Sunday, January 13, 2013
ကျွန်တော့်ကို ရူးတယ်လို့ ထင်အောင် မလုပ်ပါနဲ့ အဲ့ဒါက ကျွန်တော့်ကို တကယ်ရူးစေတယ်(လောက)
ဆေးရုံအနံ့က မွှန်လွန်းလို့
အာရုံတွေကို ခဏခဏ ဖြန့်ဖြန့်ဝတ်နေရ။
(အသားမကျသေးဘူး)
မီးလုံးထဲက ထွင်းဖောက်လာတဲ့ အမှန်တရားက
သူ့မျက်လုံးထဲ လောင်မြိုက်နေတယ်
သူ နောက်ဘဝ ဘယ်ဘာသာကိုးကွယ်ရမလဲ
(စဉ်းစားခဲ့)
သူ နောက်ဘဝ ဘာလူမျိုးဖြစ်မလဲ
(စဉ်းစားခဲ့)
သူ စဉ်းစားခဲ့တာတွေကို အကြိမ်ကြိမ် စဉ်းစားမိနေတယ်။
ဆေးထိုးအပ်တွေက သူ့ယုံကြည်ချက်တွေကို
အကြိမ်ကြိမ် ဆွဲထုတ်ဖို့ကြိုးစားနေသလား။
သူ့ဘေးနားက tissue တွေကို
အတိတ်က အိပ်ယာခင်းလိုမျီုး
ခြေမွ ပစ်လိုက်တယ်
တွန့်ကြေကြစမ်း သူ့ အသားစတွေလို ဖွာထွက်လာတဲ့အထိ။
ပလပ်တွေကြားထဲ သူ့ကို ဆွဲတုပ်ထား
(မူးယစ်ဆေးတွေပါပဲကွာ)
စိတ်ငြိမ်ဆေး ဆိုတဲ့ မျက်နှာဖုံးတွေနဲ
ငါ့လိပ်ပြာကို ချုပ်နှောင်ဖို့ အကြိမ်ကြိမ်။
တောင်းပန်တယ်
ထွက်ကျလာတဲ့ ငါ့သွေးတွေကို
ငါ့ပြန်တိုက်စမ်းပါ။
လောက
Subscribe to:
Post Comments (Atom)
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...
-
“ဒဏ္ဍာရီတွေ အစက ဒိုင်ယာရီ “ လို့ဆိုရမလား ၊ သမီး ရက်စွဲတွေ “တစ်ထေရာတည်း“ ခဲ့တာ ၊ ဒီစာရွက်လေးက ခေတ်ရဲ့ မြူမှုန်ပိုင်းတစ်ပိုင်း ... အဖေ က တ...
-
မဖြစ်နိုင်မှန်းသိနေလည်း ညီမလေးဖျှော်ပေးမယ့် ကော်ဖီတစ်ခွက်ကိုပဲ ဆာလောင် တောင့်တ... မဆုံနိုင်မှန်းသိနေတာတောင် ညတွေဆို ကော်ဖီတစ်ခွက်က...
-
ယုံကြည်ချက်ကြောင့် လမ်းပေါ်ရောက်သူများကော ယုံကြည်ချက်ကြောင့် လမ်းဘေးရောက်နေသူများပါ လူစုံတက်စုံပါဝင်လာတဲ့ ပြည်သူ ၀က်ဝက်ကွဲ ဆုတောင်းပ...
No comments:
Post a Comment