"ဒီဘဝနဲ့ ဒီကမ္ဘာ"


ဒီဘဝက ဘာလဲ။
ကိုယ့်​ကိုယ်​ကို ခဏခဏပြန်​​မေး​တော့။
ဘဝက ဘာမှမဟုတ်​​တော့ဘူး။
ဒီကမ္ဘာကြီးက စိတ်​ပျက်​တာ ခံ​နေရတဲ့
လူသားတစ်​​ယောက်​ပါပဲ။
ခပ်​ငယ်​ငယ်​ကတည်းက အ​ပြောခံခဲ့ရတဲ့
စကားတစ်​ခွန်းရှိတယ်​။
"ဗြမ္မာ့ဦးဂေါင်း"...။
ဘယ်​​နေရာထားထား အဆင်​မ​ပြေဘူး။
ဒါနဲ့များ ကမ္ဘာကြီးက ဘာလိုများ။
ကိုယ့်​ကို ထမ်းထား​နေ​သေးလဲ။
မှတ်​ပုံတင်​မှာ ဖြည့်​စရာ
ထင်​ရှားတဲ့ အမှတ်​အသားရှားတယ်​။
တစ်​သက်​လုံး အ​ရေးခံလိုက်​ရတဲ့
အမှတ်​အသားက
"အမှတ်​သည်း​ခြေမရှိတဲ့​ကောင်​"။
ဒါနဲ့များ ကမ္ဘာကြီးက
ဘာလို့များ ထမ်းထား​နေ​သေးလဲ
အများနဲ့ဆို​တော့
လူတစ်​​ယောက်​စာ ​အောက်​စီဂျင်​ဟာ
ဘာမှ မ​ပြောပ​လောက်​​တော့ဘူး။
ဒီလိုနဲ့ပဲ မထင်​မရှား စိတ်​ဒုက္ခ​တွေကို
ကမ္ဘာကြီးက ထမ်းထားရတယ်​လို့ ထင်​မှတ်​ရ။
*life is full of possibilites* -(Tyrion Lannister) ။
ဒီ​နေရာမှာ​တော့ Tyrion ကို
ပြတ်​ပြတ်​သားသား ငြင်းဆန်​ခဲ့တယ်​။


မှူးသစ်

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...