Sunday, November 18, 2012
" ခုန်တွင်း " မောင်မိုးမြင့်
တော်သလင်း သီတင်းကျွတ်လဲ မဟုတ်ပါဘူး
သစ်ရွက် သစ်ခတ်တွေကလဲ ကိုင်းပင်အယောင်ဆောင်ပြီ
အန္တရာယ် ရှိတဲ့ အေးမြအရိပ် မဖြစ်စေခဲ့ပါဘူး
ရေမြောင်းကလေးသွယ်
ဝါးပိုးဝါးကို ခပ်ရှည်ရှည် အပေါက်ကလေးဖောက်ထားယုံပါ
သွေးတစ်စက်မထွက်
ဒဏ်ရာတစ်ချက် မပေါ်ပဲ ကိုယ့်စိတ်ဝိညာဉ်ဟာ
နှစ်ရက်မြောက်နေ့မှာ
စန့်စန့်ကလေး သေဆုံးသွားခဲ့တယ်
ဆိုကြပါစို့
ကိုယ်ဟာ အသစ်စက်စက် ရိုးပြတ်တွေကြားက
ငါးပီသလွန်းတဲ့ ငါးတစ်ကောင်ဖြစ်နေခဲ့မယ် ။ ။
- မောင်မိုးမြင့်
Subscribe to:
Post Comments (Atom)
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...
-
“ဒဏ္ဍာရီတွေ အစက ဒိုင်ယာရီ “ လို့ဆိုရမလား ၊ သမီး ရက်စွဲတွေ “တစ်ထေရာတည်း“ ခဲ့တာ ၊ ဒီစာရွက်လေးက ခေတ်ရဲ့ မြူမှုန်ပိုင်းတစ်ပိုင်း ... အဖေ က တ...
-
မဖြစ်နိုင်မှန်းသိနေလည်း ညီမလေးဖျှော်ပေးမယ့် ကော်ဖီတစ်ခွက်ကိုပဲ ဆာလောင် တောင့်တ... မဆုံနိုင်မှန်းသိနေတာတောင် ညတွေဆို ကော်ဖီတစ်ခွက်က...
-
ယုံကြည်ချက်ကြောင့် လမ်းပေါ်ရောက်သူများကော ယုံကြည်ချက်ကြောင့် လမ်းဘေးရောက်နေသူများပါ လူစုံတက်စုံပါဝင်လာတဲ့ ပြည်သူ ၀က်ဝက်ကွဲ ဆုတောင်းပ...
No comments:
Post a Comment