Friday, April 19, 2013

အရှေ့က နေ၀န်းထွက်သည့် ပမာပ ၉၆၉ ခေတ်ရောက်မှာ မလွဲပေ


  • အရှေ့က နေ၀န်းထွက်သည့် ပမာပ ၉၆၉ ခေတ်ရောက်မှာ မလွဲပေ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

( မှူးသစ် နှင့် မောင်မြတ်သူ တို့ ပူးပေါင်း၍ ကျီစယ်သည်)


၂၁ ရာစုလွန် မြန်မာနိုင်ငံဧ။် အကြီးမားဆုံးပြောင်းလဲလာမှုမှာ ဂိုဏ်းဂဏတွေ များပြားစွာ ကွဲပြားထွက်ပေါ်လာခြင်း ဂုဏ်းဂဏဟုဆိုသော်လည်း သိုင်းဝတ္တုတွေထဲကလို ဂိုဏ်းမျိုးတွေတော့မဟုတ် ။ ကွဲပြားထွက်ပေါ်လာတဲ့ ဂိုဏ်းတွေကဂဏန်းများဖြစ်သည်။ ၉၆၉ ဂိုဏ်း ၊ ၇၈၆ ဂိုဏ်း.. ၃၆၅ ဂိုဏ်း.. စသည့်ဖြင့် သုံးလုံးဂဏန်း ဂိုဏ်းတွေ အများအပြားပေါ်လာကြသည်။ ဂဏန်းတွေရဲ့ အနှစ်သာရ အဓိပါယ်ကတော့ မည်သို့ မည်ပုံရှိသည် မရှိ သန်ရာသန်ရာ ဆွဲပြီး အခုလို ဂိုဏ်းဖွဲ့လိုသူတွေက လိုရာဆွဲပြီး ဂိုဏ်းဖွဲ့လိုက်ခြင်းလည်းဖြစ်လေသည်။

တစ်ချို့ဆိုလျှင် အယူက ရဲရဲတောက်ပြင်းထန်သည်။ သူ့တို့ ဟစ်ကြွေးကြသည်များလည်း ရှိသေးသည်
အဲ့ဒါက တစ်ခြားမဟုတ်
"လောက မှာ လူနှစ်မျိုးပဲ ၉၆၉ မဟုတ်ရင် ၇၈၆ ပဲ "

ခေတ်က တစ်မျိုးတစ်ပုံပြောင်းသွားလေသည်


၃ လုံးဂဏန်းတွေက နေရာယူလာကြသည်။ ပြောရရင် သုံးလုံးက ပေါက်လာသည့် သဘော
ခန္ဒာကိုယ်တွေမှာတောင် သုံးလုံးဂဏန်း ပုံစံတွေ တက်တူးထိုးထားတာမျိုး မရှိလျှင်
ခေတ်မမီတော့တဲ့ အခြေအနေမျိုးထိ ဖြစ်လာသည်။ မျိုးချစ်စိတ်ကိုတိုင်းတာရာတွင် သုံးလုံဂဏန်းတွေက မရှိမဖြစ် ၊ဘာသာတရားကိုင်းရှိုင်းမှုဆိုလျှင်
လည်း သုံးလုံးဂဏန်းဖြင့်သာ တိုင်းတာ ကြတော့သည်။
တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံမိတ်ဆက်ကြလျှင်တောင် ဟိုအရင်ကလိုမဟုတ်တော့.




