Tuesday, July 2, 2013

"အိတ် ဖွင့် ပေး စာ ထွက် ပေါ် ခဲ့ ပြီး နောက် "



=======================

ဦးဇင်း နုရွသူ တစ်ယောက် ကမ္ဘာကျော် မဂ္ဂဇင်း ကြီး ဧ။် ဆောင်းပါးရှင်မကလေး အား အိတ် ဖွင့် ပေးစာ ပေး ပို့ ရေးသား ပြီး နောက် တွင် မြန်မာ့ ရသ စာပေ လောက တစ်ခု လုံး အုန်းအုန်းကျက်ကျက် ဖြစ်သွားတော့သည်။

အနုအရွ စာရေးဆရာ/ဆရာမ ကြီး ငယ် တို့မှာ ဦးဇင်း နုရွသူထံ အပြေးအလွှား သွားရောက်၍ လျှောက်ထားကြတော့သည်။

နာမည်ကျော် အချစ်တက်ကျမ်း ဆရာမလေးများ ဖြစ်ကြသော ပေါထားထား(ဗိန္ဒောတက္ကသိုလ်) တို့ ဆုမြတ်ချွန်ချွန် တို့မှာ ဦးဇင်း နုရွသူ ထံ အပြေးအလွှား သွားရောက်၍

"ကျေးဇူးပြု ပြီးတော့ အရှင်ဘုရား လူမထွက်ပါနဲ့ဘုရား၊ အရှင်ဘုရားသား လူထွက်ပြီး စာရေးဆရာ လုပ်ပါက နုပါပေ့ ဆိုတဲ့ တပည့်တော်မ တို့ စာအုပ်တွေ ငုတ်တုတ်မေ့သွားမှာ၊ တပည့်တော်မ တို့မှာ ဒီစာအုပ်ကလေးတွေ ရေးပြီး ရှော့ပင်တွေထွက်နေရတာပါ ဘုရား။ တစ်သက်လုံး ပစ္စည်းလေးပါး ဒကာမ လုပ်ပါ့မယ် ဘုရား၊ လူထွက်ပြီးတော့သာ စာရေးဆရာမလုပ်ပါနဲ့" ဟု အလောတကြီး လျှောက်ထားကြကုန်သည်။

ပေါတန့်ချို့ ၊ နိုင်းနိုင်းဂြိုလ်မွှေ တို့လို အွန်လိုင်း စလက်ဗျစ်တီတွေကလည်း အပြေးအလွှားလျှောက်ထားကြသည်။

"အရှင်ဘုရား လူမထွက်ပါနဲ့ဘုရား အရှင်ဘုရားလူထွက်ပြီး အွန်လိုင်း စာရေးဆရာ လုပ်လာရင် တပည့်တော်တို့ ဘ၀က မတွေးရဲစရာ ဖြစ်ပါပြီ ဘုရား ၊ LIKE တွေ Share တွေအား လုံးကို အရှင်ဘုရားပဲ သိမ်းပိုက်သွားရင် တပည့်တော်တို့ ဘယ်ချောင်ကပ်နေရပါ့မလဲ" ဟု ဦးဇင်း နုရွသူ လူမထွက်ရေး အသည်းအသန် လျှောက်ထားကြလေသည်။

ဒီလို အခြေအနေမျိုးတွေ ဖြစ်လာတော့ စာအုပ်ထုတ်ဝေသူတွေက လည်း အငြိမ်မနေ ဒီလိုအခွင့်အရေးမျိုးက ရတောင့်ရခဲမဟုတ်ပါလား

"အရှင်ဘုရား အမြန်ဆုံး လူထွက်ပါဘုရား အရှင်ဘုရားရဲ့ အနုအရွ အရေးအသားတွေနဲ့ဆို သေချာပေါက် ပေါက်ပြီ ဘုရား တပည့်တော်တို့ တိုက်က အရှင်ဘုရားနဲ့ အုပ် သုံးသောင်းလောက် တစ်ခါတည်း စာချုပ် ချုပ်ပါမယ် "
မောင်ဖွန်(၀က် အကောင်နှစ်ဆယ်) နှင့် အခြားသော စာအုပ်ထုတ်ဝေရေးတိုက်တွေက အပြေးအလွှား လျှောက်ထားကြလေသည်။

ထိုသို့ အခြေအနေများ ကြုံကြိုက်လာသော အခါ ဦးဇင်း နုရွသူမှာ စဉ်းစားရတော့သည်မဟုတ်လား။ ဦးဇင်းက ဒီတိုင်း တော့ မစဉ်းစား နှမတော်လေး ဆောင်းပါးရှင် နှင့် တိုင်ပင်လိုက်ဦးမည်ဟု စလစ်ဗျစ်တီ စာရေးဆရာ/ဆရာမတွေ ထုတ်ဝေသူ အား တုံ့ ပြန် ပြောကြားလိုက်လေသည်။

မူးရစ်

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...