖြစ်ခဲ့တာလို့လည်း ပြောကြတာတွေရှိခဲ့တယ်။ အဲ့ဒါတွေက ၁၉၆၂ ခုနှစ်အရှေ့ပိုင်းမှာ ရှိခဲ့တယ် အဲ့ဒီအရှိန်တွေကလည်း ရှိနေတယ်။ အဲ့တော့ ၁၉၆၂ ခုနှစ် နောက်ပိုင်း ကျွန်တော်တို့က မီဒီယာ မလွတ်လပ်တဲ့ကာလမှာ ဘာသွားထွန်းကားသလဲဆိုတော့ ပြင်ပအခြေစိုက် မီဒီယာတွေ မှာ သွားထွန်းကားလာပြန်ရော။ "သတင်းမီဒီယာ ထုတ်ဝေခွင့်များ ပိတ်ပင်ခံထားရသည့် အချိန်ကာလများမှပင် အ၀ါရောင်ဂျာနယ်များ
ရှိနေခဲ့သည်ဟု 7Day နေ့စဉ်သတင်းစာမှ အယ်ဒီတာတစ်ဦးဖြစ်သူ ကိုသီဟက ပြောသည်။
"ဟို အရင်တုန်း ကတည်းက Yellow journalism နဲ့ စခဲ့တာပဲ စနေ နံမင်းသမီးနဲ့ ဗုဒ္ဒဟူးနံ မင်းသားနဲ့ ဘာဖြစ်တယ်ဆိုပြီး မင်းသားမင်းသမီးတွေရဲ့ အတွင်းအရေးတွေကို ဖေါ်ပြရင်းနဲ့ စခဲ့တာပဲ။ အရင်တုန်းကတော့ လူထုက မင်းသားမင်းသမီးတွေရဲ့ အတွင်းရေးတွေကို စိတ်ဝင်စားကြတာ အခုနောက်ပိုင်းကြတော့ အဲ့ဒီလိုမဟုတ်တော့ဘဲ အရင်စစ်အစိုးရခေါင်းဆောင်တွေရဲ့ အတွင်းရေးတွေ နဲ့ သူတို့ ကို အပုတ်ချပြီးရေးပြီးတော့မှ လုပ်တဲ့ဟာမျိုးကို ပိုပြီး စိတ်ဝင်စားလာကြတယ်။ အဲ့ဒီမှာပဲ Yellow journalism လမ်းကြောင်းပြောင်းသွားတယ် ပြောင်းသွားတယ်ဆိုတာက စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့အတူ Yellow journalism ရဲ့ လမ်းကြောင်းက လည်း မင်းသားမင်းသမီးတွေရဲ့ အတင်းအဖျင်းတွေတင် အပြင် အစိုးရအရာရှိဟောင်းတွေနဲ့ လက်ရှိအစိုးရအရာရှိတွေရဲ့ ချစားမှုတွေကို ချပြီးပြီးတော့မှ ဘာမှ အထောက်အထားမရှိဘဲ အတင်းအဖျင်းပုံစံတွေ ရေးရင်းနဲ့မှ ပြောင်းသွားတယ်လို့မြင်တယ်။" ဟု 7Day နေ့စဉ်သတင်းစာမှ အယ်ဒီတာ ကိုသီဟ က ဆိုသည်။
နှစ်ပေါင်းငါးဆယ်ကျော်ကြာ အမှောင်ပိတ်ခံခဲ့ရသော အရှိန်များသည် လွတ်လပ်ပွင့်လင်းသည့် အချိန်၌ ရိုက်ခေတ်မှုများရှိနေစဲဖြစ်ကြောင်း ကိုသီဟသွေးက ပင်ဆက်လက်ပြောဆိုခဲ့သည်။