"ဟယ်လို ၉၆၉ လား"
"ဟုတ်ပါတယ် "
"ဒါဆို စကားဝှက်ပြော"
"ခဲမိုးတွေ စုမိပြီ မြန်မာဘင်လာဒင်ကို ဦးညွှန့်ကြ "
..............................
.....................
"ဟယ်လို ၉၆၉ လား"
"မဟုတ်ဘူး ၃၆၅ ပါ"
"ဒါဆိုရင် ၉၆၉ လေး စမ်းသုံးကြည့်ပါလား တစ်ခုခု ထူးလာလိမ့်မယ် "

တစ်နေ့
မြို့လယ်ကောင်တစ်နေရာတွင် လူတစ်ယောက် နဲ့ သေနတ်တစ်လက် ခန့်ခန့်ကြီး ရောက်နေသည်ကို တွေ့ရသည်။
လက်မောင်းမှာ 969 တက်တူး ထိုးထားသူ တစ်ဦးက ပိုင်ပြီ ဆိုသည့် ပုံစံဖြင့် သေနတ်ကိုင်ထားသော လူအနားကို အသာလေး ကပ်သွားလိုက်သည်။ အနားရောက်တော့မှ
"ဒီမယ် ခင်များလည်း ၉၆၉ ပဲ မဟုတ်လား "
ထိုလူက သူ့ကို အသေချာပြန်ပြီး စိုက်ကြည့်လိုက်သည်။ ပြီးတော့မှ သေနတ်ကို မေးစေ့ဖြင့်အသာအယာပွတ်နေရင်း
"နိုး... အိုင်အမ် 007 . မိုင်နိမ်းအစ် ဘွန်း ဂျိမ်း... ဘွန်းး စ် အိုကေ"
၉၆၉ တက်တူးသမား လွန်စွာ အံ့အားသင့်သွားသည် ။ ခင်ဗျား နံဘတ်ကို ၉၆၉ ပြောင်းပါလားဟု ပြောသော်ငြား ဂျိမ်စ်းဘွန်းက မေးစေ့ အပွတ်မပျက် ဒူးအနှံ့မပျက် ။၉၆၉ သည် ဂျိမ်စ်းဘွန်းကိုတော့ မလွှမ်းမိုးနိုင်ပေ။ သို့သော်ငြား အခြားသော နေရာများတွင် ၉၆၉ ဧ။် ပြုပြင်ပြောင်းလဲနိုင်စွမ်းများကို အံ့အားသင့်ဖွယ် မြင်တွေ့ရသည်။
၉၆၉ရဲ့ ပေါက်ချက်က စီးပွားရေး ပိုင်း မှာလည်း အံ့မခန်းပေ။ ၉၆၉ ကုန်ဆုံဆိုင်တွေကနေ ၉၆၉ စူပါ မားကတ်ကြီးတွေ အထိဖြစ်လာသည် ။ အများသုံး အိမ်သာတွေမှာ ဘာသာခြား လူမျိုးခြား တွေနှင့် အတူ အိမ်သာမတက်ချင်ဟု ဆိုကာ ၉၆၉ အိမ်သာတွေ ဆောက်လုပ်ကြသည် ။ ၉၆၉ အရက်ဖြူဆိုင်များမှာလည်း လူတွေ ကျိတ်ကျိတ်တိုးလျက် စည်ကားကြသည် ။

လူမျိုးခြားတွေသုံးသော ပစ္စည်းမှန်သမျှကို ၉၆၉ မှန်သမျှ ဆန့်ကျင်ကြတော့သည် ။ သာဇီ စိတ်ဓါတ်ကြီးများ ထွန်းကားလာသည် နှင့်အမျှ နည်းပညာပိုင်းကိုပါ သာဇီ စိတ်ဓါတ် အရင်းခံပြီး ကြိုးစားလာကြသည် ။ လူမျိုးခြားများ အသုံးများသော ဖွဘုတ်လို နေရာမျိုးမှာ အသစ်ထပ်ထွက်လာသော ကိုးခြောက်ဖွ ဆိုသည့် ဆိုရှယ်ဝဘ်တစ်ခုကို တင်သွင်းလာသည် ။ သို့ပေမင့် အရက်သမား နှင့် လူရမ်းကားများသာ များသော ကိုးခြောက်ဖွဝဘ်ကို တော်ရုံ မိန်းကလေး မသုံးနိုင်သေးပေ။

