Tuesday, November 6, 2012

ဘာ့အဓိပ္ပာယ်အတွက် ဘယ်စကား (စိုးမင်းအောင်)


1:34 AM 8/13/2012

မောင်လည်း ဂျုတ်သုံးတယ် အဲဒီတုန်းက ကမ္ဘာကြီးဟာ ပြောင်ရှင်းရှင်းပဲ ဂုဏ်ယူစရာများအဖြစ်
လေလာရင် လွင့်တက်ကြတယ် ဘယ်တော့မှ မမေ့နိုင်တဲ့ ပစ်မှတ်အဖြစ်
တိုင်ကွယ်ကြားက ကြည့်နေတဲ့ မျက်ဆန်ကြီးဟာ ဆေးသားနဲ့ ရောပြီး အက်ထ
ရေနွေးရေပန်းအောက်မှာ စိမ်လိုက်ကြ နွေးကြ မောကြတယ် မလိုင်ခဲလေးတွေ စားသုံးသလို
ကိုယ်တို့ရဲ့ ကိုယ်ဟာ အရည်ပျော်ပဲ လက်သည်းကြားက ကြေးကို ကလော်တဲ့ အခိုက် ထုံကျဉ်ကျဉ်ပဲ
ဓာတ်ပုံရိုက်တင်ထားပါလား ကွာလန်နေတယ် ဟောက်ကြ ငေါက်ကြ အိပ်ကြ နိုးကြပေါ့
မကောင်းပြောနေတာ အကောင်းလို့ ထင်လို့လား ဦးခေါင်းဓာတ်မှန် ညိုကိုင်း
မျှော်လင့်ထားတော့ရော ဘာတစ်ခုထူးခြားလို့လဲ လာတော့မှာပါ ဘယ်ဈေးနဲ့ တည့်မလဲ