"ကျွန်တော်တို့ တိုင်းပြည်မှာ ဒီဂျာနယ်လစ်ဇင်က အရသာ အရမ်းတွေ့နေတယ်။ မကောင်းဘူးဆိုပေမယ့်လည်း ဒါက အာဏာရှင်ခေတ်တွေကို ဖြတ်သန်းလာတဲ့အခါမှာ ကိုယ့်မကျေနပ်ချက်တွေ ကို ဖေါက်ထုတ်ဖို့ဆိုအရမ်းကောင်းတယ် ဒါတွေဖတ်ရရင် ကျေနပ်တယ် အဲ့တုန်းက စစ်အာဏာရှင်ခေါင်းဆောင်တွေ အာဏာရှင်အစိုးရတွေ ၊အစိုးရအဖွဲ့အစည်းကတိုင်းပြည်ဧ။် စတုတ္တမဏ္ဍိုင်ဖြစ်သော သတင်းမီဒီယာအနေဖြင့် နိုင်ငံတည်ဆောက်ရေး၌
လူတွေရဲ့ မကောင်းကြောင်းတွေရေးထားမယ် တစ်တစ်ခွခွတွေ ရေးထားမယ် ဆိုရင် ဖတ်ရတာ အရသာရှိတယ် ဒီလိုမျိုးကို အရသာခံဖတ်ခဲ့ရတာကိုက နှစ်ငါးဆယ်လောက်ကျော်ဖြတ်ခဲ့ရတယ် ဒါတွေကို ခိုးဖတ်မယ် ရေဒီယိုကနားထောင်မယ် စသည်ဖြင့်ပေါ့ ဒီလိုမျိုးဟာတွေကလည်း ကြုံရပြန်ရော လူထုကလည်း အဲ့ဒါကို မွန်းကျပ်နေတဲ့ ကာလမှာ အရသာတွေ့တယ်။ မကောင်းဘူးဆိုတာကိုလည်း သိတဲ့သူကလည်းအင်မတန်နည်းတယ် နောက်ပြီးတော့ ဖိနှိပ်ခံရတဲ့ကာလမှာ ထွက်ပေါက်ကလေးတစ်ခုအနေနဲ့ ဒီဟာကို ကြိုက်မိတယ် အားပေးမိတယ်။ ပြန်ကြည့်ရင်တော့ ဟိုဘက်ခေတ်မှာလည်း ရှိခဲ့တယ် နှစ်ငါးဆယ်လုံး အမှောင်ပိတ်နေတဲ့ကာလမှလည်း ဒါမျိုးတွေကို နှစ်နှစ်ခြိုက်ခြိုက် ဖတ်ခဲ့တာ နားထောင်ခဲ့တာ ရှိခဲ့တယ်။
အဲ့ဒီပြဿနာပဲ ကျွန်တော်လွတ်လပ်ပြီဆိုတဲ့အချိန်မှာ အကောင်းနဲ့အဆိုးကို မခွဲနိုင်တော့ဘူး ရေးတဲ့သူကလည်း မခွဲနိုင်ဘူး ဖတ်တဲ့သူကလည်း မခွဲနိုင်တော့ဘူး"
အရေးပါသော အခန်းကဏ္ဍတွင် ရှိနေမည်ဖြစ်သည်။
Yellow journalism နှင့်ပတ်သက်ပြီး အမေရိကန် သမိုင်းပညာရှင် နှင့် သတင်းထောက်တစ်ဦးဖြစ်သည့်
နိုင်ငံတည်ဆောက်ရာတွင် စတုတ္တမဏ္ဍိုင်ဧ။် အခန်းကဏ္ဍအတွင်း၌ အ၀ါရောင်ဆန်လွန်းသော သတင်းမီဒီယာများ အားကောင်းလာပါက အပြုနိုင်ငံရေးကအား ဆောင်ရွက်နိုင်ခြင်းမရှိဘဲ အပျက်နိုင်ငံရေးဘက်သို့ ဦးတည်သွားနိုင်မည် ဖြစ်ရာ ပြုပြင်ပြောင်းလဲစ နိုင်ငံအတွက် အန္တရာယ်များ ရှိလာစေနိုင်မည်ဖြစ်သည်။
Frank Luther Mott (1941) ကအစိတ်အပိုင်း ငါးပိုင်းဖြင့် ရှင်းလင်းတင်ပြခဲ့သည်။ယင်းအချက်များမှ ၃ ချက်ကိုကြည့်မည်ဆိုလျှင်
၁။ သာမန် သတင်းတစ်ပုဒ်အား ထိတ်လန့်တုန်လှုပ်စရာ ဖြစ်စေသည့် ခေါင်းစဉ်များတပ်ကာ ဖော်ပြခြင်း၊တို့ဖြစ်သည်ကိုတွေ့ရသည်။
