
အမှတ်ပေး ဇယား ထိပ်ဆုံးနေရာအတွက် ယှဉ်ပြိုင်မှုမှာ သည်းသည်းမဲမဲ ဖြစ်လာလေဧ။် အင်တိုက်အားတိုက် ယှဉ်ပြိုင်မှုများက ကြည့်ရူသူ ပရိတ်သတ်တွေကို ရင်သပ်ရူမော ဖြစ်စေသည်။
တကယ်တော့ ထိပ်ဆုံးနေရာအတွက် အဓိက ယှဉ်ပြိုင်နေရသော အသင်းမှာ အများကြီး မရှိလှ နှစ်သင်းသာ ရှိလေဧ။် ထိုနှစ်သင်းဧ။် ပြိုင်ဆိုင်မှုမှာ လွန်စွာ ပြင်းထန်သည်ဟု ဆိုနိုင်သည်။
ထိုအသင်းတွေကား တစ်ခြား အသင်းများမဟုတ် ဘာညာပြောင်ရှင်း အသင်းနှင့် ဒီမိုမယ်တင်အသင်းတို့ ဖြစ်လေသည်။ လတ်တလော အသာစီးယူထားသော အသင်းမှာ ဘာညာပြောင်ရှင်းအသင်းဖြစ်သည
နှစ်ပေါင်းနှစ်ဆယ်လောက် ကွာဟ နေသော ရမှတ် ကွာဟချက်အား လက်ကျန်နှစ်နှစ်အတွင်း ကျော်ဖြတ်ရန် ဘာညာပြောင်ရှင်း အသင်းက ကြုံးဝါးထားပုံရသည်။ အမှန်လည်း အမှီလိုက်နိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်။ ဘာပဲပြောပြော ဘာညာပြောင်ရှင်းအသင်းက လက်ကျန် သက်တမ်း ၂ နှစ်နား ကပ်လာလေလေ ရမှတ်တွေတိုးလာလေလေ ဖြစ်သည်။
ဘာညာပြောင်ရှင်း အသင်း က အမှတ်တိုးလာချိန်တွင် ဒီမိုမယ်တင် အသင်းကတော့ ရမှတ်များ ဆုံးရှုံးမှုကို ကြုံတွေ့ နေရရှာသည်။ လူကျွံထောက်ခြောက် ခဏခဏ မိနေသည် သာမက ပင်နာတီပါ အကြိမ်ကြိမ် ပေးနေရခြင်းက အထိ နာလွန်းလေသည်။
ထိုသို့သဖြင့် နှစ်ပေါင်း နှစ်ဆယ်ကျော် ကွာဟခဲ့သော အမှတ်စာရင်းမှာ နီးကပ်သရောင် ရှိလာတော့သည်။
ရှိလာသည်ကိုလည်းမပြောနှင့် ဘာညာပြောင်ရှင်း အသင်းမှာက ကစားသမားကောင်းတွေ အလွန်အများပိုင်ဆိုင်ထားသည်
ထိုတင်မက ဘာညာပြောင်ရှင်း အသင်းဧ။် အလယ်တန်းကစားသမားများက လည်း ဟိုမဒီမ တရုံး ရုံး ဖြင့် အရောက်ပို့တက်သူများ ဖြစ်ကြသည်။
နောက်တန်းကစားသမား ရဲရှုပ် ဆိုလျှင် တံတိုင်းသဖွယ် မျက်နာပြောင်တိုက် ကာကွယ်တတ်သူ ဖြစ်လေဧ။်
တစ်ဖက် အသင်းက စွမ်းဆောင်ရည်မြှင့်လာသည့် အချိန်တွင် ဒီမိုမယ်တင် အသင်းမှာ အထက်က ဆိုခဲ့သလို ပင်နာတီ အပေးခံရလိုက် လူကျွံထောက်ချောက် မိလိုက်ဖြင့် ပတ်လည် ရိုက်နေသည်။ ဒီကြားထဲ ဒီမိုမယ်တင် အသင်းမန်နေဂျာက လူ့အခွင့်အရေး ဖဲရားပလေး ဟု လုပ်နေချိန်တွင် ဘာညာပြောင်ရှင်း အသင်းက ဘာမပြောညာမပြော ဘောလုံးကောက်ယူပြီး ဂိုးရှုးပစ်တာ ခံရသည်မှာ လည်း ခဏခဏ၊ အဓိက တိုက်စစ်မှူး များမှာလည်း ဂိုးပေါက်ပျောက်နေပြီး ၊ဂိုးသွင်းခါနီးတိုင်း လူကျွံဘောဖမ်းတာ ခံနေရရှာသည်။
ထိုသို့ဖြင့် နှစ်သင်းကြား အမှတ်ကွာဟ မှု ကျဉ်းသထက် ကျဉ်းလာတော့သည်။
ဘာပဲပြောပြော ဘာညာပြောင်ရှင်း အသင်းက နှစ်ပေါင်းနှစ်ဆယ်ကျော်ကွာဟ
ကဲ ဘယ်လောက် ပါးနပ်တဲ့ နည်းပြဆရာလဲလို့..