အစားအသောက်ပိုင်း ဆိုင်ရာ ကိုးခြောက်ကိုးများသည် တမူပို၍ ထူးခြားပေဧ။်။ ဆိတ်သားကီးမား ဆိုသော ကုလားပြည်ဖြစ် ကို ဆန့်ကျင်သော အားဖြင့် ပြည်တွင်းဖြစ် ဆိတ်သားကီးခြောက်ကိုး ဟု ပြောင်းလဲ ခေါ်ဆိုခြင်း ၊ ကုလားဖြူဖြစ် ကော်ဖီဟူသော အမည်ကိုလည်း ကော်ခြောက်ဖီ ဟု တစ်လုံးတိုးခေါ်ခြင်း နှင့် ကိုး ဖြစ်စေ ခြောက်ဖြစ်စေ ကို အစားထိုးလျက် ပြည်တွင်းဖြစ် မိတ်အင် ကိုးခြောက်ကိုး လုပ်ကြလေသည်။ အဓိပ္မါယ်မရှိဘူးဟု ငြင်းခုံကြသော လက်ဘရယ်ယောင်ယောင်များကို လက်ဘက်ခြောက် သောက်ဖူးသလား လက်ဘက်ခြောက်ဆိုတဲ့ ပြည်တွင်းဖြစ် အစစ်ကြီးမှာ နဂိုထဲက ခြောက်ပါတယ် မဟုတ်ဘူး လားဆိုသော သမိုင်းပါမောက္ခဒေါက်တာ အေးခြောက် ဧ။် စကားဖြင့် ကိုင်ပေါက်ကြလေရာ ကော်ဖီခြောက် ၊ ဆိတ်သားကီးခြောက်ကိုး အစရှိသည်တို့ဧ။် သမိုင်းစာမျက်နှာများမှာ တလွင့်လွင့်သာ ဖြစ်လျက် ရှိပေဧ။်

ကဗျာတွေကိုလည်း ကိုးခြောက်ကိုး ဖြင့် ပြန်လည် ဆန်းသစ်လာသည်။ ကဗျာဆရာ မောင်ချောနွယ်ဧ။် ကိုက်လမ်း ကို ၉၆၉ သမား များက ဆန်းသစ်ကာ ကိုးခြောက်လမ်း ဟု ပြောင်းလဲ ခေါ်ဆိုခြင်း နှင့် ကဗျာဆရာ အောင်ချိမ့်ဧ။် ဂန္ဓ၀င်မမ ကို ဂန္ဓ၀င်၉၆၉ ဆိုပြီး ပြောင်းလဲခြင်းမှာတော့ ပြဿနာ တက်လာကြသည်။ အကျော်ဒေးယျ ကဗျာဆရာတွေရဲ့ ဒီလို ဂန္ဓ၀င်လက်ရာတွေကို ကိုးခြောက်ကိုး မလုပ်သင့်/လုပ်သင့် ပြဿနာကို ကိုးခြောက်ကိုးကဗျာဆရာများ အချင်းချင်း ကြားတွင် ညှိနှိုင်း၍ မရသေးပေ။

မင်္ဂလာဆိုသော စကားနေရာတွေ မင်္ဂလာရှိသည် ဆိုသော ၉၆၉ ဂဏန်းကို အစားထိုးလာသည် ။
ဥပမာ မောင်ဖြူ + မနီ တို့ဧ။် မင်္ဂလာ ဧည့်ခံပွဲ အစား မောင်ဖြူ + မနီ တို့ဧ။် ၉၆၉ ဟုပြောင်းလဲ ခေါ်ဆိုကြခြင်း ၊
ဒဿမတန်း ၊အတွဲတစ် ၊အခန်း C နေ မခင်မာလာနိုင်ဦး ဧ။် ဖခင်ဦးမင်္ဂလာ ဧ။် အမည်ကို ဦး ၉၆၉ ဟုပြောင်းလဲ ခေါ်ဆိုပါရန် ကဲ့သို့သော ကြေညာများသည်လည်း များပြားလှစွာသော ပုဂ္ဂလိက သတင်းစာများမှာ နေ့စဉ်ပါဝင်လျက်ရှိသည်။