၂။ သတင်းများတွင် ဓာတ်ပုံများကို လိုအပ်သည်ထပ်သုံးခြင်း (သို့မဟုတ်) စိတ်ကူးယဉ် ပုံများဆွဲ၍ တင်ပြခြင်း၊
၃။ အင်တာဗျူး အတုအယောင် (faked interviews) များကို ဖော်ပြခြင်း၊ ရေးသားဖေါ်ပြထားသော အကြောင်းအရာ နှင့် ပေးထားသော ခေါင်းစဉ် ကိုက်ညီမှုမရှိခြင်း၊
အ၀ါဂျာနယ်လစ်များအနေဖြင့် လူထုဧ။်စိတ်ဝင်စားမှုများအား အချိန်အကြာကြီး ရရှိနိုင်မည်မဟုတ်ဟု
7Day သတင်းစာမှ ကိုသီဟက သုံးသပ်ပြောဆိုသည်။
"လူတွေကတော့ ငတုံးတွေတော့မဟုတ်ဘူ့းပေါ့ အဲ့လောက်ကြီး အန္တရာယ်များနိုင်မယ်လို့တော့မထင်ဘူး သူ့ပရိတ်သတ်နဲ့သူပဲသွားမှာပဲ ပထမအစပိုင်း သတင်းဂျာနယ်တွေ ခွင့်မပြုခင်တုန်းကတော့ ပေါ့ပ်ဂျာနယ်တွေပဲရှိတော့ အဲ့ဒါတွေပဲဖတ်စရာရှိတယ် အဲ့တော့လူထုက အဲ့ဒါတွေပဲ ကြိုက်ကြတာလေ အဲ့နောက်ပိုင်း သတင်းဂျာနယ်တွေ ထွက်လာတော့ အဲ့ဒီလိုဂျာနယ်တွေက ခေတ်မရှိတော့ဘူးဖြစ်သွားတာပဲ အခု သတင်းဂျာနယ်တွေ ခေတ်ထနေရင်းနဲ့ အစိုးရအရာရှိဟောင်းတွေရဲ့ အတွင်းရေးတွေကို ရေးကြတဲ့ ခေတ်ထ လာတာကလည်း ခဏပါပဲ ဖတ်ရင်းဖတ်ရင်းနဲ့ ပျင်းသွားမှာပါ၊ ဒါပေမယ့် သူ့ပရိတ်သတ်နဲ့သူကတော့ ရှိနေမှာပါပဲ။ အဲ့ဒါတွေကို ကြိုက်နေတဲ့ သူတွေကတော့ လက်တစ်စုပ်စာလောက်တော့ ရှိနေမှာပါ"အချက်လက်ခိုင်မာမှုမရှိသော ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ များပြားသည့် အ၀ါရောင်ဂျာနယ်များပြားလာခြင်းကြောင့် စာပေလွတ်လပ်ခွင့်အား ထိခိုက်မည်ဆိုပါ သဘာဝကျမည်မဟုတ်ဟု သတင်းစာဆရာ ကိုဇော်သက်ထွေးက ဆိုသည်။
"ကျွန်တော်တို့တိုင်းပြည်မှာ လူသန်းခြောက်ဆယ်ရှိတယ် ဂျာနယ်က ၂၀၀ ကျော်ရှိတယ် ၊ နေ့စဉ်ထုတ်သတင်းစာက ၁၀ စောင်လောက်ရှိတယ် နောက်ပြီး ၀တ္တုတွေလည်း အများကြီးထုတ်ေ်ဝနေတယ် မဂ္ဂဇင်းတွေလည်း ထုတ်ဝေနေတယ် အဲ့ဒီလိုထုတ်ဝေနေတဲ့အချိုးအစားနဲ့ ယှဉ်ရင် Yellow journalism ဆိုတာက ရာခိုင်နူန်းက တော်တော်နည်းတယ်လို့ပြောလို့ရတယ်။ အဲ့တွက်ကြောင့် မီဒီယာလောကတစ်ခုလုံးကို Yellow journalism စိုးရိမ်စရာကောင်းတယ်လို့ အဓိပယ်ဖွင့်ဆိုရမယ်လို့မယူဆဘူး ။