မည်သို့ပင်ဆိုစေကာမှု နှစ်ပေါင်းနှစ်ဆယ်လောက် ကွာဟနေသော အမှတ်စာရင်းအရတော့ အနည်းငယ် ကွာခြားနေဆဲ ဖြစ်သည်။ သို့ပေမယ့် ကိစ္စမရှိ ဘာညာပြောင်ရှင်း အသင်းက အသာစီးယူနိုင်တဲ့ အနေအထားတွေရှိနေသည်။ ဘာညာပြောင်ရှင်း အသင်းဧ။် အဓိက အားသာချက်တွင် မြှောက်ဘော ကျွမ်းကျင်မှုလည်း ပါသည်။ မြှောက်ဘော ကျွမ်းကျင်သူ တရုံးရုံး အလယ်တန်းကစားသမားတွေလည်း ရှိနေသည်မဟုတ်လား။ လူကြိုက်ဘော အထာကို နပ်သည့်နေရာတွင် ဘာညာပြောင်ရှင်းအသင်းက နှစ်ယောက်မရှိ အထူးသဖြင့် ပရိတ်သတ်နှင့် ဒိုင်လူကြီးများဧ။် အညှာကို ကိုင်တယ်ပုံကိုင်တွယ်နည်းက လက်ကျန်နှစ်များတွင် ပိုမို သွက်လက်လာသည်။
ဘာညာပြောင်ရှင်း အသင်းဧ။် အားသာ ချက် နောက်တစ်ခုလည်း ရှိသေးသည်။ အဲ့ဒီအရာက တစ်ခြားမဟုတ် အနီကဒ်ထိနိုင်သည့် ကစားသမားများမျိုးဆိုလျှင် ကြိုတင်၍ လူစားလဲ လိုက်ခြင်းဖြစ်သည်။ ဒီမိုမယ်တင် အသင်းကတော့ ဒီလိုမဟုတ် လူစားလဲ ဖို့နေရာတွင် နှောင့်နှေးလွန်းသည်။
ပွဲစဉ်ကတော့ မပြီးသေး အခြေအနေကတော့ စိတ်ဝင်းစားစောင့်ကြည့်ချင်
မည်သို့ပင်ဆိုစေ ဘာညာပြောင်ရှင်း အသင်းတွင် အလှည့်အပတ်ကောင်းသည့် တိုက်စစ်မှူး လူချသူ လို ကစားသမားတွေရှိသည်။ ကွင်းလယ်က အရောက်ပို့တက်သော ရဲရှုပ်လို ကစားသမားမျိုးတွေရှိသည်။ ဒါတင်မက မြှောက်ဘော ကျွမ်းကျင်သူတွေရှိသည်။ နည်းပြဆရာကလည်း ပါးနပ်သည်။ ဒီမိုမယ်တင် အသင်းလို လူကျွံဘောလည်း သိပ်မမိ၊ ပင်နာတီ အပေးခံရတာလည်း မရှိဆိုတော့ နှစ်နှစ်ဆယ် အမှတ်ကွာဟ မှုကို လိုက်မီနိုင်ချေ ရှိနေသည်။ ပရိတ်သတ်နဲ့ ဒိုင်လူကြီးတွေရဲ့ အညှာကို ကိုင်တွယ်နိုင်ကလည်း အရေးပါသည် မဟုတ်လား
ဒီမိုမယ်တင် အသင်းကတော့ လက်ကျန် ခုနှစ်တွေမှာ လူကျွံထောက်ခြောက်တွေ မမိဖို့ ၊ ပင်နာတီ ခဏခဏအပေးမခံရဖို့၊ အနီကဒ် မထိ ဖို့ သတိထား ကစားသွားရတော့မည်ဖြစ်သည်။
သေချာသည်က တော့ "ဘာညာပြောင်ရှင်း" အသင်းမှာ ဂိုးသွင်းကောင်းသူ တွေ ဂိုးသွင်းဖို့ နောက်က ပံ့ပိုးပေးနိုင်သူတွေ သိပ်များနေပြီ မဟုတ်ပါလား ..
မူးရစ်
No comments:
Post a Comment