၉၆၉ ဒေးလီး ၊ ဘိုင်၉၆၉၀ီးကလီး ၊ ဆဲဗင်း ၉၆၉ နယူး စသော သတင်းစာများမှာလည်း နေ့စဉ်ကိုးခြောက်ကိုးအမာခံ သတင်းစာများ ဖြစ်လာခဲ့ကြသည်။

အဆိုတော် ဆရာဝန်မလေး ဖြူဖြူခြောက်ကိုး ဧ။် “ဒို့ကတော့ ဘယ်ပစ္စည်းမဆို ဆီလ်း တို့ ပါကင်တို့ ပါမှ ကြိုက်တာ ၊ဆီလ်း တို့ ပါကင်တို့ မပါရင် ဘာမှ စိတ်မချရဘူးလေ ၊ ဒီ ကိုးခြောက်ကိုး ဆို ပါကင်ဖွင့်ပီးရင်တောင် ဆီလ်း တစ်ထပ်ခံထားသေးတော့ စိတ်ချရတာပေါ့” ဟူသော သွားတိုက်ဆေးကြေညာမှာ ဗမာ တွင်သာ မက ကမ္ဘာနဲ့ချီ၍ပါ ပေါက်သွားခဲ့ချေသည်။

နိုင်ငံရေး ပါတီများတွင်လည်း ၉၆၉ ပါသော ပါတီများမှာ ပို၍ အောင်မြင်လာသည် ၊
မတူကွဲပြားခြင်း နှင့် ကိုးခြောက်ကိုး ပါတီ ၊ အမျိုးသား ကိုးခြောက်ကိုး အဖွဲ့ချုပ် ၊ ပြည်ထောင်စု ကြံခိုင်ရေး နှင့် ကိုးခြောက်ကိုး ပါတီ တို့မှာ အမတ်အင်အား အများဆုံး နှင့် ကိုးခြောက်ကိုးအရေးကို အစွမ်းဆောင်နိုင်ဆုံး ပါတီတို့ ဖြစ်လာကြသည်။

ဗမာ နိုင်ငံ သို့ တစ်ခေါက်အလည်လာဖူးသော အမေရိကန်သမ္မတ အိုဘားမားဧ။် မင်္ဂလာဘာမြန်မာ ဆိုသော မိတ်ဆက်စကားကိုပင် ကိုးခြောက်ကိုးဘာမြန်မာဟုသာ ပြောဆိုခဲ့ကြောင်း  မြန်မာ့သမိုင်းလေ့လာဆန်းစစ်ရေးနှင့် အမှန်ပြုစုရေးက ပြောင်းလဲ သတ်မှတ်လိုက်သည်။

နောက်ဆုံးတွင် လူထု ဆန္ဒထုတ်ဖေါ်ပွဲ များတွင်
၉၆၉အရေး တို့အရေး
ပြည်တွင်းပြည်ပ လစ်ဘရယ်ကောင်များအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ
ဆိုသော စကားများသာ ထွန်းကားလာခဲ့သည်။