စာပေလွတ်လပ်ခွင့်ကို အခွင့်အရေးယူပြီးတော့ Yellow journal တွေက ထုတ်ဝေနေတာမျိုးကို ကြီးကြီးမားမားကို တွေ့ရတယ်လို့မထင်ဘူး တကယ့်လို့ ရှိနေတယ်ဆိုရင်လည်း ဒါတွေကြောင့် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆို ရေးသားခွင့်ကို ထိခိုက်ရမယ် တစ်မျိုးတစ်ဖုံပြောင်းလဲရမယ်ဆိုရင်လည်း သဘာဝကျမှာမဟုတ်ဘူး"။
နှစ်ပေါင်းများစွာ စာပေစီစစ်ရေးကိုကျော်ဖြတ်ပြီးမှ ထုတ်ဝေခွင့်ရရှိခဲ့သော မြန်မာ့မီဒီယာလောကသညှ်လွပ်လပ်မှုများရရှိလာခဲ့သည်။
သတင်းစာထုတ်ဝေခွင့်များလည်းရရှိခဲ့သည်။ သတင်းဂျာနယ်နှင့် သတင်းစာပေါင်းများစွာ ထွက်ပေါ်လာသည့်အချိန်၌ ယှဉ်ပြိုင်မှုများစွာ ရှိလာခဲ့ရာ လူထုစိတ်ဝင်စားမှုရရှိရန်အတွက် ခိုင်မာမှုမရှိသော သတင်းများအား စာဖတ်သူထင်ယောင်ထင်မှားဖြစ်စေ ပုံကြီးချဲ့ဖေါ်ပြမှုများရှိလာခဲ့သည်။
"ကျွန်တော်တို့ ဂျာနယ်ဝယ်ဝယ် သတင်းစာဝယ်ဝယ် မျက်နာဖုံးကို ကြည့်ဝယ်ရတာပဲ
မျက်နာဖုံးမှာ ဖေါ်ပြထားတာကို စိတ်ဝင်စားမှ ၀ယ်ဖတ်ဖြစ်တယ် တစ်ခါတစ်လေကြတော့
မျက်နာဖုံးသတင်းက ဟုတ်တော့မလိုနဲ့ အထဲမှာကြတော့ ဘာမှမဟုတ်တာကို ရေးထားတာမျိုးတွေရှိတယ်
ဝယ်လို့ရှိရင်လည်း အထဲကို လိုက်ရှာလို့မရဘူးလေ များသောအားဖြင့်တော့ လှုပ်လှုပ်ရွရွ သတင်းတွေကိုပဲ
လူပိုစိတ်ဝင်စားတာပေါ့" ဟု သတင်းဂျာနယ်ဖတ်သူ စာဖတ်ပရိတ်သတ်တစ်ဦးက ဆိုသည်။
မန္တလေးမြို့၌ နေထိုင်သည့် စာဖတ်ပရိတ်သတ်တစ်ဦးကလည်း ယခုလိုဆိုသည်။
"အတင်းအဖျင်းဝါသနာထုံတဲ့၊ ကိုယ့်ထက်သာ မနာလိုတဲ့၊ ဝက်သားနဲ့ ချဉ်ပေါင် လဲလိုက်မယ်
ဆိုတဲ့ လူ့အဖွဲ့အစည်းမှာ
သတင်းတွေ ဆောင်းပါးတွေ ရောင်းအားကောင်းနေမှာပဲ"
စာအုပ်ထုတ်ဝေရေးလုပ်ငန်းလုပ်ကိုင်သူ ကိုဘိုဘိုကလည်း သူ့အမြင်ကို အခုလိုဆိုသည်။
"မီဒီယာလွတ်လပ်ခွင့်ကိုတော့ ကျနော်မပြောတတ်ဘူး။ ပြည်သူလူထုရဲ့အသိရေချိန်တော့ ကျသွားမှာသေချာတယ်။ မီဒီယာတွေအနေနဲ့လည်း စတ္ထုတ္ထမဏ္ဍိုင်နေရာကနေ ကျဆင်းသွားလိမ့်မယ်လို့လည်း မြင်မိတယ်။ စာဖတ်သူတစ်ယာက်အနေနဲ့တော့ ကျနော့ အတ္တမနောတိသက်သက်အရ မကြိုက်ပါဘူး ဒါမျိုးတွေများလာရင် မီဒီယာရဲ့ အခန်းကဏ္ဍဟာ ကျိန်းသေကျဆင်းမှာပါ။"အ၀ါရောင် ဂျာနယ်များအနေဖြင့် မီဒီယာလောက အပေါ် ခြိမ်းခြောက်နိုင်သည့်
