Sunday, November 18, 2012

ကိုယ်ရေးကိုယ်တာ သမိုင်း မှူးသစ်



လိုအပ်သလောက် စိတ်တောက် လိုက်လို့မရ
လိုအပ်သလောက် တပ်ဆင် လိုက်လို့မရ.
လိုအပ်သလောက် ဖျက်ထုတ် လိုက်လို့မရ.
ထင်ထားသလောက် ပျော်ရွှင်ကြည့်လို့မရ
အသက်ရှင်လာခဲ့သမျှ ပြုပြင်ထိန်းသိမ်းမှုတွေပဲ  ညံ့ဖျင်းခဲ့တယ်
ခန္ဒာကိုယ် အစိတ်အပိုင်းတွေရယ် စိတ်ပိုင်းဆိုင်ရာ အပွန်းအပဲ့တစ်ချို့ရယ်
နေ့စွဲ အစုတ်အပြတ် တစ်ချို့ရယ်..အခြေအနေအရ
ကိုယ်ရေးကိုယ်တာ သမိုင်း ဆိုတာ
ခပ်ရိုင်းရိုင်း ပဲ ကိုယ်ရေးကိုယ်တာ သိပ်ဆန်ခဲ့တယ်

အသုံးမ၀င်တာတွေလည်း ဘယ်လိုအနေအထားမျိုးနဲ့မှ ကုသကြည့်လို့မရဘူး
ဘယ်ဘက်အခြမ်းမှာ အမြဲတစေ အေးစက်
လစ်လပ်နေတဲ့ စကားလုံးတွေဟာ  ပြတ်လပ်မှုခဏခဏ ကြုံတွေ့နေတယ်
ကိုယ်ဟာ ပျောက်ရှ သူပါ ဒီထက်ပိုခဲ့ရင် မရှိခဲ့တဲ့ အရာတွေကို ပျောက်ရှ ရသူပါ

ကိုယ့်မှာ အသုံးမ၀င်တဲ့ လက်ဖ၀ါးတစ်စုံရှိတယ်
(လိုအပ်တဲ့အခါ ဘာကိုမှ ဆုပ်ကိုင်ကြည့်လို့မရ)

ကိုယ့်မှာ အသုံးမ၀င်တဲ့ ပုခုံးတစ်စုံရှိတယ်
(လိုအပ်တဲ့အခါ ဘာတစ်ခမှ လိုအပ်ကြည့်လို့မရ)

ကိုယ့်မှာ အသုံးမ၀င်တဲ့ စကားလုံးတည်ဆောက်ပုံတွေရှိတယ်
(လိုအပ်တဲ့ အခါ * delete* လုပ်ကြည့်ရုံသက်သက်)

ကိုယ့်မှာ ဖျော်မသောက်ဖြစ်တဲ့ ကော်ဖီခွက်ကလေးတစ်ခွက် ရှိတယ်
( လိုအပ်တဲ့အခါ ထိုင်ငေးကြည့်နေရုံ သက်သက်)

ကမ္ဘာကြီးတစ်ခုလုံးမှာ ကိုယ့်ဘယ်ဘက် အခန်းလေးကလွဲရင်
အားလုံးဟာ စိမ်းဆိုပါတယ် ပိုပြီး တိကျလာတဲ့အခါ
ဘာတွေ ပျောက်ဆုံးခဲ့ရသလဲ ဆိုတာက လွဲလို့
ကိုယ်ဟာ ပျောက်ရှသူပါ ကိုယ်ကိုယ်တိုင် ပျောက်ရှ သူပါ
လိုက်မမီနိုင်တဲ့ နွေးထွေးမှုရယ် ရေးကြည့်လို့မရတော့တဲ့ စာသားတစ်ချို့ရယ်
ခြောက်ကပ်နေတဲ့ အပြုံးတစ်ခုရယ် အဆင်မပြေတဲ့ စက္ကန့်ငယ်တစ်ချို့ရယ်..
အခြေအနေအရ
ကိုယ်ရေးကိုယ်တာ သမိုင်း ဆိုတာ
ခပ်ရိုင်းရိုင်း ပဲ ကိုယ်ရေးကိုယ်တာ သိပ်ဆန်တယ်။


                                                                     မှူးသစ်

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...