ဝါနီစိမ်းသုံးရောင်စပ် နှင့် ကြယ်ဖြူ တစ်ပွင့် ရှိသော အလံတော်နေရာတွင် ကိုးခြောက်ကိုးဧ။် အရင်းဘူတ အိန္ဒိယအလံမှ အာသောက တံဆိပ်ကြီး မိန့်မိန့်ကြီး ၀င်လာသည် ။ အဆိုပါ ဖြစ်ရပ်ကို  လက်မခံနိုင်သော ကဗျာရေးသူ စာရေးသူ အုပ်စုမှာလည်း
ကျွတ်ကျွတ်ညံ ဆူလာကြသည် ။ မားဆိုး ၊ မူးရစ် ၊ မောင်မြတ်သူ ၊တည်တံ့၊ ဒေါင်းခေတ် အစရှိသော ပုဂ္ဂိုလ်များမှာ ဖွဘုတ်မှာ တစ်မျိုး ၊ အပြင်လောကမှာပါ မကျန် ကိုးခြောက်ကိုးသမားများ အနေဖြင့် သူများအလံမခိုးရေး( အိန္ဒိယအလံကို ဆိုလိုသည်) ၊ အထင်ကရ ဂန္ဓ၀င်ကဗျာများ စာပေများကို ၉၆၉ တံဆိပ်မကပ်ရေးတို့ကို အထူးတလည် တိုက်ပွဲဝင်ကုန်ကြသည်။
ရေများရေနိုင် မီးများမီးနိုင်ဆိုသည့်အတိုင်း နဂိုထဲကမှ အရက်သောက်များပြီး ကိုယ်ခံအားမကောင်းကြသော မားဆိုးတို့ အဖွဲ့ အနေဖြင့် ကြာကြာ တိုက်ပွဲမ၀င်နိုင်ကြပဲ မဟုတ်တမ်းတရားဝါဒ ဖြန့်မှု နှင့် ခုံရုံးတင် တရားစွဲ ခံရတော့သည်။

တရားသူကြီးမှာ  ကိုးခြောက်ကိုး ရင်ထိုးကြီး ထိုးပြီး ခုံရုံးပေါ်တက်လာကတည်းက မားဆိုးတို့ တရားစွဲခံ တစ်အုပ်က သူရို့နာပြီဆိုတာ ကောင်းကောင်း သဘောပေါက်လိုက်ကြသည် ။ တရားသူကြီးက သိပ်တောင်မစစ်လိုက်ပါ သမိုင်းစဉ်ဆက် ခိုင်မာလာသည့် တရားစီရင်ရေး မဏ္ဍိုင်အတိုင်း သေဒဏ် ဆိုပီး ချပစ်လိုက်သည် ။
တရားရုံးကြီး ရုတ်တရက် တိတ်ဆိတ်သွားရှာသည်။
အသက်အငယ်ဆုံးနှင့် ရုပ်အချောဆုံးဖြစ်သည့် မောင်မြတ်သူလေးဧ။် မျက်ဝန်းမှာ မျက်ရည်လေးများ တွဲလွဲခိုလာသည် ။ စိတ်ခိုင်လှပါသည် ဆိုသော မူးရစ် ဧ။် သွင်ပြင်သဏ္ဍန်သည်ပင် စိတ်လှုပ်ရှားလွန်းခြင်းကို ထိန်းမရ ၊ ခြေတွေ လက်တွေ တုန်လာသည် “ ကောက်ညှင်းဆိုင်လေးကို ထားခဲ့ရပြီပေါ့ ” ဆိုသည့် စကားကိုလည်း အကြိမ်ကြိမ်ပြောနေလေသည် ။
မောင်မြတ်သူ ဘုကြည့်လှည့်ကြည့်လိုက်သည် သူ့အနေနှင့် စိတ်ထိခိုက်ရသည်မှာ သူဧ။် ချစ်လှစွာသော ယုသဒါတင်လေးကို ထားခဲ့ရလို့ ဖြစ်ပေမယ့် မူးရစ်ဧ။် ကောက်ညှင်းလွမ်းချင်းက မောင်မြတ်သူဧ။် လွမ်းချင်းကို ထိခိုက်စေသည် မဟုတ်တုံ့လော။

