Thursday, November 8, 2018
ခေတ်ထဲက ထွက်ပြေးချင်သူတစ်ယောက်အကြောင်း
တစ်ယောက်က ပျော်ရွှင်မှုကို ရွေးချယ်တဲ့အခါ
တစ်ယောက်က နာကျင်မှုကို ရတယ်
တစ်ယောက်က လွတ်လပ်မှုကို ရွေးချယ်တဲ့အခါ
တစ်ယောက်က အခန်းကျဉ်းထဲမှာ ပိတ်လှောင်သွားတယ်
တစ်ယောက်က အသိုင်းအဝိုင်းတွေ ကျယ်ပြန့်လာတဲ့အခါ
တစ်ယောက်ရဲ့ ထောင့်စွန်းကလေးက ပိုပိုသေးလာခဲ့တယ်
ဒါဟာ ကမ္ဘာကြီးရဲ့ ဆက်သွယ်မှုများနဲ့ မသက်ဆိုင်သော
အချိတ်အဆက်များပေါ့
နေ့ရက်တွေအကြောင်းကို စဉ်းစားတဲ့အခါတိုင်း
ခေတ်ကြီးရဲ့ နည်းပညာတွေက သုံးစားလို့ကို မရတော့ဘူး
ဒဏ်ရာတွေကို ပြက္ခဒိန်မှာ ထည့်ရေးခွင့်မရှိဘူးဆိုတာက
ပြီးတော့လည်း ပြီးသွားတာပဲ မဟုတ်လား
ဒီလိုနဲ့ လူ့အဖြစ်ရဲ့ ဆင်ခြေတွေပြည့်နေတဲ့ အခန်းကျဉ်းတစ်ခုထဲ ပိတ်မိနေတယ်။
ဆိုကြပါစို့
လူတွေကို စိတ်ပျက်တယ်
လူ့အဖွဲ့အစည်းကို စိတ်ပျက်တယ်
ဒဏ်ရာတွေမှာ အဆိပ်တက်လာတဲ့အခါ
နာကျင်မှုကို ဆေးလို မှီဝဲကြည့်လိုက်မယ်
ထုံးတမ်းအစဉ်အလာနဲ့ ရှေးရိုးစွဲတွေကို
ဆန့်ကျင်နေသူတစ်ယောက်က
လူဖြစ်ခြင်းမှာ သေရာပါ ကျိမ်စာတွေရှိနေတတ်တယ်ဆိုတာ
ယုံကြည်နေသတဲ့
မရယ်ရတဲ့ဟာသတွေကို လူတွေရယ်နေကြသလို
မနာကျင်ရဘူးထင်ရတဲ့ ဒဏ်ရာတွေကလည်း နာကျင်နေရပြန်တာပဲ
အောင်မြင်ကျော်ကြားမှုတွေအလိုကျ
ပျော်ရွှင်ခြင်းတရားက ကခုန်နေလိမ့်မယ်
တောင်းဆိုစရာ ဘာများရှိဦးမှာလဲ
အဝေးကြည့်မျက်မှန်ကို ပိုကောင်းတဲ့
ပါဝါတိုးချင်မိရုံသက်သက်ကလွဲလို့
မှူးသစ်
8, Nov, 2018
Subscribe to:
Post Comments (Atom)
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...
-
“ဒဏ္ဍာရီတွေ အစက ဒိုင်ယာရီ “ လို့ဆိုရမလား ၊ သမီး ရက်စွဲတွေ “တစ်ထေရာတည်း“ ခဲ့တာ ၊ ဒီစာရွက်လေးက ခေတ်ရဲ့ မြူမှုန်ပိုင်းတစ်ပိုင်း ... အဖေ က တ...
-
မဖြစ်နိုင်မှန်းသိနေလည်း ညီမလေးဖျှော်ပေးမယ့် ကော်ဖီတစ်ခွက်ကိုပဲ ဆာလောင် တောင့်တ... မဆုံနိုင်မှန်းသိနေတာတောင် ညတွေဆို ကော်ဖီတစ်ခွက်က...
-
ယုံကြည်ချက်ကြောင့် လမ်းပေါ်ရောက်သူများကော ယုံကြည်ချက်ကြောင့် လမ်းဘေးရောက်နေသူများပါ လူစုံတက်စုံပါဝင်လာတဲ့ ပြည်သူ ၀က်ဝက်ကွဲ ဆုတောင်းပ...
No comments:
Post a Comment