မလုံခြုံသော နေ့ရက်များမှာ
တစ်ကိုယ်ရည် အကြောက်တရားနဲ့ နေထိုင်
အသက်ရှုရတာကိုပဲ ထိတ်လန့်နေတယ်
မင်းမသိဘူး
မင်းမသိဘူး
မင်းငါ့ကို မသိဘူး
ငါ့နာကျင်မှုကို မင်းမသိဘူး
ငါ့အကြောက်တရားကို မင်းမသိဘူး
ငါ့တကိုယ်ရည် လွမ်းဆွတ် မှုကို မင်းမသိဘူး
မင်းမသိတဲ့ ငါဟာ
အရာအားလုံးကို ကြောက်လန့်နေရသူပါ
မင်းငါ့ကို မေ့နေမှာ ငါကြောက်တယ်
ငါမဟုတ်တဲ့ တစ်ယောက်ယောက်နဲ့အတူတူ
မင်းရှိနေမှာ ငါကြောက်တယ်
ငါ .. မင်းကိုကြောက်တယ်
ငါ့ကိုယ်ငါ ကြောက်တယ်
နောက်တော့ မင်းအနားက ငါ့ရဲ့ သူစိမ်းတွေကို
ငါ ကြောက်တယ်
ငါ့အကြောက်တရားမှာ ဘယ်နတ်ဘုရားမှ
အားကိုးရာမရှိဘူး
ငါဟာ တကိုယ်ရည်မလုံခြုံမှုနဲ့
အခန်းကျဉ်းထဲမှာ တိတ်တဆိတ်ရူးသွပ်နေရသူပါ
တိတ်ဆိတ်ခြင်းကို ကြောက်လို့
သီချင်းတွေဖွင့်တော့
အဲ့ဒီ သီချင်းတွေက ငါ့ကိုယ်ပြန်ခြောက်လန့်နေတယ်
ငါကြောက်တယ်
အရာအားလုံးကို ငါကြောက်နေတယ်
မှူးသစ်
NOV, 10, 2018
5:20 PM
Subscribe to:
Post Comments (Atom)
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...
-
“ဒဏ္ဍာရီတွေ အစက ဒိုင်ယာရီ “ လို့ဆိုရမလား ၊ သမီး ရက်စွဲတွေ “တစ်ထေရာတည်း“ ခဲ့တာ ၊ ဒီစာရွက်လေးက ခေတ်ရဲ့ မြူမှုန်ပိုင်းတစ်ပိုင်း ... အဖေ က တ...
-
မဖြစ်နိုင်မှန်းသိနေလည်း ညီမလေးဖျှော်ပေးမယ့် ကော်ဖီတစ်ခွက်ကိုပဲ ဆာလောင် တောင့်တ... မဆုံနိုင်မှန်းသိနေတာတောင် ညတွေဆို ကော်ဖီတစ်ခွက်က...
-
ယုံကြည်ချက်ကြောင့် လမ်းပေါ်ရောက်သူများကော ယုံကြည်ချက်ကြောင့် လမ်းဘေးရောက်နေသူများပါ လူစုံတက်စုံပါဝင်လာတဲ့ ပြည်သူ ၀က်ဝက်ကွဲ ဆုတောင်းပ...
No comments:
Post a Comment