သေဒဏ်ချမှတ်ခံရပြီးနောက် ၉၆၉ ကို တန်ပြန်သော အဖွဲ့အတွင်းမှာ စိတ်ဝမ်းကွဲမှု သိသိ သာသာ ပေါ်လာသည် ။
လူငါးယောက် မျှသာ ရှိသော အဖွဲ့သည် နှစ်ပိုင်းကွဲသွားသည် ။ တစ်ဖွဲ့က သေဒဏ် ချခံရရင် ခံရပါစေ အယူခံ မ၀င်ဖူးဟူသော ရဲရဲတောက်အဖွဲ့ ၊ တစ်ဖွဲ့က မလိုလားအပ်ပဲ အသက်မစွန့်သင့် ဟူသော အဖွဲ့ စသည်ဖြင့် နှစ်ဖွဲ့ ဖြစ်သွားရှာလေသည် ။
မားဆိုး ၊ ဒေါင်းခေတ် ၊ မူးရစ် ဆိုသော အဖွဲ့က ရဲရဲသောက်ပီး ရဲရဲ သေပလိုက်မယ် ။ ဘ၀မှာ ယုံကြည်ချက်အတွက် အသက်စွန့်ရဲရမယ် ဟု ကြွေးကြော်နေသလောက် ။ တည်တံ့နှင့်မောင်မြတ်သူ တို့မှာ ချစ်ရပါသော မိုးယစံလေးနှင့် ယုသဒါတင်လေး တို့ကို မခွဲနိုင် အဖေါ်ကောင်းလို့ ကျွဲကျောင်းလိုက်မိတာ နံ့ပြားနဲ့ပဲပြုတ် အလွတ်မခံနိုင်ဟု ပြောကြသည်။
သစ်ရွက်လှုပ်တိုင်း နို့ဆိုချင်သည် ဆိုသော အသက်အရွယ်ကို ရောက်နေသူများ ဖြစ်သဖြင့် သူတို့ အသေမခံနိုင်ပဲ အချစ်ပဲ ခံနိုင်တယ်ဆိုသည့် ခံစားချက်သည်လည်း မမှားချေ။ နှစ်ဖွဲ့ကြားမှ အကွဲအပြဲက သိသိသာသာပင် အက်ကြောင်းထင်လာသည် ။
ပြင်ပမှာ ကျန်ခဲ့သော သူရို့ဧ။် မိတ်ဆွေများမှာလည်း သေခါနီးလူတစ်စုဧ။် ထင်ရောင်ထင်မှား အကွဲအပြဲကြောင့် ဘယ်လိုမှကြားထွက် မနေနိုင်တော့ ။အတင်းပင် ၀င်ရောက် စေ့စပ်ရတော့သည် .။ သေမည်ဆိုသော သူများကိုလည်း အရက်ဖြင့် ဖျားယောင်း၍ အယူခံဝင်ရန် ဖြောင်းဖြရတော့သည် ။မသေရင် အရက်ပိုသောက်ရမှာ မဟုတ်လား ဆိုသည့် စကားကို အကြိမ်ကြိမ်ပြောပီး ကောက်ညှင်းတွေကို ကြိုးတိုက်ထဲ သွင်းပေးရတော့သည်။ ကြိုးတိုက်ထဲအရက်သွင်းသည်မှာလည်း တော်တော်ပင် ခက်ခဲသည် ဘိုဟန်ဆိုသည့် နဖူးပြောင်ပြောင်နှင့် ၀ါဒါတစ်ဦး ရှိနေ၍သာ အရက်သွင်း၍ မားဆိုးတို့ကို ချော့လို့ရခြင်း ဖြစ်သည် ။ ဘိုဟန် ဆိုသောသူမှာ ၉၆၉လည်းမသိ ၊ အမျိုး၊ဘာသာ၊သာသနာ လည်းမသိ သူ့ဘာသာ မူးရရင်ပဲ ကျေနပ်နေသူ ဖြစ်သည် ။ အကျဉ်းသားများကို ကောက်ညှင်းတစ်လုံးဆိုရင် ဘိုဟန် ဆိုသော ၀ါဒါ ကို တစ်လုံးပေးလိုက်ရုံနှင့် ပြတ်ပီ ၊ စိတ်လိုလက်ရရှိသော အခါများတွင် မားဆိုးသည်ပင် ဆေးခြောက်လေး ဘာလေးသွင်းပြီး ပွတ်ချွန်းနဲ့ ဖွာနေရသည်ဖြစ်ရာ အယူခံဝင်ရေးကို မားဆိုးတို့အဖွဲ့မှ စိတ်ပါလာကြလေသည်။