အနေအထားများ မရှိကြောင်း
ကိုဇော်သက်ထွေးက သုံးသပ်ပြောဆိုသည်။
"အမေရိကန် တို့ ဥရောပတို့မှာဆိုရင် Yellow journal တွေအများကြီးရှိတာပဲ ။ ရှိပေမယ့် လူ့အဖွဲ့အစည်းက စည်းကမ်းရှိမှု တာဝန်ယူမှုတွေနဲ့ မီဒီယာက ချီတက်နေတာပဲ။အင်္ဂလန်မှာ ဒါတွေရှိလို့ အင်္ဂလန်က မီဒီယာကြီး တစ်မျိုးတစ်ဖုံပြောင်းလဲသွားတာ လူတွေရဲ့ အကျင့်စာရိတ္တကို ထိခိုက်သွားတာ မရှိပါဘူး ။ ဒီမိုကရေစီရင့်ကျက်နေတဲ့ နိုင်ငံတွေကထားပါဦး ကျွန်တော်တို့ အနားမှာ ရှိတဲ့ ထိုင်းတို့ဘာတို့မှာလည်း Yellow journalism တွေရှိနေပယ့် Free-dome of Expression ကို ထိခိုက်တာမျိုးမတွေ့ရပါဘူး အဲ့ဒါကြောင့်မို့လို့ ဒီလိုမျိုး ဂျာနယ်နဲ့ လွတ်လပ်စွာရေးသားခွင့်ကိုတော့ ရောထွေးတာမျိုးမဖြစ်စေချင်ဘူး။ အရင်ဆုံးတော့ ကိုယ်တို့ရဲ့ လွတ်လပ်စွာထုတ်ဖေါ်ရေးသားခွင့်က အရေးကြီးတယ် တံခါးဖွင့်လိုက်တဲ့အခါမှာ လေနဲ့အတူ ဖုန်တွေသဲတွေကတော့ ၀င်လာမှာပဲလေ။ Yellow journalism တွေက ကျွန်တော်တို့ နိုင်ငံရဲ့ မီဒီယာနဲ့ လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်နိုင်လောက်တဲ့ အနေအထားမရှိပါဘူး"NHK သတင်းဌာနမှ ကိုသီဟသွေး က လည်း အ၀ါရောင်ဂျာနယ်များ ရေရှည်ရပ်တည်နိုင်မှုနှင့်ပတ်သက်ပြီး
" နိုင်ငံရေးအရ မကျေနပ်ချက်တွေကို ဦးစားပေးပြီးဖြတ်သန်းခဲ့တဲ့ နှစ်ငါးဆယ်မှာတော့ လူတွေက ဖြစ်နိုင်လားမဖြစ်နိုင်လားဆိုတာကို မစဉ်းစားတော့ဘူး ဒီလိုမျိုး တစ်ဖက်ဇောင်းနင်းဖြစ်တဲ့ ဂျာနယ်လစ်ဇင်တွေကို သူတို့ကိုယ်စား ဆဲပေးတဲ့ ပြောပေးတဲ့ အရာအဖြစ် နားထောင်တယ် ဖတ်တယ် အချက်အလက်ခိုင်မာတာဖြစ်ဖြစ် မခိုင်မာတာဖြစ်ဖြစ် အစိုးရကို အပုတ်ချတာဖြစ်ဖြစ် တိုက်ခိုက်တာဖြစ်ဖြစ် အားပေးပြီးသားပဲ ။ ဂျာနယ်လစ်ဇင်သဘောအရ ဒါတွေကို ဖတ်တာမဟုတ်တော့ဘူး သူတို့ကိုယ်သူတို့ အကြောဖြေလျှော့ဖို့အတွက် ဒါတွေကို ဖတ်ခဲ့တာ။ ဒါပေမယ့် အခုခတ်ကြတော့ ဟုတ်သည် မဟုတ်သည် ရှင်းလို့ရတဲ့ ခေတ်ကိုဖြစ်လာတယ်။ မဟုတ်တဲ့အရာကို ရှင်းနိုင်တဲ့အခါ သူအမှား ကို ဖတ်မိပါလား ယုံမိပါလားဆိုတာ ဖြစ်လာမှာပဲ။နောက်ကြရင် လူတွေကို ရွေးခြယ်သွားလိမ့်မယ်ထင်တယ်။ လူတွေကို Yellow journalism တွေက ဘယ်လောက်ပဲ ခေါင်းဆောင်ခေါင်းဆောင် ၊ လူတွေ လှည့်စားလို့ရတာက ခဏပဲလို့ ထင်တယ် ။ ကျွန်တော်တို့ ခေတ်အရ ပြန်လည်ချေပလို့ရတယ် မဖြစ်သင့်ဘူးဆိုရင် နားလည်တဲ့သူတွေက ၀ိုင်းပြောလို့ရတယ် ထိန်းကြောင်းလို့ရတယ်။ အဲ့တော့ Yellow journalism က လူတွေကို ခေါင်းဆောင်နိုင်တယ်ဆိုလည်း ခဏပဲ တစ်ပွဲတိုး နှစ်ပွဲတိုး ပဲလို့ထင်တယ်။" ဟု သုံးသပ်ပြောဆိုခဲ့သည်။
"အဓိကတော့ စာဖတ်သူ ပြည်သူတွေရဲ့ အသိရေချိန် တိုးတက်လာဖို့လည်းလိုတယ် ဒီလိုစာပေတွေ အဆင့်အတန်းကို စာဖတ်သူကိုယ်တိုင် သတ်မှတ်နိုင်တဲ့ အနေအထားရောက်လာရင် ဒီလို အ၀ါရောင် သတင်းတွေ စာပေတွေ ရဲ့ အခန်းကဏ္ဍ ကပျောက်သွားမှာပဲ ဒါကလည်း ပညာရေးစနစ်အပေါ်မှာ အများကြီးမှုတည်နေတယ် "
ဟု လူငယ်ကဗျာဆရာတစ်ဦးက ဆိုသည်။
သတင်းမီဒီယာ ဥပဒေကြမ်းဧ။် ပုဒ်မ ၁၂တွင် နိုင်ငံသားများသိခွင့်ရှိသော သတင်းအချက်အလက်များကို တားမြစ်ခြင်း၊ ထိန်းချုပ်ခြင်း၊ အကျပ် ကိုင်ခြင်းများမှ ကင်းဝေးစေပြီး ကျင့်ဝတ်စည်းကမ်းနှင့်အညီ လွတ်လပ်စွာစုံစမ်း ဖော်ထုတ် ရေးသား ခွင့်၊ ထုတ်လွှင့်ခွင့် ရှိခြင်း။ တို့ ပါရှိသည်ကို တွေ့မြင်နိုင်သည်။
စာပေလွတ်လပ်ခွင့်၊ သတင်းမီဒီယာလွတ်လပ်ခွင့်တို့အား ကျင့်ဝတ်နှင့်အညီ ကျင့်သုံးနိုင်ရန်လိုအပ်နေမည်ဖြစ်သည်။ နိုင်ငံဧ။် စတုတ္တမဏ္ဍိုင်အဖြစ် ခိုင်မာစွာ ရပ်တည်၍ ကျန်မဏ္ဍိုင်ကြီး သုံးရပ်အား ထိန်းကြောင်းနိုင်ရန်လည်း လိုအပ်နေမည်ဖြစ်သည်။ စာဖတ်သူ ပြည်သူလူထုဧ။် အသိဥာဏ်ရေချိန်အား မြှင့်တင်ပေးနိုင်မည့် သတင်းမီဒီယာကဏ္ဍ ၌ အ၀ါရောင်စာပေများ အ၀ါရောင်သတင်းများ ထွန်းကားလာပါက တိုင်းပြည်နှင့် လူမျိုးအတွက် အန္တာရယ်များရှိလာနိုင်မည်ကို သတိပြုရန် လိုအပ်နေပြီဖြစ်သည်။

မင်းသူ
ကိုကား
ကျော်သိင်္ခ(စာနယ်ဇင်းလောက နှင့် အ၀ါရောင် ဂျာနယ်လစ်ဇင်)
No comments:
Post a Comment