ပြောင်းလှည့်လိုက်တယ် တုံ့ပြန်ချက်ဟာ စိန်စီသင့်ပြီး မေးရိုးက ကျိုးထားတယ်
တော်တော်နဲ့ အရေခွံမလဲနိုင်တဲ့ အကျင့်ကို ကျေနပ်သလား
အရမ်းကြီး ကြီးထွားမပြပါနဲ့ ဂါထာ မန္တန်လိုလိုတွေ ရွတ်နေပြန်တယ်
သေချာချည်နှောင် ပစ္စည်းတိုင်းကို ထိခိုက်မှုမရှိအောင် ဂရုစိုက် မှန်ကန်အောင် တိုင်းတာ
ဧည့်ခန်းထဲ မပို့မီ စစ်ဆေး စနေနေ့မရောက်မီ ၃၂ ၂၄ ၃၆ အရှိန်နဲ့ အစွမ်းခုန်ထွက်လာ
ကျုပ်တို့ရဲ့ ဒီဇိုင်း အရေးပေါ်ကာကွယ် အရာပေးထားတဲ့ နေရာလေးကို ဖြတ်
ဘယ်သူ့အတွက် ဘယ်အရာတို့ ဘာညာတို့အတွက် နေရောင်ခြည်စွမ်းအင် ငါးပါးသီလ
ဖြေငြှိမ်းစရာ ရှာဖွေရတဲ့ ရည်ရွယ်ချက်က တကယ်တော့ ကောင်းတယ်လေ
ဘူးသီး ခရမ်းသီးမဟုတ်ရင် မုန်လာဥ ဒါတွေချည်း လာမယ် သူတို့ပယ်ပယ်နယ်နယ် ပျစ်ပျစ်နှစ်နှစ်
ကျောက်ဖြစ်မသွားအောင် မသေအောင် လုပ် ရုပ်ရှင်ထဲကအတိုင်း သိပ်နောက်ကျမှ လွန်မှ နှောင်းမှ
ကယ်ဆယ်ကြတယ် လက်စွပ်လေးတွေ ၀တ် ဖြုတ် ပေါင် ရောင်း ၀ယ်
ငါတို့ဘ၀ကို ငါတို့တပ်ဆင် တည်ဆောက် ဖောက်ပြန် ဖျက်ဆီး
ကိုလက်စထရော များ  သိသိသာသာ သွေးတိုး စားကြည့်တော့ အားရှိ
မိမိကိုယ် မိမိ အဓိပ္ပာယ်မထွက်တဲ့အတိုင်း အရိပ်ဟာ ဘာမှန်းလည်း မသိ
သေချင်ဟန်ဆောင် အခုအထိအူနေတဲ့ မှတ်ဉာဏ် ဘာမှလည်း မမှတ်မိဘူး
သင်္ချိုင်းတွေဟာ ဘယ်တော့မှ မမှားပါဘူး ဆတ်ဆတ်ကို ခါနေတာပဲ ၀င်္ကပါ
နောက်ခံကို ဖြတ်ထုတ် တခြားအရာတစ်ခုနဲ့ အစားထိုး  ဆံပင်ကို ဆွဲဆောင့်ပြီး
နားထင်ကို ဖြတ်ရိုက်ပြီး ပြုံးပြ မြှုံး အဲဒါဟာလည်း အရသာတစ်ခုပါပဲ
သူ့အတိုင်း လည်လည်သွားသွား ဆို့ရိုက်ခံထားရတဲ့ လိပ်ပြာ
အလယ်ထဲမှာ အဲဒီလောက်အထိ ရှာနေတာ ဘာရဲ့ အယား
ငါဟာ ငါ့ရန်သူပဲ ငါ့ကိုယ်ငါပွားထားတာတွေဟာ အန္တရာယ်အပြင်းဆုံးပဲ ရိုလာကိုစတာ
နေထိုင်မှုအဆိပ် လူတိုင်း၌ အသက်ရှင်ရန် လွတ်လပ်ခွင့်နှင့် လုံခြုံစိတ်ချခွင့်ရှိသည်
ဘောင်ထဲက နေခဲ့သမျှ ငေါင်ခဲ့ရတာပဲ တုန်ယင်ခဲ့သမျှ အထဲက
ကြယ်ရွှေစင်တို့ရဲ့ အရေပြားစကြ၀ဠာအသစ် ခြေကန် ပြာတွေ မြစ်ထဲ ကြဲပက်လိုက်ကြတာ
ဒီကနေ ရှေ့တစ်လှမ်းကို ကြည့်ရင် ကစဥ့်ကလျား
ဘာကြောင့်ပဲ ဖြစ်စေ ဖြစ်ချင်သလိုသာ ဆက်၍ဖြစ် ပေါင်းခံ
ကမ်းခြေရှိ ဘစ်ကနီ လှိုင်း ရွှေ့ပြောင်းချင်လည်း ငုတ်နုတ်တုန်း ယိမ်းထိုး
မိမိရှေ့ မိမိဒူးထောက် ပုံမလာ လှစ်ခနဲ မြင်လိုက်တယ်
တံဆိပ်တွေ အမျိုးစုံလင်တယ် ဘာလောင်နံ့ကြီးလဲ ပြောမထွက်နိုင် မူးဝေအော့အန်
အရှေ့အနောက်တောင်မြောက်က ၀န်းရံပိတ်ဆီး သိမ်းကျုံးဖမ်း
မျက်နှာဖုံး လက်ပတ် ဆီထည့်သော်လည်းပဲ သံချေးကိုက်နေပါသဖြင့်
အစွဲမပြုတ် မျက်နှာပေါ်မှာ ခြေရာ ပြန်မြင်လိုက်ရကတည်းက သိပ်ထိတ်လန့်
အရေပြားချွတ်ခွာ မိမိကိုယ်ကိုယ် သေချာစစ်ဆေး

3:11 AM 8/13/2012
စိုးမင်းအောင်

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...