ထိုသို့ဖြင့် အယူခံဝင်ရေး မှာ အဆင်ပြေသွားသည်။ နိုင်ငံတော် သမ္မတကြီးထံသို့ လိပ်မူပြီး ကဗျာပိုင်းဆိုင်ရာ နာမည်မပြောင်း ရေးကိုသာ ရည်ရွယ်ခဲ့ကြောင်း ၊ ဂဏန်းသုံးလုံးကို စော်ကားလိုခြင်း မဟုတ်ကြောင်း ၊ လက်ရှိ သေဒဏ်ကျခံ နေရသော အဖွဲ့ထဲတွင် သမ္မတကြီးကဲ့သို့ နဖူးပြောင်သော မူးရစ်ကြီးလည်း ရှိနေသဖြင့် ပြောင်တာချင်း တူသဖြင့် သေဒဏ်မှ ခွင့်လွှတ်ပေးစေ လိုကြောင်းကို စာအရေးအသား ကောင်းသော မားဆိုးက ချွဲချွဲပြစ်ပြစ် ရေးသားခဲ့ရာ ။ သမ္မတကြီးဧ။် ထွက်နေသော ဒေါသများသည် ပြောင်နေသော နဖူးကဲ့သို့ ရှင်းလင်းသွားပြီး သေဒဏ်မှ လွတ်ငြိမ်းခွင့် ပေးခဲ့လေသည် ။ သို့ပေမင့် ပြစ်ဒဏ်မှလွှတ်ပေးခြင်းတော့ မဟုတ် ၉၆၉ ကို စော်ကားမှုနှင့် ဒီကမ္ဘာမှ အလင်းနှစ် သန်းပေါင်း  ၉၆၉၀၀ (ကဗျာဆရာ အလင်းနှစ်မဟုတ်)  ဝေးရာ ပလတ်ကျွတ် ဟူသော ဂြိုဟ် သို့ သွား၍ နေထိုင်ရမည်ဟု ပြောင်းလဲ သတ်မှတ်ပေးခြင်းသာ ဖြစ်သည်။

၉၆၉ တန်ပြန်ရေးအဖွဲ့သည်လည်း သေဒဏ်မှလွတ်သည့်အတွက် ပျော်ရွှင်လျက်ရှိကြသည် ။ မောင်မြတ်သူ ဆိုလျှင် ထောင်ထဲမှာ သူရေးထားသော ချစ်ခြင်းနှင့်ယု ဆိုသော ကဗျာရှည်ကို သူ့ လက်ရင်းတပည့်လေး မင်းခိုင်မြဲကို ပလတ်ကျွတ် ဂြိုဟ် မသွားမှီ  ဘုတ်အုတ်ထုတ်ခိုင်းလေသည် ။ မူးရစ် သည်လည်း ကောက်ညှင်းဧ။် သူဧ။် ဒဿနများဆိုသည့် ဘုတ်အုတ်ကို ပလတ်ကျွတ် မသွားမှီ ထုတ်ဖို့အတွက် စိုင်းပြင်နေလေသည် ။ နည်လှည့်အသောက်သမား ဆိုသည့် မားဧ။် အထုပတ္တိ ကိုလည်း မူးရစ် ဧ။် ဘုတ်အုတ် နှင့် အပြိုင်ထုတ်မည်ဟု ကြေညာလေသည် ။ သေကံမရောက်သက်မပျောက် အသောက်မပျက်ဖြစ်ကြသည့် သူများဖြစ်သည့် အလျောက် သူရို့ဧ။် ဘုတ်အုတ်များသည်လည်း အောင်မြင်မည်ဟု သူရို့ မျှော်လင့်နေကြဧ။်။

သို့ပေမင့်ငြား ၉၆၉ များအနေဖြင့် တန်ပြန်ရေးဆိုသော မားဆိုးနှင့်အဖွဲ့ကို မကျေမချမ်း ဖြစ်သည့်အလျောက် ပလတ်ကျွတ်ဂြိုဟ်
ကိုအမြန် ပို့ကြလေသည်။
တည်တံ့နှင့်မောင်မြတ်သူ တို့ဧ။် မဟေသီများ ဖြစ်သော မိုးယစံနှင့် ယုသဒါတင် လေးတို့လည်း နောက်ထွက်လာမည့် ဂြိုဟ်စီးယဉ်နှင့် ပလက်ကျွတ်သို့ အမြန်လိုက်လာမည်ဟု ပြောကြသည်။ မားဆိုး၊မူးရစ်နှင့်ဒေါင်းခေတ် တို့မှာမူ တစ်နှစ်စာ ကောက်ညှင်းများ ပါလာသဖြင့် မည်သို့မျှပင် ကမ္ဘာမြေကို မလွမ်းကြ။
ပျော်ပျော်ပါးပါး နှင့်ပင် ထွက်လာကြသည် ။ ကောက်ညှင်းများ ကုန်သွားလျင်ပင် ကောက်ညှင်းချက်နည်း ဆယ့်ရှစ်နည်း ဆိုသော စာအုပ်ကို ဒေါင်းခေတ်မှ ပလတ်ကျွတ်ဂြိုဟ်သို့ မထွက်ခွာမှီ အမျိုးများအား နှုတ်ဆက်ခွင့်ပေးလိုက်သော အချိန်တွင် ပန်းဆိုးတန်း ၉၆၉စာအုပ်အဟောင်းရောင်းဆိုင်မှ မလာသဖြင့် ဘာမှ စိတ်မပူ ။ ပလတ်ကျွတ် ဂြိုဟ်မှာ ကမ္ဘာမြေနှင့် အလုံးစုံ တူသည် အရက်သမားများ နှင့် လစ်ဘရယ်များ ၊ကဗျာဆရာများ ၊စာရေးဆရာများသာ နေထိုင်ကြသဖြင့် အနည်းငယ် ခေါင်သော်လည်း အရက်ချက်ရန် ကုန်ကြမ်းရသဖြင့် အဆင်ပြေနေလေသည် ။

ပလက်ကျွတ် ဂြိုဟ်သို့ မားဆိုး တို့ဧ။် အမြန်စီးဂြိုဟ်သွားယဉ်ကြီး ဆိုက်ရောက်လာသည် ။ သတင်းကြိုတင် ရထားသော မိုးသစ်လေပြည်၊ဟိဏ်းဝေ အစ ရှိသော ကဗျာဆရာအရက်သမား လေးများ လာရောက် ကြိုနေကြသည် ။
ကောက်ညှင်း အသက်ရှည်ပါစေ ၉၆၉ ကျဆုံးပါစေ ဟုလည်း အော်ကြသည်။
ပါးစပ်မှ လိုက်အော်ရင်း နှင့် မူးရစ်မှာ မူးမူးဖြင့် ကောက်ညှင်းပုလင်းကို ထုတ်လိုက်သည် ။
“၉၆၉ သမိုင်း လမ်းဆုံ ကောက်ညှင်း“ ဟူသော ပုလင်းကြီးသည် ငွားငွားစွင့်စွင့် ထွက်လာလေသည်။


ဤတွင် “အရှေ့က နေ၀န်းထွက်သည့် ပမာပ ၉၆၉ ခေတ်ရောက်မှာ မလွဲပေ” သည်းထိတ်ရင်ဖို့ ၊ ကိုရီးယားအချစ်ကြမ်း ၊ ဇာတိပုညဂုဏ်မာန ၀တ္ထုတော်ကြီး ပြီးလေဧ။်



No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...